စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓနည်းကျ ရေစက်ချအမျှဝေနည်း ”




  မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

  ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။
ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည်
အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး
အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။

တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး
ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင် အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌
ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကိုရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေ ကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း
ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ-

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့်
မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည်
သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း
သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက
မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ
(၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာ
ကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှ ရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသော ကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။

ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။
ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ ပတ္တိ-ကုသိုလ်အမျှကို၊
အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊
အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း
ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)

ထိုသို့ကုသိုလ်အမျှဝေရာတွင် ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန
အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့
ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။

သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်
တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။
သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက
ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတ
အနုမောဒနာအကျိုး ရရှိပါတယ်။

ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း
ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ်
သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့
ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာ ဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါ လမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး
ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို
ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက
သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။
ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကိုဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။
ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို
ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။
သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင်
ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။
သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍
နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ
အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။
ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ
ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ
အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက်
တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့
လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။

ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က
သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံး
သွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲမျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့
ဒါနကြောင့် ကယ်တင်ရန် ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။

နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီးတပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ
ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။
(ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင်
ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား
ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာတိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို
ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ
အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး
ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။
တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီးမေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့
ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို
သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာ ဘုရားအလောင်း
သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက
သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့
နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း
ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။

မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ
မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို
နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ
အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင်
မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။
တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူး
ဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ကောသလမင်းကြီးက မိဖုရားထံ
ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီးကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့
အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ
သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့
ငိုမိတာပါလို့ ပြန်ပြောပါတယ်။

ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက်
စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်
  မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ
ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို
သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။

ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။

ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။
ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ
တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

-[(အရှင်ကောမလ ဆန်နီနေမင်း) (သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ)Ph.D, Thesis (သီရိလင်္ကာ)]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion sickness )



ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိုပေးရတယ်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်တယ်။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမယ်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံတယ်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ တခြားအအန်သက်သာဆေးတွေက မထိရောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် တနေ့ ၄-၆ ကြိမ်။ အိပ်ချင်မယ်။ အိပ်ပျော်နေမယ်။

အကြံပြုချက်များ

မိုးကုပ်စက်ဝိုင်းဆီကိုသာကြည့်ပါ။ အဝေးကိုကြည့်ပါ။ စာမဖတ်ပါနဲ့။ ခေါင်းကိုငြိမ်ငြိမ်ထားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူနဲ့တွဲမထိုင်ပါနဲ့။ ခရီးမထွက်မီ အဆီ-အစပ်များတာမစားပါနဲ့။ အရက်မသောက်ပါနဲ့။ အပြင်ကို မမြင်ရချိန်မှာဆိုရင် မျက်စိတဖက်တည်းသာဖွင့်နေပါ။ အိပ်နိုင်အောင်ကြိုးစားပါ။ ပီကေ (ခြူယင်းဂမ်း) ဝါးနေပါ။ လေအေး လေသန့်ရတာသက်သာစေတယ်။

Meclizine (Antivert), Dimenhydrinate (Dramamine) ဆေးတခုခုကို ခရီးမထွက်မီ နာရီဝက် တနာရီကြိုသောက်ပါ။ ဆေးက အိပ်ချင်မှာကိုသတိပြုပါ။ Scopolamine transdermal patches (1.5 mg) ဆေးကပ်ခွါ၊ Scopolamine tablet form (0.4 mg) ဆေးပြားသုံးနိုင်တယ်။ ခရီးမထွက်ခင် စောနိုင်သမျှစောစောကြိုကပ်ထားပါ။ တခါကပ်ရင် ၇၂ နာရီခံတယ်။ ပန်းနာ၊ မျက်စိရေတိမ်၊ ဆီးအသွားခက်သူတွေနဲ့မသင့်ပါ။ Metoclopramide နဲ့ Prochlorperazine ဆေးလဲ သုံးနိုင်တယ်။ head-worn computer device ခေါင်းတပ် ကွန်ပြူတာသုံးကိရိယာလဲ သုံးကြတယ်။ ViBAN မျက်စိတပ် ကိရိယာလဲ သုံးတယ်။ Wristband လက်ကောက်ဝတ်တပ်စရာလဲ သုံးတယ်။ Ginger root ချင်း (ဂျင်း) မြစ်ကိုလဲ သုံးကြတယ်။

