စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အပြေး အကောင်းဆုံး သက်ရှိ



ကမ္ဘာ့အပြေးအကောင်းဆုံး သက်ရှိ (The best runner) အဖြစ် လူသားများက စံချိန်တင်ပါတယ်။ ဘယ်နေရာမျာလည်းလို Long Distance running မှာ ဖြစ်ပါတယ်။ အများစုကတော့ ကျား၊ ခြင်္သေ့၊ မြင်း၊ ခွေးအစရှိသဖြင့် တိရစ္ဆာန်များလို့ ထင်ထားပေမယ့် မဟုတ်ပါဘူး။ လူသားတွေသာ ဖြစ်ပါတယ်။

လူသားတွေမှာ စိတ်ရှည်သည်းခံနိုင်မှုလို့ခေါ်တဲ့ endurance ဆိုတဲ့ အချက်တစ်ချက် ရှိလို့ပါ။ ဘယ်အကြောင်းအရာ ကိစ္စမှာမဆို အခက်အခဲတွေ ကြုံတဲ့အခါ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း များက လူသားနဲ့ တိရစ္ဆာန်များကြား ကွာခြားမှုလည်း ဖြစ်ပါတယ်။ မြင်းတစ်ကောင်အနေနဲ့ ဘယ်လောက်ပဲ အပြေးသန်သန် သူ့အနေနဲ့ distance ကြာကြာ မပြေးနိုင်ပါဘူး။ တွန်းအားပေးမှု တစ်ခုလိုအပ် ပါတယ်။ ဒါကြောင့်မို့ လူနဲ့ တိရစ္ဆာန် မာရသွန်ပြေးပွဲ ပြုလုပ်ရင်တောင် လူပဲ နိုင်မှာ ဖြစ်ပါတယ်။

စိတ်ရှည်သည်းခံနိုင်မှု အများဆုံးလူတွေဟာ ဘဝမှာ အရှေ့အရောက်ဆုံးလူတွေ၊ အအောင်မြင်ဆုံးလူတွေ ဖြစ်ပါတယ်။ အခက်အခဲ ကြုံတိုင်း နောက်ဆုတ် အရှုံးပေးချင်စိတ်တွေပေါက်လာရင် ငါဟာ မြင့်မြတ်တဲ့ လူသားတစ်ယောက်ပဲ ဆိုတဲ့ စိတ်နဲ့ ပြန်လည် အားတင်းနိုင်ပါစေ။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...