စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

မိန်းမယူရန် အသက် အပိုင်းအခြား – ဟာသ

အသက်


အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင်
သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ်
... ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက်
သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက်
ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ
ပြောလိုက်တယ်။


နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို
အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက်
လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး
တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ
မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

“အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
“ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်”
အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။
သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့
အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီးမေးလိုက်ပြန်တယ်။


အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။
အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့
အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး
စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ
လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊
သေချာပေါက်ကို ပြောနိုင်မှာပါ”


အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က
အနိုင်ယူ သွားခဲ့တယ်။သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့
ပြောလိုက်တယ်။


“ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ်ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက
စိတ်မရှည်တော့ဘူး။


“ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ
နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။
“ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး
ဖြစ်နေတာပေါ့။

“တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
“ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက
ကတိတောင်းတယ်။
“ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။

“မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”...တဲ့

ဟိုက်......

ရီမောပျော်ရွှင်ပါစေ....

by lon elys

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

မယ်ကန့်လန့် (ကန့်လန့်တိုက်တတ်သူများသတိထားပါ)


ရွာတစ်ရွာမှာဘဲဆိုပါတော့– ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်
တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် –။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်–

ဥပမာ – “ မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ “
“ အို ဘယ်ဖြစ်မလဲ — ဆွမ်းကပ်ကိုကပ်မယ် “
“ ဒါဆိုလဲကွာ – တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ “
“ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ –“
“အင်းလေ မင်းသဘောပါဘဲ – လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း – ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ “
“မရပါဘူး မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ် “

ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ် –တစ်နေ့တော့ အခွင့်ကြုံလာတယ် – သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။
ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ “ မပူနဲ့ မိန်းမရေ ငါလာပြီ — ငါလာပြီလို့ “အော်သတဲံ့  ။

မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် — နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်–
“ ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ “
“ ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ — ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့ “
အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။
(မိတ်ဆွေများ ခင်ဗျား —ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)

Credit : ဟာသကုမ္ပဏီ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

ကိုယ်တွေ့အင်တာနက် ဟာသများ


အိမ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် နှစ်ယောက်ကို အင်တာနက် စက်က တစ်လုံးနဲ့…။ PCကတော့ ကိုယ့် PC နဲ့ ကိုယ်ပေါ့လေ..။ ကျွန်တော် သူငယ်ချင်းရဲ့ PC မှာ ဘာမှ ပြစ်ချက် ကြီးကြီးမားမား မရှိပါဘူး..။ တစ်ခုပဲ….ကီးဘုတ်(KB) ရဲ့ လက်ဝဲဘက် Shift က နည်းနည်း လွတ်ချင်နေတယ်..။ ဒါပါပဲ…………….။ ဒါပေမဲ့ ဒါက ပြဿနာဖြစ်လာတာပါ..။

သူကလည်း online မှာ chat တယ်ပေါ့ဗျာ…။ အဲဒီမှာ…မန္တလေးက ကောင်မလေးတစ်ယောက်နဲ့ တွေ့တော့…. အင်း..ဒီကောင်မလေး နာမည်က အပြည့်အစုံတော့ ကျွန်တော် မသိဘူး..။ သူကတော့ ” မဇင် ၊ မဇင် ” ဆိုပြီးရိုက်တယ်ဗျာ…။ သူရဲ့ လက်ကွက်က ကျွန်တော် zaw357@gmail.com ထက်ကောင်းပါတယ်….။ အမှားနည်းပါတယ်…။ ဒါပေမဲ့ chat ချင်ဇောက များနေတော့ စာကို ပြန်မကြည့်မိဘူး ကုန်းရိုက်တယ်ပေါ့ဗျာ.. ။ ဒီမှာ ကီးဘုတ် က ဘယ်ဘက် Shift က လွတ်နေတော့ ” မဇင် ၊ မဇင် ” ရိုက်လိုက်တိုင်း.. ဟိုဘက်က ကောင်မလေး က ဘယ်လိုဖြစ်မလဲ မသိဘူး..။ ဒီဘက်က ကျွန်တော်တို့တောင်မှ ဟဲ..ဟဲ..တွန့်တွန့်သွားတယ်….။ သူက လည်း ပြီးမှ တွေ့ရင် ” ဟာ..” ဆိုပြီးတွန့်တွန့်သွားတာပါပဲ…။


ဟိုဘက်က ကောင်မလေးကလဲ ပြောတယ်…” စာကိုမှန်အောင်ရေးပါ “တဲ့ ။
သူငယ်ချင်းတို့လဲ သိတဲ့ အတိုင်းပဲလေ……..။ ကီးဘုတ် ဘယ်ဘက်မှာရှိတဲ့ ” Z ” ဆိုတာက ဒီအတိုင်းဆိုရင် ” ဖ ” လေ…။ Shift နဲ့ တွဲပြီး နှိပ်ရင် ” ဇ ” လေ…။ ဒီမှာ ကျွန်တော့်သူငယ်ချင်းရဲ့ ကီးဘုတ်က ဘယ်ဘက် Shift ကလွတ်နေတော့… ဟိုကောင်မလေး ” မဇင် ” ကိုလေ ကျွန်တော့် သူငယ်ချင်းက ” မ..င် ” ဆိုပြီး.. ခေါ်နေမိတာပေါ့ဗျာ….။

သူငယ်ချင်းတို့တွေလည်း………. KB သော်လည်းကောင်း ၊ mouse သော်လည်းကောင်း လွတ်ခြင်း ၊ မှားခြင်းမှ…ကင်းဝေးပါစေဗျာ….။

Credit: ကိုဇော်

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

ဘယ်သူက စမှားတာလဲ (ဟာသ)


နောက်ဆုံးမှာ မောင်တင်နဲ့ မခင် ကွာရှင်းခဲ့ကြတယ်။ သူတို့ရဲ့ ကွာရှင်းတမ်းမှာ မျက်ရည်မရှိဘူး၊ နောင်တမရှိဘူး။ ဘာဆို ဘာမှမရှိဘူး။ လင်မယားနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် စကားပြောတော့ မခင်က…

“တတိယလူက ဘယ်သူလဲ?”

“ဘေးအိမ်က မစိန်ပါ”

“ဘယ်လိုဖြစ်ခဲ့တာလဲ”

“လွန်ခဲ့တဲ့ ၃လလောက်က ကိုယ်အိုဗာတိုင်ဆင်းပြီး ပြန်လာတဲ့ညမှာ အိမ်သော့မေ့ကျန်ခဲ့လို့ တံခါးခေါက်ပြီး မခင်ကို နှိုးခဲ့တယ်။ ကိုယ်ဘယ်လိုနှိုးနှိုး မခင် မနိုးဘူး။ အဲဒီအချိန်မှာ ဘေးအိမ်က မစိန်နိုးလာပြီး မခင်ကိုဖုန်းနဲ့နှိုးဖို့ ကိုယ့်ကို သူ့အိမ်ထဲခေါ်တယ်။ ကိုယ်ဖုန်းဆက်လဲ မခင်က မနှိုးဘူး။ အဲဒီလိုနဲ့ မစိန်ရဲ့ ဧည့်ခန်းဆိုဖာမှာ ကိုယ်အိပ်ခဲ့ရတယ်”

“တစ်ညထဲနဲ့ ဖြစ်သွားရော့လား…”

“အရင်လက ကိုယ်အိုဗာတိုင်ဆင်းပြီး ပြန်လာတော့ အိမ်သော့မေ့ခဲ့ပြန်တယ်။ ကိုယ်ဘယ်လိုခေါ်ခေါ် မခင် မနိုးပြန်ဘူး။ ကံကောင်းလို့ မစိန်က ကိုယ့်ကို ခေါ်ပြီး သူ့ကုတင်မှာ အိပ်စေခဲ့တယ်”

“ဟင်း…. ကျွန်မအအိပ်မက်လို့ ဖြစ်ရတာပါ”

အဲဒီနောက်ပိုင်း မောင်တင်ဟာ အိုဗာတိုင်ဆင်းပြန်လာတိုင်း မခင် မနိုးမယ့်အတူတူ အိမ်ကိုမပြန်တော့ဘဲ ဘေးအိမ်က မစိန်ဆီကိုပဲ တန်းသွားခဲ့တော့တယ်။ လူတွေကပြောကြတယ်.. မခင်က အအိပ်မက်လို့ လင်တစ်ယောက် ဆုံးရှုံးခဲ့ပြီတဲ့..