  ဒေါက်တာတင့်ဆွေ

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2

အတွေ့အကြုံမရှိသေးသောအလုပ်ကိုလျှောက်ရာတွင် အရေးကြီးသောအချက်တစ်ချက်



ဥပမာ သင်အလုပ်တစ်ခုကိုလျှောက်နေတယ်ဆိုပါစို့။ CV တစ်စောင်၊ Cover Letter တစ်စောင်လည်း သေသေချာချာရေးပြီးသွားပြီးဆိုပါစို့။ ဒါပေမယ့် သင့်မှာကအဲ့ဒိအလုပ်နဲ့ပက်သက်ပြီးအတွေ့အကြုံမရှိဘူး ဆိုပါစို့။ ဒါပေမယ့် အဲ့ဒိ CV နဲ့ Cover Letter မပို့ခင်မှာသေချာပြန်စစ်မိပါရဲ့လား။ လူတော်တော်များများ လုပ်လေ့ရှိတဲ့အမှားတစ်ခုကိုပြောပြပါမယ်။ သင့်ရဲ့ Cover Letter မှာအောက်ပါ ၀ါကျမျိုးတွေသုံးဖူး ပါသလား?
• “Despite my limited experience with marketing…”
• “Although I do not have experience directly managing people…”
• “While I only have work experience doing administrative tasks…”

အထက်ပါဝါကျများကတော့ အတွေ့အကြုံမရှိကြောင်းကို ၀န်ခံဖော်ပြတဲ့ ၀ါကျများဖြစ်ပါတယ်။ ဒါကိုမှားတယ်လို့တော့ ဘယ်သူမှထင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုရေးခြင်းက သင်ဟာ သူ့အလုပ်အတွက် သိပ်သင့်တော်လှတဲ့သူမဟုတ်ကြောင်း ထောက်ပြနေသလိုပါပဲ။

သင်အရင်ကအတွေ့အကြုံမရှိခဲ့လည်း သင်အတွေ့အကြုံမရှိကြောင်းကိုဖော်ပြမယ့်အစား အခြားသင့်ရဲ့အားသာချက်တွေကို ပိုအာရုံစိုက်ဖော်ပြသင့်ပါတယ်။ သင့်ရဲ့အားသာချက်တွေက သူခေါ်ယူနေတဲ့ရာထူးအတွက် ဘယ်လိုသင့်တော်ကြောင်းဖော်ပြပါ။ သင့်ရဲ့စိတ်အားထက်သန်မှုကို ဦးစားပေးဖော်ပြပါ။ ဥပမာ အောက်ပါဝါကျမျိုးတွေသုံးလို့ရပါတယ်။
• “I’m excited to parlay my experience in PR to a more analytical marketing position.”
• “I’m ready to take the next step in my career- management.”
• “I’m eager to translate my success in this administrative position to a more client-focused role.”
ဒါကြောင့်မို့လို့အတွေ့အကြုံမရှိတဲ့အကြောင်းကိုထောက်မပြပါနဲ့။ သင်ရဲ့အားသာချက်တွေက သင်လျှောက်ထားတဲ့ ရာထူးအတွက် ဘာကြောင့်သင့်တော်သလဲဆိုတာကိုသာ အဓိကထားဖော်ပြပါ။

မိုးရှင်း (I.M.T)
www.work.com.mm
Ref:linkedin


https://www.facebook.com/Work.com.mm/photos/a.359562060790938.8592

အထီးကျန်ခြင်းဝေဒနာတွေနဲ့အတူအနုပညာတွေကိုဖန်တီးခဲ့သော “ Yap Hanzhen ”


 

 
အသက်၁၆နှစ်အရွယ်မလေရှားနိုင်ငံသား“Yap Hanzhen”သည် လူတွေနှင့်ဆက်ဆံရတာခက်ခဲတဲ့ရောဂါတစ်မျိုးကိုနှစ်နှစ်အရွယ်မှာစတင်ခံစားခဲ့ရပါတယ်။သူငယ်စဉ်
ကလေးဘ၀မှဆယ်ကျော်သက်အရွယ်အထိလူတွေနဲ့စကားပြောဖို့အတွက်ခက်ခဲခဲ့ပါသည်။ 


