စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ကိုယ်တိုင် ဝဘ်ဆိုဒ် အလွယ်တကူ လုပ်လို့ရတဲ့ ဝဘ်ဆိုဒ်





မိမိရဲ့ ကုမ္ဗဏီလုပ်ငန်းအတွက် Profile ဝဘ်ဆိုဒ်လုပ်ချင်တယ်ဆိုရင် www.strikingly.com ကိုညွန်းချင်ပါတယ်။ သူက One Page ဝဘ်ဆိုဒ် ဖြစ်ပြီး မိမိရဲ့ ကုမ္ဗဏီလုပ်ငန်းများ အကြောင်းကို ဝဘ်ဆိုဒ် တစ်မျက်နှာထဲမှာပဲ ဖော်ပြပေးမယ့် ဝဘ်ဆိုဒ် ဖြစ်ပါတယ်။

မိမိအနေနဲ့ Domain name ဝယ်လိုက်ပြီးပြီ ဆိုရင်လည်း ချိတ်လိုက်လို့ ရပါတယ်။ သူကတော့ one page website ဖြစ်တာကြောင့် ပြချင်တဲ့ အကြောင်းအရာ အားလုံးကို စာမျက်နှာ တစ်ခုတည်းမှပဲ ပြီးပြည့်စုံအောင် အကုန်လုံးကို ဖော်ပြ ပါတယ်။ အကယ်၍ မိမိအနေနဲ့ သတင်းအချက်အလက်များကို နေ့စဉ် အသစ်သစ်များ ပိုတင်နေရမယ့် ဝဘ်ဆိုဒ် ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကုမ္ဗဏီ လုပ်ငန်းကို ပြသတဲ့ Profile တစ်ခုအနေနဲ့ ဆိုရင်တော့ အဆင်ပြေ ပါတယ်။

အကယ်၍ Pro ဗားရှင်း သုံးမယ်ဆိုရင် ကုန်ကျစရိတ်က တစ်နှစ်စာ ဒေါ်လာ ၁၀၀ ဝန်းကျင် တန်နဲ့ ၂၀၀ ဝန်းကျင် တန်ဆိုပြီးတော့ နှစ်မျိုးခွဲထားပါတယ်။ မိမိ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများအတွက် ဝဘ်ဆိုဒ် စမ်းလုပ်ချင်တယ်ဆိုရင် လုပ်ကြည့်ပါ။ ဥပမာ အနေနဲ့ ဆိုရင် http://www.geekgirlsmyanmar.com/ ကိုလည်း Strikingly နဲ့ပဲ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
.
အောင်ခမ်း 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...