လင်ယောက်ျားကို ဆုံးခဲ့ပေမယ့် ဥစ္စာပစ္စည်းတွေကို မခင်ရလိုက်တယ်။ မကြာဘူး… ယောက်ျားအသစ်တစ်ယောက်ကိုပါ မခင်ရလိုက်တယ်။

ယောက်ျားအသစ် မခင်ဆီ ပြောင်းလာတဲ့နေ့က မောင်တင် အိမ်ကဆင်းတဲ့နေ့ဖြစ်တယ်။

ယောက်ျားအသစ်နဲ့ မောင်တင် လှေကားမှာ ဆုံကြတယ်။ ယောက်ျားအသစ်က မောင်တင်ကို…

“ကျွန်တော့်ကို ခွင့်လွတ်ပါ.. ကျွန်တော်ကြောင့် ခင်ဗျားတို့ လင်မယားကွာရှင်းကြရတယ်”

“ဒါ ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျွန်တော် အရင်ဖောက်ပြားခဲ့မိလို့ အခုလိုဖြစ်ရတာပါ”

“ကျွန်တော့်ကို ခွင့်လွတ်ပါ… ကျွန်တော်ကြောင့် ခင်ဗျားဘဝ အဆင်မပြေဖြစ်ခဲ့ရတယ်”

“ကိစ္စမရှိပါဘူး… ပြီးတာတွေက ပြီးသွားခဲ့ပြီ… မခင်ကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါ.. သူ က အအိပ်မက်တယ်”

“သူ အအိပ်မမက်ပါဘူး.. ဒါ သက်သက်မဲ့ပြောနေတာ”

“သူ အအိပ်မက်လို့ ကျွန်တော်အိုဗာတိုင်ဆင်းပြီး ပြန်လာတိုင်း သူတံခါးထဖွင့် မပေးဘူးလေ”

“တကယ်ဆို သူအိပ်ပျော်နေလို့ တံခါးဖွင့်မပေးတာ မဟုတ်ဘူး။ သူ စိတ်လှုပ်ရှားနေလို့ ဖွင့်မပေးတာ… ခင်ဗျားအိမ်ပြန်နောက်ကျတိုင်း သူနဲ့ ကျွန်တော်အတူရှိနေတယ်လေ”

Credit : ဟာသရပ်ကွက်
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

အလျှောက်ကောင်း




1. အလျှောက်ကောင်း
===============

ရဲက သေမှုသေခင်း စစ်နေတယ်... ...

'ခင်ဗျားမိန်းမ ဘာလို့သေရတာလဲ'

'သဘာဝအတိုင်း သေတာပါ'

'ဟမ်... ရင်ဘတ်မှာ ဓားဒဏ်ရာကြီးပါလား'

'ဟုတ်တယ်လေ... ဓားဆိုတာ သံနဲ့လုပ်တာ။ သံဆိုတာ မြေကြီးထဲက ရတာ။ မဟာပထဝီမြေကြီးဆိုတာ သဘာဝရဲ့ အစိပ်အပိုင်းတစ်ခုပဲလေ။ ဒီတော့ ဒါ သဘာဝအတိုင်း သေတာမဟုတ်လို့ ဘာလဲ ကဲ'

'ငင်...'
.
.

2. နတ်မိမယ်လေး
=============
'မေမေ... နတ်မိမယ် (Angel) တွေက လေထဲမှာ ပျံနိုင်သလားဟင်'
'ပျံနိုင်တာပေါ့ သားသားရဲ့'

'မေမေတို့က ညီမလေးကို နတ်မိမယ်နဲ့ တူတယ်ဆို'
'အင်းလေ အဲဒါ ဘာဖြစ်လို့လဲ'

'ခုနက ညီမလေးကို ပြူတင်းပေါက်ကနေ ပစ်ထုတ်ကြည့်တာ ပျံလည်းမပျံဘူး မေမေ'
'ဟမ်...'
.
.
3. လူလိမ် iPhone
=============
သို့ - Apple Co.
လူကြီးမင်းတို့၏ iPhone 6+ ကို နာမည်ကြီးလွန်း၍ ဝယ်သုံးမိပါသည် မစွံတာက များနေသည်။

တနေ့က ရုံးမှာပျင်းပျင်းရှိလို့ အိမ်ပြန်ချင်တာနဲ့ ဖုန်းက Home ခလုပ်ကိုနှိပ်သော်လည်း လူက ရုံးမှာပဲ ရှိနေပါတယ်။

နောက်တခါ
ဖုန်းကို Airplane mood မှာထားပြီး လေထဲပစ်ကြည့်ရာ ပျံဖို့မပြောနဲ့ ကတ္တရာလမ်းပေါ် ခေါင်းစိုက်ကျပြီး စုတ်ပြတ်သွားရှာပါတယ်။

ဒါကြောင့် လိုအပ်ချက်များကို ပြင်ဆင်ပြီး အသစ်ပြန်ထုတ်ပါလို့ အကြံပြုပါရစေ...

မှ - မခင်ကလျာချိုသံသာနွဲ့နွဲ့နှောင်း
.
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။

ဖတ်ရင်း လျာပါ လိပ်ချင်ချင်ဖြစ်သွားမယ်




(ဖတ်ရင်း လျာပါ လိပ်ချင်ချင်ဖြစ်လာသီ သွားသော့သယ် သာသဲ )

သိန်းသန်းသည် သိုင်းသင်သောသူ။

သုံးသိန်းသုံးသောင်းသော သိုင်း သူသိသည်။
သို့သော်သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည်။
သွေးသောက်သိုင်း သုံးသော်
သုသာန်သို့ သွေး သွားသွားသွန်သည်။

သူသည် သန်သည်၊ သွက်သည်
သူ့သားသည် သန့်သည် ... သို့သော် သေးသေးသွယ်သွယ်
သူ့သားသူ သွန်သင်သည်
“... သား ... သွေးသောက်သိုင်းသင် ...”

သို့သော် သူ့သားသည် "သေး "သောက်သိုင်းသာ သင်သည်။
သေး သောက်သိုင်းသင်သော် သေး သွန်သည်
သူ့သားသည် သဲသောင်သို့ သေး သွားသွားသွန်သည်
သဲသယ်သောသူ သိသော် သတ်သည် သူ့သား သေသည်
သူသိသော် သဲသောင်သို့ သူသွားသည်။

သဲသယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက်သိုင်း...
သို့သော် သူသုံးသောသိုင်းသူသိသည် သွေးသောက်သိုင်းသည် သာသည်။
သူ သွေးသောက်သိုင်းသုံး သုတ်သင်သည်။
သဲသယ်သောသူ သေသည်။
သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည် ...

- သူ သုံးသပ်သည် ... သူ သိသွားသည်
“သေသောသူသည်သုသာန်သို့ သက်သက်သာသာ သွားသည်”။။

Credit : တာရာပွကြီး
 

အဆုံးမရှိ သတင်းပေးပို့မှု



သူဌေးက သူ့ရဲ့ စက္ကထရီကို နောက်တစ်ပတ် ခရီးထွက်ဖို့ ပြောပါတယ်။

ဒါနဲ့ စက္ကထရီဟာ သူမရဲ့ အမျိုးသားကို ဖုန်းဆက်ပြောပါတယ်။
'ကျမ အလုပ် ကိစ္စ ခရီးထွက်ရမယ်'

အမျိုးသားကလည်း သူ့ရဲ့ တိတ်တိတ်ပုန်း ရည်းစားကို
'နောက်အပတ် အိမ်က ဟာမ ခရီးထွက်မယ်တဲ့... တွေ့ရအောင်'

ဒါနဲ့ ယင်း ကောင်မလေးကလည်း သူ့ရဲ့ တပည့်တွေကို
'နောက်တစ်ပတ် ကျူရှင်ပိတ်တယ်'