သူနဲ့ဆက်ဆံပြောဆိုတဲ့အခါအဆင်ပြေစေဖို့အတွက်သူ့မိဘတွေသည်သူ့ကိုပုံဆွဲစာအုပ်တစ်အုပ်နဲ့ခဲတံ
တွေပေးခဲ့ပါသည်။သူ့ဘ၀ထဲကနေသူဖြစ်ချင်တဲ့အရာတွေကိုပြင်ပလောကထဲကိုရောက်လာဖို့အတွက်မိဘ
တွေကဖန်တီးပေးခဲ့ပါတယ်။

ဒါပေမဲ့သူ့ပုံဆွဲစာအုပ်ထဲကပုံရိပ်တွေကတော့သူ့မိဘတွေနဲ့ဆက်သွယ်ဖို့ထက်ပိုခဲ့ပါတယ်။အခုချိန်မှာ
တော့“Yap”၏ပုံဆွဲစာအုပ်ထဲကပုံရိပ်တွေသည်နိုင်ငံတကာပန်းချီပြခန်းတွေဆီကိုရောက်သွားခဲ့ပါသည်။သူ့ဆွဲသားခဲ့သည်
အနုပညာပုံရိပ်တွေကိုနိုင်ငံတကာ မှာပန်းချီပြပွဲတွေလုပ်ခဲ့ပါသည်။သူဆွဲသားခဲ့သည်ပုံတွေကိုလည်းစာအုပ်
အဖြစ်ထုတ်ဝေခဲ့ပါသည်။

“Yap”တွင်ထူးခြားမှုတစ်ခုလဲရှိပါသည်။မြင်တွေ့လိုက်တဲ့ပုံရိပ်တိုင်းကိုဓာတ်ပုံရိုက်ကူးထားသလိုမျိုးမှတ်မိနိုင်
နေတာပါပဲ။မှတ်ထားတဲ့ပုံရိပ်တိုင်းကိုလည်းအမှားမရှိပြန်လည်ရေးဆွဲနိုင်သလို၊၂၄နာရီအတွင်းမြင်တွေ့ခဲ့တဲ့
ပုံရိပ်တိုင်းကိုလဲထပ်တူရေးဆွဲနိုင်ပါသည်။ဒီလိုဆွဲ နိုင်တဲ့အပြင်၊သူ့မှာကိုယ်ပိုင်အနုပညာဖန်တီးနိုင်တဲ့စွမ်းရည်တွေ
လဲရှိနေပါတယ်။သူ့မိဘတွေသည်သူ့ကိုပုံဆွဲစာအုပ်ပေးလိုက်တာနဲ့တစ်နေ့တာမြင်တွေ့ခဲ့ရတာတွေ၊ခံစားခဲ့
ရတာတွေကိုပုံဆွဲစာအုပ်ပေါ်မှာဆွဲပြခဲ့ပါတယ်။

“Yap”သည်အခုချိန်မှာတော့ကျောင်းစာကိုတစ်နေ့၆နာရီလောက်သင်ယူလေ့လာနေရပါတယ်။ကျောင်းကနေ
အိမ်ကိုပြန်ရောက်လာရင်တော့ပန်းချီဆွဲခြင်းကိုခြောက်နာရီလောက်လေ့ကျင့်နေပြန်ပါတယ်။သူ့စိတ်ကူး
ထဲကအိပ်မက်ကတော့တစ်နေ့မှာပန်းချီအနုပညာရှင်တစ်ဦးဖြစ်လာဖို့ပါပဲ။သူသည်ပန်းချီဆွဲရခြင်းကိုနှစ်သက်တဲ့
အပြင်စန္ဒားတီးရတာကိုလည်းနှစ်သက်သူဖြစ်ပါသည်။
သူ၏နောက်ထပ် စိတ်ကူးလေးတစ်ခုကတော့ဂီတပညာရှင်တစ်ဦးဖြစ်ဖို့ပါပဲ။

