စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ယောက်ထဲ ပိုင်ဆိုင်မည်.အရာ



တစ်နေ့မှာ မြတ်စွာဘုရားရှင်ဟာ ရွာတစ်ရွာသို့ ဆွမ်းခံကြွတော်မှု ပါတယ်။ ထိုအချိန်မှာ အလွန်ဒေါသ ထွက်နေပြီး အရှက်အကြောက် ကင်းမဲ့တဲ့ လူငယ်လေး တစ်ယောက်က မြတ်စွာ ဘုရားရှင်အား ခုလိုပြောပါတယ်။

” သင့်မှာ တစ်ခြားသူတွေကို ဆုံးမနိုင်လောက်အောင် ဘာအစွမ်းအစတွေ ရှိလို့လဲ”

ကောင်းလေးဟာ အော်ပြီး နောက်ထပ် ထပ်ပြီး ခုလို ပြောပြန်တယ်

” သင်ဟာ အရှုး သင်ဟာ အပေါ ” စသဖြင့် မိုက်ရိုက်စွာ ဆဲဆို လိုက်ပါတယ်။

မြတ်စွာဘုရားရှင်ဟာ ဒီလူငယ်လေး အတွက် စိတ်မကောင်း ဖြစ်မိသွားပါတယ်။ မြတ်စွာဘုရားရှင်ဟာ လူငယ်လေး ခုလိုမေးတယ်

” မင်းက တစ်စုံတစ်ယောက် အတွက် လက်ဆောင်ဝယ်တယ်။ အဲ့လူက မင်းပေးတဲ့ လက်ဆောင်ကို မယူဘူး။ ဒါဆိုရင် အဲ့ပစ္စည်းကို ဘယ်သူပိုင်လဲ ”

အဲဒီ မေးခွန်းအတွက် ကောင်လေးဟာ အံသြတုန်လှုပ် သွားပါတယ်။ မြတ်စွာဘုရားရှင်အား ကောင်လေးက ခုလို ပြန်ဖြေတယ်

” ကျွန်တော်ဝယ်တဲ့ ပစ္စည်းပဲ ကျွန်တော် ပိုင်တာပေါ့”

မြတ်စွာ ဘုရားရှင်က ပြုံးလိုက်ပါတယ်။ ထို့နောက် မြတ်စွာ ဘုရားရှင်က

” မှန်ပါတယ်။ သင်က တစ်ပါးသူကို စိတ်ဆိုးတယ် တစ်ပါးသူက သင်ရဲ့စိတ်ဆိုးမှုတွေကို အလိုမရှိဘူးဆိုရင် အဲဒီစိတ်ဆိုးမှုတွေဟာ သင့်ပစ္စည်း ဖြစ်သည့်အတွက် သင်ပဲ ပိုင်ပါတယ်။ သင်ဟာ ကျွန်ုပ်အား စိတ်ဆိုးသောလည်း ကျွန်ုပ်တွင် ဘာမှဖြစ်မည်မဟုတ် သင်ပဲ ခံစားရလိမ့်မည်။ သင်ပဲ နာကျင်ရလိမ့်မည်။ သင်ပဲ စိတ်ဆင်း ရဲရလိမ့်မည်။ နောက်ဆုံး သင်တစ်ယောက် တည်းသာ အရာအားလုံး ပိုင်ဆိုင် ရပါလိမ့်မည်။ ”

ရိုးရာလေး
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...