ဒါကြောင့်မို့ ကလေးငယ်လေးကလည်း သူ့ရဲ့ အဖိုးကို ဖုန်းဆက်ပြောပါတယ်..
'နောက်အပတ်သားအားတယ် ဖိုးဖိုး.. အတူဆော့ရအောင်'

'ဒါနဲ့ အဖိုး (သူဌေး) ကလည်း သူ့ရဲ့ စက္ကထရီကို ပြန်ပြောပါတယ်။
'ငါတို့ ခရီးစဉ် ဖြတ်ရတော့မယ်။ မြေးလေးက ကျူရှင်ပိတ်လို့ အတူနေပေးရမယ်'

စက္ကထရီက သူမ ယောင်္ကျားဆီ ပြန်ဆက်ပါတယ်။
'အလုပ် ခရီးအစီအစဉ် မရှိတော့ဘူး'

ဒါနဲ့ ယောင်္ကျားကလည်း သူ့ရဲက နောက်ကောင်မလေးဆီကို ဖုန်းဆက် ပြန်ပြော ပါတယ်။
'အိမ်က ဟာမ ခရီးမထွက်တော့ ပြန်ဘူးတဲ့ တို့တွေ နောက်မှ တွေ့ရအောင်'

ဒါနဲ့ ကောင်မလေးကလည်း သူ့တပည့် ကလေးတွေကို
'လာမယ့် အပတ် ဘာအတန်းမှ မပိတ်တော့ဘူး။ ပုံမှန်ပဲ'

ကလေးက အဖိုးကို ပြန်ဆက်ပါတယ်။
'ဆောရီး ဖိုးဖိုး.. တားတို့ ကျူရှင် ပိတ်ဝူးတဲ့'

ဒါနဲ့ အဖိုးက စက္ကထရီကို ပြန်ပြောပါတယ်။
'တို့တွေ ခရီးစဉ် သွားရအောင်'

ဒီလိုနဲ့ပဲ.................................................
.
Ref: engjoke

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

ဟာသတိုလေးများနဲံ ရီလိုက်ရအောင်

 
                        
 

သေပြီဆရာ
__________________________________
တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက်တင်ပါးအပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။
ဆရာဝန် မှစစ်ဆေးပြီးနောက်…….
“ မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ ”
ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။
တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။
…ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။
နောက်တစ်လခန့်….ကြာသော်….. အမျိုးသား အင်္ဂါ ပါထပ်စိမ်းလာသောအခါ ဆရာဝန်ထံသို့….ထပ်သွားပြသည်။ ဆရာဝန်က……
“အသက်အန္တရယ်မစိုးရိမ် ရအောင် ဖြတ်လိုက်ပါ ” ဆိုသဖြင့်…..
ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။
ဖြတ်ထုတ်ပီး…. နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင် လုံးစိမ်းလာပြန်လေ၏။
ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။
ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်….ဖြေးဖြေးချင်း ပြောလိုက်တာကတော့….
“အတွင်းခံသာ လဲလိုက်ပေ တော့ငါ့ညီ…..
လက်စသတ်တော့ ငါ့ညီအတွင်းခံက အရောင် တွေ ကျွတ်..ကျွတ်နေတာကို ထင်တော့ထင်သား..”
“ဗျာ”
__________________________________________

တခါတုန်းက လူတ‍ယောက်က အန္တရာယ်ကင်းတယ် အစွမ်းထက်တယ်ဆိုတဲ့ နတ်ရုပ်က‍လေးကို လည်ပင်းမှာ ဆွဲထားတာ‍ပေါ့,,
ဒါ‍ပေမယ့် တ‍နေ့မှာ သူဟာ ဆိုင်ကယ်‍မှောက်ပီး ‍သေဆုံးသွားတယ် ,,
သူ‍သေသွားပီ ၀ိဥာည်ဘ၀မှာအဲဒီနတ်နဲ့သွား‍တွေ့တယ် ,,
ခင်ဗျားက ကျုပ်ကို‍စောင့်‍ရှောက်မယ်ဆို ခု‍တော့ ကျုပ်မှာဆိုင်ကယ်‍မှောက်ပီး‍သေရပီ။
, ,,နတ်က ‍ပြန်‍မေးတယ်,,
မင်းက ဆိုင်ကယ်ကို ဘယ်နှကီလို‍မောင်းတာလဲ,,,
,“ကီလို 120 နဲ့‍မောင်းတာ‍လေ,,”
,“‍အေး ငါက ကီလို 80 မှာတင် ဆင်း‍နေခဲ့တာကွ,,,
____________________________________________

လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။
ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။
ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက်သေရေးရှင်ရေး ဖြစ်နေလို့ပါ။ အခုလောလောဆယ် ကျနော့အခန်းထဲမှာ
အဝတ်အစားမပါ၊ ဗလာကျင်းနဲ့ မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။
ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေးလား။?
ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့ ပွဲချင်းပြီးဘဲဗျို့။။
________________________________________

မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက် တိုက်၏ ခေါင်မိုးပေါ်မှ ခုန်ချရန်ပြင်နေသည်။
အောက်မှလူအုပ်သည် အပေါ် စိုးရိမ်စွာ မော့ကြည့်နေကြသည်။
ခုံချနိုးနှင့် အချိန်ကြာလာသဖြင့်
ကြည့်နေသူ မိန်းမတစ်ယောက်က ဘေးလူကိုပြောသည်။
“ဘုရား.. ဘုရား၊ နောက်ငါးမိနစ် အတွင်းသာ သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျ
ပြီး လူကြီးအဆူခံရမှာ သေချာပြီ”
_________________________________________

အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။
“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ
ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´
ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး
အဘိုးကြီးကိုမေးသည်။
“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´
“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´
ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။
မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့ လိုက်လာပြီး အမောတကော မေးသည်။
“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ် ထင်လို့လဲဟင်´
____________________________________________________

ဆံသဆိုင်ထဲကို လူငယ်တစ်ယောက် ဝင်လာတယ်။
ဆိုင်ရှင်က မေးတယ်… …
“ဆံပင်ညှပ်မှာလား မောင်လေး”
“ဟုတ်ကဲ့…”
“ဒါဆို လာထိုင်၊ ဘယ်ပုံညှပ်မှာလဲ”
“ညာဘက်ခြမ်းကို တိုတို၊ ဘယ်ဘက်ခြမ်းကို ခပ်ရှည်ရှည်၊ နောက်က အပြောင်ရိတ်ပြီး ရှေ့ကဆံပင်ကို ကွက်တိကွက်ကြား ညှပ်ပေး”
“ဘုရားရေ… အဲလိုပုံမျိုး ဘယ်မှာများ တွေ့လာသတုန်း၊ အံ့သြဘကွယ်”
” ပြီးခဲ့တဲ့လက ခင်ဗျားပဲ အဲလိုညှပ်လိုက်ပြီးတော့များ”


http://www.searchmyanmar.com/link/frame/cid/41530/


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

သိုင်းသမားကြီး MPT


 
အော်ရီဒူးဘဲသုံးသုံး
တယ်လီနောဘဲသုံးသုံး
MPT ဘဲသုံးသုံး

သိုင်းလောကထဲတွင် သိုင်းသမားကြီး MPT သည် နာမည်အကြီးဆုံးဖြစ်သည်
သူဆီသို့ အူရီဒူး နှင့် တယ်လီနော ဆိုသောသိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟုကြွေးကြော်ကာ ရောက်လာခဲ့သည်။


MPT သည်ပြုံးပြုံးကြီနှင့်လက်ခံလိုက်သည်သူသည်ခေသူတော့မဟုတ်ပေ။
တစ်ခေတ် တခါက သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့် နာမည်ကြီးခဲ့ဖူးသည်။

နောက် ၅ သိန်းသိုင်း ၂သိန်းသိုင်းတို့ ဖြင့်အောင်မြင်ခဲ့ပြီးယခု ၁၅၀၀သိုင်းဆိုသည့်နာမည်တစ်လုံးဖြင့်ရပ်တည်နေခဲ့သူဖြစ်သည်။
 

သကောင့်သားနှစ်ဦးကတော့အင်တာနက်မြန်နှုန်းမြင့်သိုင်း videocallဝန်ဆောင်မှု့
အကောင်း ဆုံးပေး သိုင်းကွက်ကိုတတ်မြောက်ထားပြီး MPT ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။