သူ့အသက်၁၃နှစ်မှာပဲသူ့ဆွဲသားခဲ့သောပန်းချီကားတွေသည်အောင်မြင်ခဲ့ပါသည်။သူ့ပထမဦးဆုံးပန်းချီပြပွဲ
ကိုလည်းသူ့အသက်၁၃နှစ်မှာပဲပြုလုပ်ခဲ့ပါသည်။သူ့သည်ပန်းချီပြပွဲ၂၁ပွဲကိုကမ္ဘာအနှံ့မှာပြသခဲ့ပါသည်။ပရဟိတ
အလှူ ပွဲတွေအတွက်လည်းသူသည်ပန်းချီတွေကိုဆွဲပေးခဲ့ပါသည်။
သက်( ref: Via)

https://www.facebook.com/NewsWatchJournal/posts/805708772800259 

ကောင်မလေး ဖတ်ဖို့

                   

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရပါဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ပါဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကိုသင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား၊

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်ပါနဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကိုမေ့တာနဲ့ သင့်ကို သူမချစ်တော့တာမဟုတ်ပါဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားလေးတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ပါဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုပါနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားပါနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွှတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့နောက်ချစ်သူ ဘယ်လောက်လှလဲ၊ သူ့နောက်ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောပါနဲ့၊ ဆုံးဖြတ်ချက်တွေ မချပါနဲ့။ ဒါဟာ သင့်ကို နောင်တရစေပါလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ့်ပါဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ပါဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရတယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တတ်ပါတယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလိုဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေပါနဲ့..... သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေမကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းပါတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားပါနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင်သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးပါနဲ့။ လိုက်လိုက်မေးတာများသွားရင် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူစိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ပါဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရပါတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်ပါတယ်။

(၃ဝ) လမ်းခွဲချိန် မငိုနဲ့.... လုံးဝ မငိုနဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ရှေ့မှာ မငိုပါနဲ့... သူ့ကွယ်ရာကျမှ ငိုပါ။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

ခေတ်မီတိုးတက်ခြင်းနောက်ကွယ်က အန္တရာယ်တချို့

                           
လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ … ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို

စိတ်ကျရောဂါအဖြေရှာခြင်း



စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန် တွေ ဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေး အတွက်ပါ တာဝန် ယူကြရ တယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ် သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်း ဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့ နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာ တော့ တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ ဘဝအဓိပ္ပါယ် ကင်းမဲ့သလို ခံစားရတာတွေ ဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။

စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့ တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ လက္ခဏာတွေ ကိုယ်စီရှိ တယ်။ အဆင့် သတ်မှတ်ချက်၊ ရောဂါအပျော့အပြင်းလည်း မတူကြ ဘူး။ ဝေဒနာခံစား ရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်း ကြတာ များတယ်။ စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစား အသောက် ပျက်တာလည်း ရှိတယ်။ တချို့က အအိပ်ပျက် အအိပ်ခက်ပေမယ့် တချို့က အိပ်ပြီးရင်း အိပ်ချင်တတ်တယ်။ မျက်တွင်း ဟောက်ပက် အိပ်ရေးပျက်တာ စိတ်ရောဂါနဲ့သက်ဆိုင်တတ်တယ်။ ဒါကိုပဲ ပတ်ဝန်းကျင်က အတင်းပြောတော့ အပျင်းကြီးတယ်ဖြစ်တယ်။ အမှန်က ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ခန္ဓာကိုယ်နရီစီးချက် မမှန်တော့ပဲ စိတ်ပျက်၊ အအိပ်ပျက် အစားပျက်ပြီး လူက ပိန်ချုံးလာတတ်တယ်။ တချို့ကလည်း အစားအသောက် တွေပိုစားလာတယ်။ စိတ်ခံစားမှုကို ဒီနည်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားရင်း ဝလာကြတယ်။ ဝလို့လှတယ်ဆိုချင်သူတွေ သတိထားပါလေ။

ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် စကားအပြောအဆိုနည်းပြီး အပြုအမူကစ လေးလံ ထိုင်းမှိုင်း လာတာ သိသာတယ်။ အပြုသဘောမှန်သမျှ ကိုယ်နဲ့မဆိုင်သလို အပျက် သဘောတွေသာ တွေးမြင်လုပ်ကိုင်လာတယ်။ ဘာ့ကြောင့် မှန်းအဖြေရှာမရပဲ အကြောင်းမဲ့ ဝမ်းနည်းနေတတ်တယ်။ တချို့က အကြောင်းခံ မယ်မယ်ရရ မရှိဘဲ အော်ဟစ်ငိုကြွေးတာမျိုး လုပ်လာတယ်။ စိတိတိုလွယ် ဒေါသကြီးလွယ်တာလည်း ရှိပါတယ်။တဖက်သားကို အလိုလိုမုန်းတီးနေပြီး လောကကြီးနဲ့ သဟဇာတ မဖြစ် သလို ခံစားရတယ်။ ဆုံးဖြတ်ချက် မှန်သမျှ မှားယွင်းလာတယ်။ နေ့စဉ် မျှော်လင့် ချက် ကင်းမဲ့ တတွေတွေတမှိုင်မှိုင်နဲ့ ဝမ်းနည်းပူဆွေးတတ်တာ စိတ်ကျရောဂါရဲ့ လက္ခဏာပါ။ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါလေ။ ဒီလိုလူတွေက နှလုံးနဲ့ အစာအိမ် ရောဂါ သူများထက်ပိုဖြစ်တယ်။

အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရတာ အဆိုးဆုံးနဲ့ ခံရ အခက်ဆုံး ပါပဲ။ နောက်ဆုံးအဆင့် ခေါ်ရမယ်။ လူ့ဘဝကြီးက အဓိပ္ပါယ်ကင်း မဲ့သလို ခံစားလာရပြီးနောက် လုပ်စရာ များများစားစား မကျန်တော့ဘူး။ အဆုံးသတ် မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး (suicide) တွေ ဖြစ်လာ တယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တွေလည်း ခေါင်းထဲမဝင်တော့ဘူး။ တရား သဘော လာမပြောပါနဲ့။ဘာ့ကြောင့်လဲဆိုတော့ ဘဝအတွက် ထွက်ပေါက်က ဒီတခု တည်းရှိတယ်လို့ ခံစားနေရလို့ပဲ ဖြစ်တယ်။

၂၀၁၃ မှာ စစ်တမ်းတခုလုပ်တော့ ချမ်းသာတဲ့နိုင်ငံအများစုဟာ စိတ်ကျရောဂါ ခံစားရနိုင်ချေ ပိုများတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။ အပြိုင်အဆိုင်လုပ်ရသူတွေရဲ့ စိတ်ဖိစီးမှုဟာ လူသာမန်တွေထက် ပိုပါတယ်။ အလုပ်တာဝန်များသူ၊လူအများနဲ့ ဆက်ဆံရသူတွေဟာ စိတ်ကျရောဂါ ခံစားလွယ် လာကြတယ်။ ဒီနေ့ကမ္ဘာမှာ စိုးရိမ်စိတ် အများဆုံး၊ စိတ်ဖိစီးမှု အများဆုံး နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေဖြစ်ပါတယ်။ နှစ်စဉ် အမေရိကန်လူမျိုး (၂၅)သန်း လောက်ဟာ စိတ်ကျရောဂါခံစားနေရတယ်။ ၁၃မိနစ်တိုင်း လူတယောက် ဟာ သတ်သေမှုကြောင့် အသက်ဆုံးရှုံးနေတယ်။ အမေရိကားမှာ ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် သေဆုံးမှုက နံပတ်(၁၀)မှာ ရပ်တည်နေတယ်။ ထူးဆန်းတာက နှလုံး၊ ကင်ဆာ၊HIVလို ရောဂါတွေထက် စိတ်ကျရောဂါခံစားရသူ အရေအတွက်က ပိုများနေပါတယ်။ အနောက်နိုင်ငံ တွေမှာ အောင်မြင်မှု၊ကျရှုံးမှုကို မခံစားနိုင်သူတွေအတွက် ထွက်ပေါက်က အရက်၊ဆေးဝါး၊တားမြစ်ဆေးတွေ အလွယ်တကူရှိတယ်။ စိတ်ကိုပြောင်းလဲ စေတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကျရောဂါ ကို ကဲစေတယ်။ အရက်၊ဟော်မုန်း၊ ရောဂါဘယတွေကလည်း စိတ်ကို သက်ရောက် စေတယ်။ အကြောင်းအရာစုံလို့ တခုတည်းကို လက်ညှိုးထိုးလို့မရဘူး။

စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက များတယ်။

ဝမ်းနည်းမှုကြေကွဲမှု၊ အလုပ်အကိုင်၊ ဝင်ငွေဆုံးရှုံးမှု၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ သက်ဆိုင်တယ်။ ငယ်စဉ်က စိတ်အနာ တရဖြစ်ဖူးသူ (အဖေ အမေ ကွဲတာ၊ အဖိအနှိပ်ခံရတာ၊ ဆင်းရဲချို့တဲ့သူ) တွေဟာ ပိုခံစား ကြရတယ်။ မိဘ အုပ်ထိန်းမှု ညံ့တာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။ ပိုဆိုင်တာက ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောငိ့ ဖြစ်တယ်။ လုပ်ငန်းခွင် အပြိုင်အဆိုင်နဲ့ အလုပ် တာဝန်တွေက စိတ်ကို ဖိစီးစေတယ်။ ဒီအချက်တွေက အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကိုပါ ဆင့်ကဲဖြစ်စေ တယ်။ နယ်တွေ၊ တောရွာတွေမှာ ကျတော့ ရောဂါအမည်တပ်ဖို့ ပိုကောင်းတယ်။ စုန်းကိုက်သလို၊ နတ်ကိုင်သလို အပြုစားခံရသလို အမျိုးမျိုးပြောကြတာတွေဟာ စိတ်ကျရောဂါ ကြောင့် ဖြစ်တယ်။ တကယ်တမ်း စိတ်ကျရောဂါ အဖြေရှာကြည့် တော့ ဘုရားဟော သလိုပဲ။ "ပုထုဇ္ဇနော ဥမ္မတ္တကော" လူသာမန်တွေရဲ့စိတ်ဟာ တည်ငြိမ်မှုမရှိ၊ ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်လို့ဆိုတာ တွေ့ရပါတယ်။ ကိလေသာမကင်းသမျှ အတက်၊ အကျအပြောငိးအလဲကတော့ ရှိနေမှာပဲ ဖြစ်တယ်။

စိတ်ကျရောဂါရဲ့အခြေခံက စိတ်ထိခိုက်တာနဲ့ စိတ်ဒဏ်ရာရတာပါ။ ဒါကို မကုဘဲ ထားရင် ပိုဆိုးတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲကုရတယ်။ ဒါပေမယ့် စနစ်တကျကုဖို့နဲ့ ခံစားရတဲ့ဝေဒနာ အတိမ်အနက်ကို နားလည်ဖို့လိုတယ်။ ကျနေတာတခုကို ဆွဲတင်ဖို့ဆေးနဲ့ ဆရာလိုပါတယ်။ ဒါပေမယ့် ဆရာဝန် (သို့) အပေါင်း အဖော်တွေက အားပေးရုံ၊ဖေးမရုံသာ တတ်နိုင်တယ်။ တကယ်ကုရမှာက ကိုယ့်စိတ်ကို ထိန်းဖို့၊ သိမ်းဖို့ ပရမ်းပတာ မဖြစ်စေဖို့ပါ။ စိတ်ကျသူတွေအတွက် လောကကြီးကို မှန်တချပ်လို့ သဘောထားပြီး တခြားဖက်က မြင်နိုင်အောင် လှုံဆော်ပေးရတယ်။ အကြည့်တွေလွဲနေ၊လောကကြီးကို သုံးသပ်တာတွေ ပြောင်းလဲနိုင်အောင် ကူညီပေးရတယ်။ စိတ်ပညာရှင်တွေ၊ဆရာဝန်တွေက ဒီနေရာမှာတော့ အသုံးကျပါတယ်။ စိတ်ကျဝေဒနာသည်တွေအတွက် ပတ်ဝန်းကျင် အကူအညီ၊ ဖေးမမှု၊ စာနာမှု၊ နားလည်မှုက အရေးကြီးတယ်။ တခါတရံ မျှော်လင့်ချက် ကင်းမဲ့သူတွေကို အားပေးရတာ ကုသိုလ်ဖြစ်တယ်။

