စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်အားထက်သန်လာအောင် ဘယ်လိုလေ့ကျင့်ကြမလဲ


စိတ်အားထက်သန်မှု ဆိုတာ အောင်မြင်မှုရဖို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲလို စိတ်အားထက်သန်မှု စိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်ရင်းနဲ့ အားကစားမှာသော်လည်းကောင်း၊ စီးပွားရေးနယ်ပယ်မှာသော်လည်းကောင်း အောင်မြင်ခဲ့တဲ့ သူတစ်ယောက်အကြောင်း ရေးသားချင်ပါတယ်။ ထိုသူကတော့ သင်ကြားဖူးချင်မှ ကြားဖူးမှာပါ။ How I raised myself from failure to success in selling စာအုပ်ကို ရေးသားခဲ့တဲ့ ဖရန့်ဘက်တဂါပဲဖြစ်ပါတယ်။

ဘက်တဂါဟာ ဘေ့စ်ဘော ကစားရာမှာ ပါရမီပါလာခဲ့သူ ဖြစ်တယ်လို့ သူ့ရဲ့ နည်းပြဖြစ်သူက သုံးသပ်ပါတယ်။ ဒါပေမဲ့ သူဟာ ဘေ့စ်ဘောကစားရခြင်းကို တနေ့တခြား စိတ်ဝင်စားမှုလျော့လာပြီး တဆက်တည်းမှာပဲ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ တစ်ပွဲထက်တစ်ပွဲကျဆင်းလာပါတယ်။ သူရဲ့ကစားပွဲ တော်တော်များများကိုလည်း ၀တ်ကျေတန်းကျေသာ ကစားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့နည်းပြဟာ သူ့ကို နှမျောစွာနဲ့ပဲ အသင်းက ထုတ်ပယ်ခဲ့ပါတယ်။ ဒါနဲ့သူဟာ အဆင့်နိမ့်တဲ့အသင်းတစ်ခုမှာ လစာနည်းနည်းနဲ့ ကစားခဲ့ရပါတော့တယ်။ အဲဒီအသင်းသစ်မှာလည်း စိတ်ပါသလို စိတ်မပါသလို ကစားတဲ့အတွက်ကြောင့် သူဟာ သာမာန်ကစားသမားအနေနဲ့သာရှိနေခဲ့ပါတယ်။

သူ့ရဲ့ ပါရမီကို ဘေ့စဘောသမားဟောင်း မိတ်ဆွေတစ်ယောက်က "ဘက်တဂါ၊ မင်း ဘက်စကတ်ဘောကစားတာကို သဘောမကျလို့လားကွာ၊ ကစားပုံကျွမ်းကျင်တာတော့ရှိပါရဲ့ စိတ်အားထက်သန်မှုမံနေတယ်။ အဲလိုဆို ဘေ့စဘောလောကမှာ နာမည်ကြီးလာမှာမဟုတ်ဘူး။ ဘေ့စဘောတင်မဟုတ်ပါဘူး။ ဘယ်အရာမှာမဆို အောင်မြင်မှာမဟုတ်ဘူး။ စိတ်ပါလက်ပါလုပ်တာက အောင်မြင်မှုရဲ့ သော့ချက်ပဲကွ" လို့ပြောခဲ့ပါတယ်။ အဲဒီအခါ ဘက်တဂါက "ဒါကိုတော့ ကျနော်သိပါတယ်။ ဒါပေမဲ့ စိတ်အားထက်သန်မှုဆိုတာ ၀ယ်လို့မှမရတာ။ ဘယ်လိုလုပ်ပြီး စိတ်အားထက်သန်အောင်လုပ်ရမှာလဲ" လို့ ပြန်မေးနယ်။ နည်းပြက "၀ယ်လို့မရပေမဲ့ လေ့ကျင့်လို့ရပါတယ်။ တကယ်စိတ်မတက်ကြွပေမဲ့ စိတ်တက်ကြွနေတယ်လို့ သဘောထားပြီး ကစားကြည့်။ စိတ်ဓာတ်တက်ကြွနေသူတွေရဲ့ ပုံကို မြင်ယောင်ပြီး သူတို့လုပ်တဲ့ ပုံစံအတိုင်လိုက်နေပါ။ ကြာရင် အလိုလိုစိတ်ဓာတ်တက်ကြွလာလိမ့်မယ်။ နဂိုပါရမီရှိပြီးသား မင်းလိုလူအနေနဲ့ကတော့ စိတ်အားထက်သန်မှုပါ ပေါင်းလိုက်ရင် ဘေ့စ်ဘောလောကမှာ ပိုပြီးအောင်မြင်လာပါလိမ့်မယ်။"

ဘက်တဂါဟာ သူ့မိတ်ဆွေပြောခဲ့တဲ့စကားတွေကို စိတ်ထဲမှတ်ထားပြီးတော့ ကစားခွင့်ကြုံခဲ့တဲ့ ပွဲတစ်ခုမှာ စိတ်အားထက်သန်မှုကို တမင်ဖန်တီးယူပြီး ကစားကြည့်ခဲ့တယ်။ ကစားရင်းနဲ့မှ အလိုလိုစိတ်အားတက်ကြွလာပြီးတော့ အရင်ကနဲ့မတူ တမူထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့တယ်။ နောက်တစ်ရက်ထုတ် မြို့က သတငန်းစားတွေမှ ဘက်တဂါဆိုတဲ့ ဘေ့စ်ဘောကစားသမားအကြောင်း ဝေေ၀စီစီ ဖော်ပြခဲ့ပါတယ်။ အဲလိုနဲ့ သူဟာ ဘေ့စ်ဘောလောကမှ အောင်မြင်ခဲ့ပါတယ်။

သူ့ရဲ့အောင်မြင်မှုက ဒီမှာတင်မရပ်ခဲ့ပါဘူး။ ကစားရင်း ဒဏ်ရတဲ့ဒဏ်ရာကြောင့် ဘေစ်ဘောကစားသမားလောက အနားယူခဲ့ရပေမဲ့ အာမခံအရောင်းကိုယ်စာလှယ် အဖြစ်အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ သူအဲလိုအောင်မြင်ခဲ့ရတာဟာ စိတ်အားထက်သံမှုကို ခံစားမွေးမြူခဲ့တံအတွက်ကြောင့်လို့ သူကိုယ်တိုင်ရေးသားခဲ့တဲ့ သူ့စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။

စာရေးသူတို့ဟာ ခုချိန်မှာ ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဝင်စားမှု လျော့နည်းပြီး သူလိုကိုယ်လို စွမ်းဆောင်ရည်ရှိတဲ့သူအနေနဲ့ ပဲရှိနေနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ဘက်တဂါ အသုံပြုခဲ့တဲ့နည်းလမ်းက စိတ်ဓာတ်မတက်ကြွဘူးဖြစ်နေတဲ့ သင့်ကို စိတ်ဓာတ်တက်ကြွလာအောင် ကူညီနိုင်ပါလိမ့်မယ်။

https://www.facebook.com/myanmaentrepreneurs/photos/a.1427500567529655.10737

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...