လက်ရှိ MPT ၏နာမည်အကြီးဆုံး အဝိုင်းလည် သိုင်းကို အနိုင်ယူမည်ဟု
ကြွေးကြော်ထားသည်။ ယခုချိန်ထိ MPT သိုင်းသမားကြီး တုတ်တုတ်မလှူပ်သေးပေ ဒါလည်းအကြောင်းရှိသည်။သူသည် ဂျပန်သိုင်းသမားကြီးနှင့် သွေးသောက်ညီအကို
ဖွဲထားသည်။ အားလုံးကိုကျော်ဖြတ်မည့်အဆင့်မြင့်သိုင်းပညာကို တိတ်တိတ်လေးသင်ယူလျက်ရှိသည်။
အူရီဒူးကသူ၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကိုမကြာသေးမီကမှ ကစားပြထားသည်

သို့ သော် MPT၏ အဝိုင်းလည်သိုင်းကို မကျော်နိင်သေးပေ။
နိင်ငံရေးစကားဖြင့်ပြောရသော်MPTသိုင်းသမားသည် လူထု ထောက်ခံမှုကို
နှစ်ပေါင်းများစွာ ခံယူထားသုဖြစ်၍ဖြစ်သည်။


သိုင်းလောကသားများကြားတွင်တော့သူ့ လူကိုယ်ဘက်သားကိုယ်လူသူဘက်သား
များပေါ်ထွန်းနေခဲ့ပြီဖြစ်သည်။တချို့ကတော့ အူရဒူး၏ အင်တာနက်မြန်နှုန်းမြင့်
သိုင်းကို ကြိတ်သဘောကျနေကြသည်။MPT ကတော့ ဒီသိုင်းကိုသူတတ်မြောက်
ထားတာကြာပီဖြစ်သော်လည်း ထုတ်မံပြသေးကြောင်း
အထောက်တော်များ မှတဆင့်သိခဲ့ရသည်။


တယ်လီနောကတော့ဂူအောင်းသိုင်းကျင့်နေသဖြင်ထွက်မလာသေးပေ သူတို့ သုံးဦးသား၏ယှဉ်ပြိုင်မှုကိုစောင့်ကြည့်နေသူတစ်ဦးကိုတော့သူုတို့ 
သတိမပြုမိပေ သူကား MEC ပင်ဖြစ်သည်ဓနအင်းအာတောင့်တင်းခိုင်မာသော သိုင်းသမားတစ်ဦးလည်းဖြစ်သည်။ ၁၅၀၀ သိုင်းကို စတင်တီထွင်ခဲပြီး ယခု လက်ရှိ ငါခေါ်သူမကြား သူခေါ်ငါမကြား သိုင်းဖြင့်နာမည်ကြီးသူဖြစ်သည်။

သိုင်းလောကတွင်တော့ ထို လေးဦး၏ ယှဉ်ပြိုင်မှုကို မြေစာပင်အဖြစ်ခံ၍ကြည့်ရမည့်
အနေအထားရှိသည်။သိုင်းလောကစိန်ခေါ်ပွဲကြီးနီကပ်လာပြီမည်သူကအနိုင်ရမည်
ဆိုသည်ကိုတော့ပရိတ်သတ်ကဆုံးဖြတ်ပေးလိမ့်မည်။

Original writter

မောင်(စွယ်စုံကျမ်း)

Credit to =►Golden Triangle◄=►Thank◄=


https://www.facebook.com/photo.php?fbid=311936662299644&set=a.113862758773703.21098.100004499381496&type=1&theater 

အိပ်သည်ဖြစ်စေ..မအိပ်သည်ဖြစ် စေ



ကိုယ်ပိုင်ကားနဲ့ ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ.. ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းတယ်။

သူမအနေနဲ့ ခဏအိပ်စက်အနား ယူပြီး.. ခရီးဆက်သွားရမှာဖြစ်တယ်။

လေးနာရီလောက်အိပ်ပြီးနောက်.. အောက်ဆင်းလာပြီး ဟိုတယ် တည်းခိုခ ရှင်းပါတယ်။

တည်းခိုခရှင်းတော့.. ဒေါ်လာ ၄ ထောင် တောင်ကုန်ကျပါတယ်။
ဒီတော့.. ဒါကို မကျေနပ်တဲ့အတွက် မန်နေဂျာကို ကွန်ပလိန်း တက်ပါတယ်။

မန်နေဂျာက အောက်ပါအတိုင်း.. ရှင်းပြပါတယ်...

မန်နေဂျာ။ ။ "ကျနော်တို့ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ပါ။ ရေကူးကန်လည်း ရှိပါတယ်.."

အမျိုးသမီး။ ။ " ဒါပေမယ့်.. ကျွန်မ မသုံးဘူးလေ.."

မန်နေဂျာ။ ။ " ကမ္ဘာကျော် အဆိုတော်တွေလည်း.. လာရောက် ဖျော်ဖြေပါတယ်.."

အမျိုးသမီး။ ။ " ကျွန်မ.. သွားမကြည့်ခဲ့ပါဘူး..."

မန်နေဂျာ။ ။ " အေးအေးဆေးဆေး ကိုယ်လက်သန့်စင် အပန်းဖြေဖို့ အတွက်.. ချွေးထုတ်ခန်းလဲ.. ထားပေးပါတယ်.."

အမျိုးသမီး။ ။ " အဲ့ဒါလည်း.. ကျွန်မ မသုံးဘူး..."

မန်နေဂျာ။ ။ " ကမ္ဘာ့အကောင်းဆုံး ဝိုင်နဲ့ အရက်များလည်း ပေးထားပါတယ်.."

အမျိုးသမီး။ ။ " အဲ့ဒါတွေလည်း.. ကျွန်မ မသောက်ခဲ့ဘူး..."

မန်နေဂျာ။ ။ " စိတ်မရှိပါနဲ့.. လာရောက် တည်းခိုသူတွေအတွက် ကျနော်တို့က သုံးဖို့ အသင့်ပြင်ထား တာဖြစ်တာကြောင့်.. သုံးသည်ဖြစ်စေ.. မသုံးသည် ဖြစ်စေ... အသုံးပြုစရိတ်ပါ ပေါင်းပြီး.. ဒေါ်လာ ၄ ထောင် ယူပါတယ်.."

အမျိုးသမီး။ ။ " ဟုတ်ပီလေ.. ရော့.. ဒီမှာ ဒေါ်လာ ၁ ထောင်.."

မန်နေဂျာ။ ။ " ၄ ထောင် ပေးရမှာလေ.. မမလေး..."

အမျိုးသမီး။ ။ " အင်း.. ဟုတ်တယ်.. ရှင်.. ကျမနဲ့ အိပ်ခအတွက် ၃ ထောင် ရစရာ ရှိတယ်လေ.. အဲ့ဒါ.. ဖြတ်လိုက်တယ်.."

မန်နေဂျာ။ ။ " ကျနော် ဘယ်တုန်းက အမနဲ့ အိပ်ခဲ့လို့လဲ..ဗျာ.."

ဒီတော့ အမျိုးသမီးက အောက်ပါအတိုင်း ဖြေပြီး.. လှည့်ထွက်သွားပါတော့တယ်...

" စိတ်မရှိပါနဲ့ရှင်... ရှင်အိပ်သည် ဖြစ်စေ..မအိပ်သည်ဖြစ်စေ.. ကျွန်မက အခန်းထဲမှာ အသင့်ရှိနေတဲ့ အတွက်..
ကျမကတော့.. ဒါကိုပေါင်းပြီး.. ကုန်ကျစရိတ် ထည့်တွက်ပါတယ်.."