စိတ်ကျရောဂါကို ကုသလို့ရပါတယ်။ မကုပဲထားရင် ပိုဆိုးလာမယ်။ လေ့လာ မှုတွေအရ ဆေးပေးပြီး စနစ်တကျကုသသူရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ တိုးတက် ကောင်းမွန်လာတယ်။ ရောဂါဆိုးလေ ဆေးတိုးလေဆိုတာ စိတ်ကျရောဂါကို ဆိုလို တာပါ။ ဆရာဝန်က ဆေးပေးရသလို ဖြစ်သူဖက်က တွေးပေးရတာလည်း ရှိပါတယ်။ ထပ်လိုတာက စိတ်ဓာတ်ခွန်အားနဲ့ အားပေးစကားပါ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း က ထပ်ဆောင်းပေးရမှာက နားလည်မှုနဲ့ စာနာမှုပါ။ ကိုယ်တိုင် လိုအပ် တာကတော့ မိမိမှာ စိတ်ကျရောဂါရှိနေပြီဆိုတာသိနေဖို့နဲ့ ပြောင်းလဲချင် စိတ်ရှိဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆောင်ရင် အရာအားလုံးကို အောင်နိုင်ပါတ တင်နုတ်ုတ်ယ်။ စိတ်ကျရောဂါ အဖြေရှာပါတော့။

Credit to ဒေါက်တာ အေးမင်းထူး၊ ရတနာပုံသတင်းစာ (၅.၁.၂၀၁၅) မှ ပြန်လည်ကူးယူ ထုတ်နုတ် တင်ပြထားပါသည်။

MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
Mobile : 09-4310-4163 & 09-3023-7389

https://www.facebook.com/momopmm/photos/a.1491075344484926.1073741828.14905

မြန်မာဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တချို့





Byမောင်သာချိုOn Friday, December 19, 2014

(တစ်)
အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့ မြန်မာဘယ်လိုခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ်ပါလိမ့်မလဲ။ ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာပေါက်အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့မတတ်ပေါင်ဗျာ။ ကွယ်လွန်သူသံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာတစ်ပုဒ်မှာ ‘‘သိပ်မတူသော အမြွှာညီနောင်’’လို ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့ ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။

ဟုတ်ပါတယ်။ ကွဲပြားခြား နားမှုရဲ့ သော့ချက်ကို မသိသူတွေ အဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်း နည်းကလေးခက်ပါတယ်။ ဒါပေမဲ့ခွဲနည်းကို သူတို့က ပြောပြတော့ လည်း အရှင်းသားပါကလား။

ထိုင်းရဲတွေက မြန်မာကို ဖမ်းတဲ့အခါ နှစ်ချက်ကြည့်လေ့ရှိပါ တယ်တဲ့။ ပထမတစ်ချက်က ပါး စပ်ကိုကြည့်တာပါ။ မသေချာရင် ပါးစပ်ကို ဟပြခိုင်းတတ်ပါတယ်။ ကွမ်းစားထားသလား၊ မစားဘူး လား။ ကွမ်းစားထားရင် မြန်မာ၊ မစားရင် ထိုင်း။ လွဲခဲပါတယ်။ တောနေ တောထိုင်သက်ကြီးရွယ် အို နည်းနည်းပါးပါးကလွဲလို့ သည်နေ့ မျိုးဆက်သစ်ထိုင်းတွေဟာ ဘယ်သူမှ ကွမ်းမစားကြတော့ပါ ဘူး။ ဒါကြောင့် ပါးစပ်မှာ ကွမ်းစား ထားတဲ့ အရိပ်အယောင်ကလေး တွေ့လိုက်ရပြီဆိုတာနဲ့ အဲသည့် လူကို ဖမ်းပြီး လိုချင်တာကို ညှစ် လို့ရပါပြီ။ ဧကန်မုချ အဲဒါ မြန်မာ နိုင်ငံသားပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကားလမ်း၊ ရထားလမ်း၊ ဘူတာရုံ၊ လူသွားစင်္ကြံ၊ ဆေးရုံ၊ ကျောင်း၊ရုံး၊ လှေကားအတက်အဆင်းနေ ရာတိုင်းမှာ ကွမ်းတံတွေးတွေနဲ့ ပေ လူးနေတာကို အားလုံးအသိပဲမို့ ထိုင်းရောက်မြန်မာအမျိုးကောင်း သားတို့က အဲဒါကို ဆက်ပြီးကျင့် သုံးကြတဲ့အခါ ထိုင်းရဲက ဖမ်းဖို့ လွယ်ကူသွားတာပါ။

