
ယာဉ်မောင်းတွေအတွက် အန္တရာယ်ပိုကင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Samsung ဟာ ဖောက်ထွင်းမြင် ကုန်တင်ယာဉ်သစ်တစ်မျိုးကို ထုတ်လုပ်ပြသခဲ့ပါတယ်။
ဒီရှေ့ပြေးပုံစံ ကုန်တင်ယာဉ်မှာ ရှေ့ဘက်ခြမ်း ကင်မရာကို အသုံးပြုထားပြီး နောက်ကျောဘက်တံခါးတွေပေါ်မှာ တိုက်ရိုက်ပြန်လည်ပြသမှု ပြုလုပ်ထားပါတယ်။ ထို့အတွက်ကြောင့် ယာဉ်မောင်းတွေဟာ အရွယ်အစား အလွန်ကြီးတဲ့ ယာဉ်တွေရဲ့ ရှေ့မှာ ဘာရှိတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘေးအန္တရာယ် ကင်းတော့မှာပါ။
“ကျော်တက်ဖို့ အန္တရာယ်ကင်း၊ မကင်းကို ဆုံးဖြတ်ရာမှာ ယာဉ်မောင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းကို ရရှိစေပါတယ်။ ဒီဘေးကင်း ကုန်တင်ယာဉ်ရဲ့ နောက်ထပ် အကျိုးကျေးဇူးကတော့ ရုတ်တရက် ဘရိတ်အုပ် လိုက်တဲ့အခါ၊ တိရိစ္တာန်တွေ လမ်းဖြတ်ကူးတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ ယာဉ်အန္တရာယ်တွေကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။” လို့ Samsung က blogspot တစ်ခုမှာ ရေးသားခဲ့ပါတယ်။
Samsung ဖောက်ထွင်းမြင် ကုန်တင်ယာဉ်တွေမှာ ပိုပြီးအထင်ကြီးစရာကောင်းတာက ကင်မရာတွေမှာ အမှောင်ထဲမှာရိုက်ကူးနိုင်စွမ်း night vision ပါဝင်တာပဲဖြစ်ပါတယ်။ အဲ့ဒီ့တော့ နေ့နေ့၊ ညည ပူစရာမလိုတော့ဘူးပေါ့။ ပရဟိတအဖွဲ့အစည်းတွေနဲ့ အစိုးရဥပဒေထိန်းသိမ်းရေးတွေရဲ့ အကူအညီနဲ့ ဒီနည်းပညာကို ဒီ့ထက်ပိုတိုးတက်အောင် လုပ်ဆောင်မှာဖြစ်တယ်လို့ Samsung ကပြောခဲ့ပါတယ်။
TrendMyanmar
http://www.searchmyanmar.com/link/comment/cid/51769
No comments:
Post a Comment