" အဟွင့်.. လုပ်ရက်ပါ့..အမရယ်..!!! "
https://www.facebook.com/photo.php?fbid=533754030055766&set=a.35104771499306

ဘာမဆို လုပ်ပေးရစေ

 

ချောမောလှပသော ကျောင်းသူတစ်ယောက် ပါမောက္ခရုံးခန်းထဲသို့ ၀င်လာသည်။

အခန်းပြင်ပသို့ တစ်ချက် ကြည့်လိုက်ပြီးနောက် တံခါးကို ပိတ်လိုက်သည်။

ထို့နောက် ပါမောက္ခရှေ့ ဒူးထောက်ပြီး သနားစဖွယ်လေသံဖြင့် “ကျွန်မ ဒီစာမေးပွဲ အောင်အောင် လုပ်ပေးရင် ဘာမဆို လုပ်ပေးရစေဆရာ”

ဟု ပြောလိုက်သည်။ထို့နောက် ပါမောက္ခအနား တိုး၍ ဆံပင်ကို နောက်သို့ လှန်ကာ တင်လိုက်သည်။ မျက်ဝန်းထဲမှာ အဓိပါယ်ပါပါဖြင့် ကြည့်ကာ

“ကျွန်မ တကယ်ပြောတာပါ။ဆရာ . .ကျွန်မ ဘာမဆို လုပ်ပေးရ၊ လုပ်ပေးရ ပါ” ။

ပါမောက္ခမှ ကျောင်းသူအား တစ်ချက်ပြန်ကြည့်လျက် “တကယ်ပဲ ဘာလုပ်လုပ် လုပ်ပေးမှာလား” ဟု

တိုးညှင်းစွာ ပြန်ပြောသည်။ ကျောင်းသူမှ ၀မ်းသာအားရဖြင့် “တကယ်..ဆရာ..တကယ်လုပ်ပေးမှာပါ..ဘာပဲဖြစ်ဖြစ်”
ထိုအခါ ပါမောက္ခမှ မျက်လုံးလှန်ကြည့်လိုက်ပြီး လေသံတိုးတိုးလေးဖြင့် “ဒါဆို . . .စာမေးပွဲအောင် အောင် စာကြိုးစားပါ”
အွန် .....ေိေိ


https://www.facebook.com/photo.php?fbid=525540354210467&set=a.3510477149930

အွန်လိုင်းချစ်သူ



ကျနော့်မှာ ဖေ့စ်ဘုတ်ကနေတဆင့် ချစ်သူဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။
ချစ်သူတွေသာ ဖြစ်နေတာ၊ တယောက်နဲ့တယောက် မြင်ဘူးကြသေးတာ မဟုတ်ဘူး

သူကလည်း သူ့ပရိုဖိုင်းပုံမှာ ကိုရီးယားမင်းသမီးလေးပုံ တင်ထားတာ
အမည်- ခင်နွဲ့နှောင်း
နေရပ်-မန္တလေး၊ ဒါဘဲ

ကျနော်ကလည်း ပရိုဖိုင်းမှာ ရှုခင်းပုံတင်ထားတာ
အမည်- သိုလေးကန်
နေရပ်-မန္တလေး ဒီလောက်ဘဲ

ဒီနေ့တော့ သူနဲ့အပြင်မှာတွေ့ဖို့ ချိန်းထားတယ်
ချိန်းတာချိန်းရတာ ခပ်လန့်လန့်ရယ်
အပြင်မှာတွေ့လို့ ရုပ်ဆိုးကြီးဖြစ်နေရင် ဘယ့်နှာလုပ်ကြမတုံး

ဒါနဲ့ သူငယ်ချင်း စွယ်စုံရကိုမဲလုံးကို အကြံဥာဏ်တောင်းကြည့်တယ်။
သူကပြောတယ်... ....
"မင်းတို့က ဘယ်မှာ ချိန်းထားတာတုန်း"
"နိုဗိုတယ်က စားသောက်ခန်းမမှာ"
"သူ့ကိုတွေ့လို့ ရုပ်ဆိုးမကြီး ဖြစ်နေရင် ဒီလိုလုပ်..."
"ဘယ်လိုလဲ"
"ဗိုက်ကို လက်နဲ့နှိပ်ပြီး ပါးစပ်က အား.... ဗိုက်နာတယ် ဗိုက်နာတယ် လို့ အော်၊ အိမ်သာသွားမလိုလို ဘာလိုလိုနဲ့ နောက်ဖေးပေါက်က လစ်ခဲ့ပေါ့ကွ"
"ဟား...အဲဒီအကြံ ကောင်းတယ်ဗျာ"

ဒီလိုနဲ့... ...
ချိန်းထားတဲ့နေရာကို နည်းနည်းနောက်ကျပြီးမှ သွားလိုက်တယ်
စားသောက်ခန်းမရောက်လို့ အထဲလှမ်းကြည့်လိုက်တော့ ချိန်းထားတဲ့ စားပွဲနံပတ် 007 မှာ ကောင်မလေးတစ်ယောက် ရောက်နှင့်နေပြီ
မလှမ်းမကမ်းကနေ လှမ်းအကဲခတ်လိုက်တာ.... ....
အား... လား... လား
ချော ချော ရေး ပါ ရား
ကိုယ် လုံး လှ လှ လေး နဲ့ နန်းခင်ဇေယျာလေးလား မှတ်ရ
နာ တော့ ပွ ပြီ ဟီ ဟိ

ဒါနဲ့ သူရှိရာအသာသွားလို့ သူ့အနားမှာ ရပ်လိုက်တယ်
ပြီးတော့ ကိုယ့်ကိုကိုယ် မိတ်ဖွဲ့လိုက်တာ... ...

"ကိုယ်က သိုလေးကန်ပါ၊ ညီမက ခင်နွဲ့နှောင်း မဟုတ်လားဟင်"
... ဆိုတော့
ကောင်မလေးက...ကျနော့်ကို မော့ကြည့်တယ်
ကျနော့် မျက်နှာကိုလည်း မြင်ရော... ...

"အား.... ဗိုက်နာတယ် ဗိုက်နာတယ်"... ဆိုပြီး ဗိုက်ကို လက်နဲ့နှိပ်လို့ နောက်ဖေးပေါက်ကနေ လစ်ထွက်သွားပါလေရောဗျာ... ...



သန်၎ကို-ဘာသာပြန်သည်


https://www.facebook.com/photo.php?fbid=506493039448532&set=a.351047714993066.

တွက်ခြေကိုက်တဲ့ သဘော



မိုးသက်လေလေး သွေးလာတော့မှ ကိုကျေးညိုတစ်ယောက် ထီး ပြင်ဖို့ သတိရတော့တယ်။
ဒါနဲ့ ကလေးတွေရဲ့ထီးတွေရော၊ သူ့ထီးရော၊ သူ့ဇနီးရဲ့ထီးရော၊ စုစုပေါင်း ထီး ၆လက်ကို ထီးပြင်ဆိုင်ဝင်ပို့ခဲ့ပြီး ရုံးကို ဆက်သွားလိုက်တယ်။

ဘတ်စ်ကားပေါ်ကအဆင်းမှာ...
လူကအကျင့်ပါနေတော့ သူ့ဘေးခုံကအဖွားကြီး ချိတ်ထားတဲ့ထီးကို ဆွဲယူပြီး ဆင်းမယ်လုပ်တယ်
ဆိုတော့ အဖွားကြီးက အော်တော့တာပေါ့... ...

"ဟဲ့... ဟဲ့ ထီးသူခိုး၊ ထီးသူခိုး"

အဲဒီတော့မှ သတိရလာပြီး အဖွားကြီးကို ကပြာကရာ တောင်းပန်ရတာပေါ့... ...

"မေ့လို့ပါအဖွားရယ်၊ ကျနော်က ထီးကိုင်နေကျမိုလို့ပါ၊ တောင်းပန်ပါတယ်နော်"
"ဟွင်း... ဒါမျိုးတွေ ရိုးနေပြီ"

ညနေရုံးကအပြန် ပြင်ခိုင်းထားတဲ့ ထီးတွေဝင်ယူပြီး ပြန်လာတယ်။
ကံများဆိုးချင်တော့ မနက်တုန်းက အဖွားကြီးနဲ့ မျက်နှာခြင်းဆိုင် တိုးပါလေရောဗျာ...
အဖွားကြီးက သူ့ကိုလှမ်းကြည့်ရင်း မဲ့ရွဲ့ပြီး မကြားတကြားပြောသွားတယ်... ...

"ဟွင့်... တော်တော်လေး အလုပ်ဖြစ်လာတယ်ပေါ့လေ"
"ဂျာ..."


