စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးနှောက်အကျိတ် ခွဲစိတ်ကုသနေစဉ် ဂီတာတီးနေခဲ့တဲ့ လူနာ အမျိုးသား

 http://www.searchmyanmar.com/files/click_img/m_20150608_151904_458098.jpg
ဘရာဇီးလ်နိုင်ငံသား Anthony Kullkamp Dias အသက် ၃၃နှစ်ဟာ ဦးနှောက်ခွဲစိတ်ကုသနေစဉ် အတောအတွင်း သူ နိုးနိုးကြားကြား ရှိနေရမယ်ဆိုတာ သိတော့ အဲဒီအခိုက်အတန့်ကို ကျော်ဖြတ်ဖို့ ကောင်းမွန်တဲ့ နည်းတစ်ခုကို သူတွေ့ရှိခဲ့ပါတယ်။ ဂီတတစ်လက် ကောက်ကိုင်ပြီး ခွဲစိတ်ကုဆရာဝန်တွေ သူ့အကျိတ်ဖယ် ထုတ်နေချိန် ညဘက်ကောင်မလေး အိမ်ရှေ့သီချင်းဆိုသလို စတင်တီးခတ်ဖျော်ဖြေပါတော့တယ်။

ဦးနှောက်စစ်ထုတ်နေတုန်း သူ့ရဲ့ သိမြင်နိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာ ဆရာဝန်တွေ စောင့်ကြည့် စစ်ဆေးနိုင်ဖို့အတွက် ခွဲစိတ်ကုမှုအတွင်း Dias ဟာ သတိရှိနိုးကြားစွာ နေခဲ့ရပါတယ်။
ဘဏ်လုပ်ငန်းရှင် တစ်ယောက်လည်းဖြစ်၊ ဂီတကို အနှစ် ၂၀ ကျော် ၀ါသနာအရ တီးခတ်လာခဲ့တဲ့ Dias က ခွဲစိတ်နေစဉ် သီချင်း ၆ ပုဒ် သီဆိုဖြစ်ခဲ့ပါတယ်။

ခွဲစိတ်ကုသတာ ညာဘက်ခြမ်းဖြစ်လို့ အဲဒီဘက် လက် အနည်းငယ် အားပျော့သွားတယ်။ ဒါ့ကြောင့် ရပ်ပြီး အနားယူခဲ့တယ်။ သီချင်းတွေကို ကိုယ်တီးခတ်ဆိုနိုင်သလောက် ဆိုခဲ့တယ်လို့ သူက The Telegraph ကို ပြောခဲ့ပါတယ်။

သားလေးမွေးပြီးနောက် ၁၅ ရက်အကြာ ကျန်ခဲ့တဲ့ လအနည်းငယ်က အကျိတ်ရောဂါရှိမှန်း မတွေ့ရှိခင် စကားတွေ ထစ်ထစ်ငေါ့ငေါ့ဖြစ်ပြီး မေ့မေ့ပျောက်ပျောက်တွေ ဖြစ်ခဲ့တယ်လို့ Dias က ပြောဆိုခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆရာဝန်တွေက အကျိတ်ရဲ့ ၉၀% ကို ဖယ်ထုတ် ပေးနိုင်ခဲ့တယ်လို့ CNN သတင်းအရ သိရပါတယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/posts/904559652920306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...