စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူရိုင်းများ နေထိုင်တဲ့ကျွန်း


Indigenous လူမျိုးများဟာ ကမ္ဘာအနှံ့မှာ ရှိပြီး နေထိုင်အသက်ရှင်မှု ကွဲပြားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် အရီဇိုးနား ပြည်နယ်မှာ နေထိုင်မှုများပြီး အင်ဒီယန်း လူမျိုးလို့လည်း သိထားပါတယ်။ သူတို့ရဲ့ ရုပ်ရည်ဟာ အနောက်တိုင်းနဲ့ မတူပဲ အာရှနဲ့ ပိုလို့ နီးစပ်ပါတယ်။ အမေရိကန်နဲ့ အနောက်တိုင်းမှာ မွေးဖွားတဲ့ indigenouse တို့ဟာ အနောက်တိုင်းသားများကဲ့သို့ အရပ်အမောင်း နဲ့ ကိုယ်အင်္ဂါကြီးပါတယ်။

အာဖရိကတိုက်မှာလည်း ရှိပြီး ယခု ပုံမှာ မြင်တွေ့နေရတာကတော့ ဘင်္ဂလား ပင်လယ်အော်ဒေသမှာ ရှိတဲ့ North Sentinel အမည်ရ ကျွန်းငယ်လေးမှာ နေထိုင်သူ လူရိုင်းများ ဖြစ်ပါတယ်။ သူတို့ဟာ နှစ်ပေါင်း မြောက်များစွာ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ အဆက်ပြတ်နေပြီး ဘယ်သူမှလည်း မသွားပါဘူး။

၁၉ ရာစုနောင်းပိုင်းက လူဦးရေ ၁၀၀ ကျော်မက ရှိပေမယ့် ယနေ့မှာတော့ လူဦးရေ ၇၀ ကျော်ပဲ ရှိပါတော့တယ်။ သူတို့ဟာ အခြား ပြင်ပ ကမ္ဘာက ဘယ်သူတွေပဲ လာလာ လက်မခံ ပါဘူး။
မြှားဖြင့် ပစ်ခတ်ခြင်း၊ လှံများ၊ ကျောက်ခဲများဖြင့် တိုက်ခိုက်ခြင်းတို့ကိုလည်း ပြုလုပ်ပါတယ်။

ဒါကြောင့်မို့ သင်္ဘောများ ရည်ရွယ်ချက်ဖြင့် ဆိုက်ကပ်တာပဲ ဖြစ်ဖြစ်၊ အက်ဆီးဒန့်ဖြစ်လို့ ဆိုက်ကပ်တာပဲ ဖြစ်ဖြစ် သူတို့ လက်မခံ ပါဘူး။ သူတို့နဲ့ သင်္ဘောများအကြား တိုက်ခိုက်မှုများ ဖြစ်လို့ ကယ်ဆယ်ရေး တပ်ဖွဲ့များက လာရောက်ကယ်ဆယ်ရတာမျိုးတွေတောင် ရှိခဲ့ပါတယ်။

အိန္ဒိယ၊ ဗြိတိသျှ တို့မှ အဓိက ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး နောက်တော့ သူတို့သဘာဝအတိုင်း နေစေဖို့ ကျွန်းငယ်လေးကို ဘေးမဲ့ ပေးခဲ့ ပါတယ်။ လေ့လာဖို့ သွားကြရင်တောင် လေယာဉ်ပျံ၊ ဟက်စကီးတို့ စီးလို့ အပေါ်စီးကနေပဲ ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက် လုပ်ကြပါတယ်။ ကျွန်းပေါ်ကို မဆင်းကြပါဘူး။ ကျွန်းမှာ တောသစ်ပင်များဖြင့် ဖုံးအုပ်နေပြီး Andaman အမည်ရ ကျွန်းစုထဲက ကျွန်းငယ်လေး တစ်ခု ဖြစ်ပါတယ်။
ကျွန်းပတ်ပတ်လည်ကို သဘာဝ အလှအပများ၊ ရေအောက် သန္တာကျောက်တန်းများဖြင့် ဝန်းရံထားပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/913923188650934

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...