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko


https://www.facebook.com/photo.php?fbid=672364972804144&set=a.572785052762137.1

ဥာဏ်ကောင်းလွန်းတဲ့  ဘွားဘွား (အပြုံး..လက်ဆောင်)



 
ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဋ္ဌေးကို ပြောတယ် ။
ဘဏ်သူဋ္ဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
ဘွားဘွား ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဋ္ဌေး ။ ။ မဖြစ်နိုင်တာပဲ ။


ဘွားဘွား ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို
ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဋ္ဌေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ
အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။

ဘွားဘွား ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဋ္ဌေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။

ဘွားဘွား ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။

တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။

ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက်

ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။

သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။

သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့....

ဘဏ်သူဋ္ဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။

ဘဏ်သူဋ္ဌေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။

ဘွားဘွား ။ ။ အေး..ဒီမှာ တစ်သောင်း ။

ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဋ္ဌေးက အဘွားကြီးကို မေးတယ် ။

ဘဏ်သူဋ္ဌေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။

ဘွားဘွား ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။

ဘဏ်သူဋ္ဌေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့

ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။

Credit - Original Writer
မောင်သော်

Source: အထာကျတဲ့ အာဂ ဟာသများ

လူဗိုလ်ဟူသည် မှ


https://www.facebook.com/photo.php?fbid=660919337282041&set=a.572785052762137.

မစားဘူးတော့ နားကားသွားသည်

                               

အောက်ပါဝေါဟာရများကို ၁ ကြိမ်စီအသုံးပြု၍ စာစီကုံးပါ

*ဂါ/ဘွတ်စမံ/ဂျွတ်/ပျားတုပ်/လန်း/ဖလမ်းဖလမ်း/ဂိ/ညောင်း/ဂျင်းထဲ့/ဖောင်း/ပိန်း/ဖလာကြိတ်/ကုန်းဆင်း/အရောက်ပို့/ရှော်/နားကား/ရှော့/ကျော/ဘီးဂျဲ/ငုတ်တုတ်မေ့/ဂန့်/ဘူ/ကျွတ်ဆင်/ပွေး/ဖောရှော/အီစီကလီ/လန်ထွက်/ဖု/ကြူ/ရေလျှံ/တင်း/ပြဲ/အိုင်စီလွတ်/ဂေါက်/အမ်း/ဂိုက်ပေးကြမ်း/တိုင်ပတ်/ဗျင်း/ခိုက်/၉လောက်ရှိ/ထု/ငြိ/ဖွန်ကြောင်/ကျ/ကိုဝင်းကြည်/စတေးရှောင်/ကျွေး/ကြုံး/မျိုးကန်း/ဥ*

ကျော်ကျော် သည် *ဂိုက်ပေးကြမ်း * သောလူ *ပွေး *၁ ယောက်ဖြစ်သည်။မူမူသည်*ရေလျှံ* သည့်အပြင် *လန်ထွက်* နေသော သူဋ္ဌေးသမီး ၁ ဦးဖြစ်သည်။စတိတ်ရှိုး ၁ခုတွင်* ဖလမ်းဖလမ်း* ထနေသောမူမူကို ကျော်ကျော်* ခိုက် * သွားပြီး *ငုတ်တုတ်မေ့* သွားသည်။

ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်းအမကြီး ၁ ဦးထံမှ *ကျော်*ထားသော ဖုန်းဖြင့် မူမူကို * ကြူ* တော့သည်။မူမူကလဲ သူငယ်ချင်းများက *အရောက်ပို့ * သောကြောင့် ကျော်ကျော်ကို * အီစီကလီ * ပြန်၍ *ထု*သည်။ကျော်ကျော်၏*ဖောရှော *ကောင်းမှုကြောင့် မူမူသည် ကျော်ကျော်ကို * ငြိ *သွားသည်။

ကျော်ကျော်၏ *ဖွန်ကြောင် * ချက်မှာ* ၉ လောက်ရှိ * သဖြင့်နောက်ဆုံးတွင် မူမူ *ကျ * သွားသည်။ချစ်သူတို့သဘာဝ ကျော်ကျော်က မူမူကို *ဘွတ်စမံ * ကျွေးသည်။မူမူ မှာ မစားဖူးသောကြောင့် * နားကား*သွားသည်။လိုတာထက်ပိုကျွေးမိသောကျော်ကျော်လဲ *ဂိ *သွားသည်။

သို့ဖြင့် မူမူမှာ *ကိုဝင်းကြည*် ရရှိလာသောအခါ လက်ထပ်ဖို့အစီအစဉ်မရှိသော ကျော်ကျော်မှာ * တိုင်ပတ် * တော့သည်။မိမိကို *ဖောင်း * လာသောကျော်ကျော်ကို မူမူက*တင်း*သွားပြီး သူမ* အမ်း *ထားသမျှကိုပြန်ပြီးတောင်း၏။တစ်ချိန်က *ဖလာကြိတ်* ၍ *ကုန်းဆင်း* ခဲ့သော ကျော်ကျော်မှာမူမူကို *ရှော် * ချင်သောကြောင့် * အိုင်စီ *လွတ်ပြီး *ဂေါက် *ချင်ဟန်ဆောင်လေသည်။

ထိုကိစ္စကို * ဘီးဂျဲ *ကြီးဖြစ်နေပြီဖြစ်သော မူမူ၏ အဖေကြီးကသိသွားသည်။သမီးဖြစ်သူကို *ဂျင်းထဲ့ *ခံရသဖြင့် အဖေကြီး *ပျားတုပ်*သွားသည်။ မွေးထားသည့် တပည့်များကို * ပြဲ * သည်အထိ တိုက်ပြီးလျှင်ကျော်ကျော်ကို * ဂန့် *သည်အထိ * ကျွေး *ရန်ညွန်ကြားသည်။ကျော်ကျော်လဲအဖေကြီးကို * ဂျွတ် * သွားပြီး သူတို့နှင့်ဝေးရာကို * စတေးရှောင်*တော့သည်။အဖေကြီး၏ တပည့်များမှာ * ပိန်း * သောကြောင့် ကျော်ကျော်ကို * ဗျင်း*ချင်သော်လဲ ရှာလို့မတွေ့ကြချေ။

သို့သော်အဖေကြီး၏ ရှာဖွေမှုမှာ *ကျွတ်ဆင် * ကြီးဖြစ်သောကြောင့်နောက်ဆုံးတွင် ကျော်ကျော်* ညောင်း *သွားသည့်နေရာကိုသိသွားတော့သည်။တပည့်များက ၁ယောက် ၁ ချက် ဝိုင်း *ကြုံး* လျှင်တောင် *ရှော့* တက်ပြီး * ရှော *သွားနိုင်သဖြင့် ကျော်ကျော်မှာ အဖေကြီးကို *ဂါ*လိုက်ရတော့သည်။ကျော်ကျော်ကို* ဖု * နေသော်လဲ အဖေကြီးသည် ကလေးမျက်နှာကိုထောက်၍ မျက်နှာအ* ဘူြ*ကီးဖြင့်ကျော်ကျော်ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ကံကောင်း၍ ကျော်ကျော်*မျိုးကန်း *မည့် ကိစ္စမှ လွတ်မြောက်သွားပြီး နောက်ထပ် ထွက်ပြေးမည့်အစီအစဉ်ကို* ဥ *ထားလိုက်တော့သည်။

credit >>lanmadawthar

shared အထာကျတဲ့ အာဂ ဟာသများ's status.


https://www.facebook.com/photo.php?fbid=486553198109183&set=a.3510477149930

လယ်သမားနဲ့ ဂြိုလ်သား




တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။
ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။
ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး
လစ်တော့တာပဲ"

ရွှေအိမ်စည်စာကြည့်တိုက်


https://www.facebook.com/photo.php?fbid=478430588921444&set=a.351047714993066

တွေးတွေးပြီး ပြန်ရီရတဲ့ ဟာသတစ်ပုဒ်


Wednesday, September 18, 2013

ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။
ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။

ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။

တစ်ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။

"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့
ဟိုက် မလွယ်ပါ့လားပေါ့။
"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့
ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူး
သူက ဆက်ပြောတယ်။

"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။
ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။
ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ လှုပ်ရှားနေမိတယ်ပေါ့ဗျာ။
နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အိမ်ရှေ့တံခါးဆီကနေ ကျွန်တော့ 'ကား' ရှိရာဆီကို ဦးတည်ထွက်ခဲ့လိုက်ပါတော့တယ်။

ဒီချိန်မှာပဲ ခြံထဲမှာ တွေ့လိုက်ရတာကတော့ ကျွန်တော်မကြာခင် တော်စပ်ရတော့မယ့် မိသားစုပါပဲ။ ယောက္ခမ(သူ့အမေ) လောင်းကြီးပြုံးလို့ပေါ့။ သူအဖေကြီးကလဲ အားရဝမ်းသာနဲ့ပေါ့။

"သမီးရေ နင်တော့ တကယ့်ကို ရိုးသားဖြူစင်ပြီး သစ္စာရှိတဲ့ ယောက်ျားနဲ့ လက်တွဲရတာပဲဟေ့ အဖေ စိတ်ချပြီကွာ"...တဲ့။ ကျွန်တော့ ဇနီးလောင်းလေးမှာတော့ မျက်ရည်တွေ တွင်တွင် ကျလို့ပေါ့။

ကဲပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကိုပြောပြရမယ်ဆိုရင်တော့
"သင်ဟာ အဖော်ကို ကားပေါ်မှာပဲ အမြဲထားပါ"...တဲ့။ ခွီခွီခွီ....။

(ပြောသားပဲ..ဟာသ တစ်ပုဒ်ပါလို့...အဟုတ်မှတ်ပြီး လျှေက်ပြီးဖီလင်ဝင်နေတာကိုး)

Credit to : လူပြက်လေးများ


https://www.facebook.com/photo.php?fbid=471913512906485&set=a.351047714993066

ဒူးထောက်စေရမယ်....



ရွာသာယာရွာက အောင်မင်း ဆိုရင် အများသိကြမှာပေါ့ ....။ တကောင်ကြွက် ... မိမရှိ ဖမရှိ ...။
အဆွေတော်လေးက မွေးစားထားလို့ လူလားမြောက်လာရရှာတာလေ။ ဆင်းရဲသား အနုတ်စုတ် ဂုတ်စုတ်ပေါ့ဗျာ

ဒါပေမယ့်ဗျာ ... ငမွဲမှာလဲ အသည်းနဲ့ပါ။

လူ ဆင်းရဲပေမယ့် ချစ်တတ်တဲ့အသည်းကတော့ ခွဲပြလို့ ရမယ်ဆိုရင် ကမ္ဘာမြေပြင်နဲ့ မဆန့်အောင် ကျယ်ပြန့်ရှာပါတယ်။

ဒီလိုပြောလို့ အောင်မင်း အသည်းကြီးနေတယ် ... အရက်သောက်တာ လျှော့ပါလို့ မတိုက်တွန်းပါနဲ့ ....
သူ အရက်မသောက်တတ်တာ အားလုံး အသိပါ။
(၀ယ်သောက်ဖို့ ပိုက်ဆံမရှိလို့လေ)

ဒီလိုနဲ့ အရွယ်လေးရောက်လာတအောင်မင်း ဟာ ရွာသူလေးတစ်ယောက်ကို ချစ်မိသွားတယ် ... ။
ချစ်မိတော့လဲ သူ့အခြေ သူ့ဘ၀ နိမ့်ကျနေတော့ ဖွင့်မပြောဘူးရယ်လို့ နေတာပေါ့ဗျာ ...။
ရွာသူလေးကလဲ သူ့ကို တော်တော်လေး ခင်နေ .... နေ့စဉ် တွေ့မြင်နေတော့ သူ နေလို့မရတော့ဘူး ...။
ဒါနဲ့ပဲ တစ်နေ့မှာ ဖွင့်ပြောလိုက်ပါရော ... အဲဒီအခါ ကောင်မလေးက အပေါ်နှုတ်ခမ်းလေးကို တွန့်ကနဲ ပြုံးလိုက်ပြီး

““ ဟဲ့ ... အောင်မင်း ..... နင်လို မိမရှိ ဖမရှိ တကောင်ကြွက် တစ်မျက်နှာက ငါ့လို သူဌေးသမီးကို ချစ်သတဲ့ ဟုတ်လား ...””

““ နင့်ကိုယ်နင် ပြန်ကြည့်စမ်း .... အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ... ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း .... သွား ....
နောက်ဘယ်တော့မှ ငါ့ရှေ့မလာနဲ့ .... သွား .....””

ဆိုပြီး ရက်ရက်စက်စက် ငြင်း ပစ်ပစ်ခါခါ နှင်ထုတ်လိုက်ပါတယ် ....။

အောင်မင်း ခမျာ .... နားထဲကို သံရည်ပူနဲ့ ပက်သွင်းသလို ... ရင်ဝကိုလဲ တန် ၁၀၀၀ နျူးကလီးယားဗုံးနဲ့ ကပ်ပြီး ခွဲလိုက်သလို
ရဲကနဲ(မျက်နှာ) ကွဲကနဲ (အသည်း) ဖြစ်သွားတာပေါ့။

အသည်းကွဲတဲ့အောင်မင်း....ဟာ မုတ်သုံလေ လို ပုလင်းကိုင်ပြီး မှိုင်မနေဘူး။
လူလူချင်းအတူတူ ဒါလေးပြောတာနဲ့ ငါ့ကို ဒီလောက်ထိ နှိမ်တဲ့မင်း .... ဒင်း တော့ တစ်နေ့ တွေ့အုံးမယ် ဆိုပြီး အငြိုးထားလိုက်ပါတယ်။

အဲဒါနဲ့ အောင်မင်း..လည်း...

““ အေး .... ငါ့အချစ်ကို လက်မခံရင်နေပါ .... ငါ့မေတ္တာကို မစော်ကားနဲ့ ....””

““ နင့်ကို ရင်ပွင့်မတတ်ချစ်တတ်ခဲ့လို့ နင်က ဒီလို စော်ကားတာလား ....””

““ ဒီမှာအမိ ... လူမွဲမှာလဲ အသည်းနဲ့ပါ .... အသည်းနှလုံးရှိရင် ချစ်မှာပဲ ....””

““ ယောက်ျားတို့ဘုန်း မိုးသို့ခြုန်း တဲ့ မင်းမြဲမြဲမှတ်ထား ....””

““ ဒီစကားပြောတဲ့အတွက် မင်းတစ်နေ့ကျရင် ငါ့ရှေ့မှာ ဒူးထောက်စေရမယ်””

အဲဒီလိုပြောပြီး အိမ်ပေါ်ကနေ ဆောင့်ဆောင့်နဲ့ ဆင်းသွားပါတယ် ....။

ကောင်မလေးလဲ အောင်မင်း..ရဲ့ စကားကို ကြားလိုက်ရတော့ စိုးတထိတ်ထိတ်နဲ့ မျက်လုံးလေး အ၀ိုင်းသား နောင်တတရားများစွာနဲ့ ကြည့်နေပါတယ်။
ခြံဝင်းတံခါးဝ ရောက်တော့ အောင်မင်း....က တခါ နောက်ပြန်လှည့်ပြီး လက်ညှိုး ငေါက်ငေါက် ထိုးကာ

““ ဒီမှာ .... မင်းကိုငါ ထပ်ပြောလိုက်မယ် .... နင်တစ်နေ့ ငါ့ရှေ့မှာ ဒူးထောက်စေရမယ်
မှတ် .... ထား .... လိုက် ””

ဒီလိုနဲ့ အောင်မင်း..တစ်ယောက်...ရွာကနေ အစအန ပျောက်သွားပါတော့တယ် ....။
ရွာသားတွေကတော့ သူ့ကို မေ့မေ့ပျောက်ပျောက် ရှိနေပေမယ့် ကောင်မလေးခမျာတော့ မမေ့ရဲဘူးလေ။
ဇာတ်ကားတွေထဲကလို စစ်ဗိုလ်ကြီးဖြစ်ပြီး ဘယ်အချိန်မှာများ သေနတ်ကြီးကိုင်ပြီး လာမလဲ။
ဘယ်အချိန်မှာများ သူဌေးကြီး အဖြစ်လာပြီး သူ့ကို ငွေထုပ်နဲ့ ပေါက်ပြီး သိမ်းမလဲပေါ့ ....
ရက်မှလ လမှနှစ် ရာသီတွေ ပြောင်းသွားပေမယ့် အောင်မင်းကတော့ ပျောက်ချက်သား ကောင်းနေပါတယ် ....

ကောင်မလေးလဲ တဖြည်းဖြည်း မေ့တော့မယ်ဆိုကာမှ မောင်မင်းကြီးသားအောင်မင်းဟာ ဘွားကနဲပေါ်လာတယ် ...။
သူ ရွာကို ရောက်ရောက်ချင်း ပထမဆုံးဝင်တဲ့အိမ်က ကောင်မလေးရဲ့ အိမ်ပါပဲ ....။
ကောင်မလေးလဲ အစက ကြောင်ကြည့်နေပြီးမှ ပြောင်းလဲသွားတဲ့ အောင်မင်းရဲ့ ရုပ်ကို မှတ်မိပြီးထိုင်ခုံလေးကို အပြေးကလေး သွားယူပြီး ခေါင်းရင်းခန်းမှာ ချထားလိုက်တယ်။ ပြီးတော့ ရေအေးအေးလေးတစ်ခွက် အပြေးခပ်ပြီး အောင်မင်း..ကို ပေးတယ်။

ပြီးတော့ အောင်မင်းရှေ့မှာ ဒူးလေးတုပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေရှာပါတယ်။

အော်.... အောင်မင်း... အောင်မင်း.. အပြောနဲ့အလုပ် ညီအောင် လက်စားချေနိုင်တာပဲ .... ။

အောင်မင်း ကလည်း သူ့ လက်စားချေမှု အောင်မြင်တဲ့အနေနဲ့ ကောင်မလေးကို ပြောလိုက်ပါတယ် ...။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
" ဘယ်လိုလဲ ဒကာမလေး .... အခု ကျုပ်ရှေ့မှာ ဒူးတုပ်နေရပြီ မဟုတ်လား ".....တဲ့။

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ


https://www.facebook.com/photo.php?fbid=464052523692584&set=a.351047714993066.

"ကိုယ်ပြောင်းကိုယ်လွှဲ"


Tuesday, August 06, 2013

နေ့စဉ်အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ ယောက်ျားဖြစ်သူဟာ သူ့ဘဝကိုသူ ငြီးငွေ့လာတယ်။

သူက ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေစဉ်မှာ သူ့မိန်းမကတော့ အိမ်မှာ သက်တောင့်သက်သာနဲ့ နေနေရတယ်လို့ သူမြင်လာတယ်။
ဒါနဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်တယ်.. ...

"အိုအဖ...ကျနော်ကတော့ တနေ့ကို ၈နာရီ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေစဉ်မှာ ကျနော့်မိန်းမကတော့ အိမ်ထဲမှာ အေးအေးဆေးဆေးနဲ့ နေနေရတယ်၊ ကျနော် ဘယ်လောက် ပင်ပန်းတယ်ဆိုတာ သူမ သိသွားအောင် ကျေးဇူးပြုပြီး ကျနော်တို့ ခန္ဓာကိုယ်တွေကို ပြောင်းပေးပါ"

"ကောင်းပြီချစ်သား.... သင့်ဆန္ဒအတိုင်း ဖြစ်စေဗျား"

"ဝုန်း"...ဆို မီးခိုးလုံးကြီး ပေါ်လာပြီးတဲ့နောက်မှာ ခင်ပွန်းသည်က ဇနီးသည်ဖြစ်၊ ဇနီးသည်က ခင်ပွန်းသည် အဖြစ် ခန္ဓာကိုယ်တွေ ပြောင်းသွားကြတယ်။

မိန်းမအဖြစ်ကိုပြောင်းသွားတဲ့ အဲဒီလူဟာ နောက်နေ့မနက်မှာတော့ ခင်ပွန်းသည်အရင် အိပ်ရာစောစောထ ရတော့တယ်။

ယောက်ျားနဲ့ ကလေးတွေအတွက် မနက်စာကို ချက်ပြုတ်ပြင်ဆင်ရတယ်။
ယောက်ျားနဲ့ ကလေးတွေ နိုးလာတော့ ခူးခပ်ပြင်ဆင်ကျွေးမွေး၊ တခါ ပြီးပြန်တော့ ကလေးတွေကို ကျောင်းပို့ဖို့ လုပ်ရတယ်။
ကျောင်းပို့ပြီးတာနဲ့ အပြန်ဈေးကိုဝင်၊ လိုအပ်တာတွေကို ခေါင်းခြောက်အောင်စဉ်းစားပြီး ဝယ်ရချမ်းရပြန်တယ်။
အိမ်ပြန်ရောက်တာနဲ့ နေ့လည်စာချက်၊ ပြီးတော့ အဝတ်တွေ လျှော်ဖွတ်ရတယ်။

တခါ ကြမ်းတိုက်၊ ရေဆေး သန့်ရှင်းရေးလုပ်ပေါ့။
ပြီးလို့မှ နားမယ်ကြံကာရှိသေး... ကလေးတွေကျောင်းကို နေ့လည်စာ သွားကျွေးရပြန်တယ်။

ကျောင်းကပြန်လာတော့ မီးပူတိုက်၊ ပြီးတော့ မောလွန်းလို့ ခဏမှေးမယ်စဉ်းစားတော့ ညနေစာ ချက်ချိန်ရောက်နေပြီ။
ညနေစာချက်လို့ မှ မပြီးသေးဘူး ကလေးတွေကျောင်းက ပြန်လာတော့ ရေမိုးချိုးပေးပြီး ညစာ ပြင်ဆင်ကျွေးမွေးရပြန်တယ်။
ကလေးတွေစားပြီးလို့မှ မကြာဘူး ခင်ပွန်းသည် အလုပ်ကပြန်လာလို့ သူ့အတွက်တခါ ပြင်ဆင်ပြုစုပေးရပြန်တယ်။

အဲလိုနဲ့ အိပ်ချိန်ရောက်လို့ ကလေးတွေ အိပ်တာ နဲ့ သူမအိပ်ရသေးဘူး၊ ကလေးတွေ ဆော့ပြီးဖွထားတာတွေ သိမ်းဆည်း၊ ပြီးတော့ သူတို့ နောက်နေ့ကျောင်းတက်ရင် အဆင်သင့်ဖြစ်အောင် လွယ်အိတ်၊ စာအုပ်တွေ ပြင်ဆင်ထည့်ပေး၊ ပြီးပြန်တော့ ပင်ပန်းလာတဲ့ ခင်ပွန်းသည်ကို အိပ်ခါနီး ခြေဆုပ်လက်နယ် ပြုစုရပြန်တယ်။

အားလုံးပြီးတော့ အားအင်ကုန်ခန်းပြီး တချိုးထဲ အိပ်ပျော်သွားတော့တာပေါ့။
နောက်နေ့မနက်လဲ အိပ်ရာထရော... ဘုရားသခင်ကို ပြန်ပြီး တိုင်တည် ဆုတောင်းတော့တယ်... ...

"အဖ ဘုရားသခင်..ကျနော်လဲ ဘာတွေစဉ်းစားခဲ့မိမှန်းကို မသိတော့ပါဘူး၊ ကျနော့်မိန်းမကို မနာလိုဖြစ်မိတာ မှားမှန်းသိပါပြီ၊ ခုတော့ ကျနော်သင်ခန်းစာ ကောင်းကောင်းရလို့ နောင်ကြဉ်သွားပါပြီ၊ ကျနော်တို့ကို နဂိုအတိုင်းဖြစ်အောင် ခန္ဓာကိုယ်တွေကို ပြန်ပြောင်းပေးပါတော့"

"အင်း...ချစ်သားလည်း ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ပြန်ပြောင်းပေးရသေးတာပေါ့၊ ဒါပေမဲ့ ၉ လတော့စောင့်ရမယ်"

"ဟင်..ဘာလို့လဲ"

"မနေ့ညက...သင့်မှာ ကိုယ်ဝန်ရှိသွားပြီ"...

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်။


https://www.facebook.com/photo.php?fbid=613781408662501&set=a.572785052762137.
Related Posts Plugin for WordPress, Blogger...