(နှစ်)

ကျွန်တော်က ဒါဆိုရင် ကွမ်း မစားကြတော့ဘူးဆိုရင်ဖြင့် ခွဲရ ခက်သွားမှာပေါ့လို့ အထွန့်တက် မိခဲ့ပါသေးတယ်။ မိတ်ဆွေက ရယ်ပါတယ်။ မခက်ဘူး ဆရာရဲ့ တဲ့။ တခြားနည်းလမ်းတွေရှိသေး တယ်တဲ့။ ဆိုစမ်းပါဦးလို့ စကား ကလေးထောက်ပေးတော့ ရယ် သွမ်းသွေးရင်းကနေ မလှမ်းမ ကမ်းက ပလက်ဖောင်းပေါ်မှာ လျှောက်သွားနေတဲ့ လူတစ် ယောက်ကို လက်ညှိုးညွှန်ပြပါ တယ်။ အဲဒါ မြန်မာဗျတဲ့။ ကျွန် တော်က ခင်ဗျား ဘယ်လိုခွဲခြားသ တုံးဗျာလို့ မေးမိတော့ သူက ဟိုမှာလမ်းသွားရင်းနဲ့ ဖုန်းကို ပွတ်သွား နေတာ မတွေ့ဘူးလားတဲ့။ ဟုတ် တယ်ဗျ။ လမ်းတစ်လျှောက်လုံး မှာကို လက်ထဲက ဖုန်းကို တရစပ်ပွတ်ပြီး လျှောက်သွားနေတာ။ သူ ပြောမှပဲ သတိထားမိတော့တယ်။ ထိုင်းနိုင်ငံသားအားလုံးလိုလိုဟာ အကြောင်းမဲ့သက်သက် ဖုန်းကို ပွတ်နေတယ်ဆိုတာ အလွန်တွေ့ ရခဲတာကလား။ အမျိုးကောင်း သား မြန်မာတို့သာ ဘူတာရုံမှာ ပွတ်၊ ကားမှတ်တိုင်မှာပွတ်၊ ရ ထားပေါ်၊ ကားပေါ်ပွတ်၊ ရုံးခန်းစားပွဲမှာပွတ်၊ ခြင်ထောင်ထဲမှာပွတ်၊ လှေကားထစ်ထောင့်ချိုးမှာပွတ်၊ လမ်းဘေးအုတ်ခုံမှာပွတ်၊ ထိုင်ပွတ်၊ ထပွတ်၊ လျောင်းပွတ်၊အိပ်ပွတ်။ ထိုင်းရဲက အရည်မရ အဖတ်မရ ဖုန်းပွတ်နေတာကို မြင်လိုက်တာနဲ့ ဒါမြန်မာနိုင်ငံသားဆိုတာ ကိုးဆယ့်ကိုးဒသမကိုးကိုး သေချာတယ်ဆိုပြီး ဖမ်းတာပါ။ လွဲခဲတယ် ခင်ဗျ။

(သုံး)

မြန်မာနိုင်ငံသားဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တွေဟာ တော်တော်ပဲများပါတယ်။ ထိုင်း ရောက် မြန်မာတွေဟာ ထိုင်းနဲ့ ဆင်တူကြတာကြောင့် ထိုင်းလား၊ မြန်မာလားဆိုတာကို အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ ခွဲရသလို ဥရောပကမ္ဘာလို ၊အနောက်ကမ္ဘာလို နိုင်ငံကလူတွေကျတော့ လည်း ဒါဟာ မြန်မာလား၊ ထိုင်း လား၊ ဗီယက်နမ်လား၊ ကမ္ဘော ဒီးယားလားခွဲခြားရခက်တတ်ပါ တယ်။ ရင်းနှီးသူ၊ လူဖြူမိတ်ဆွေ တချို့က မြန်မာဖြစ်မှန်းတန်းသိ တဲ့အချက်တချို့ကို အသိတရား လက်ဆောင်ဝေမျှပါတယ်။

လေဆိပ်ထဲမှာ Check In ၀င်တဲ့အခါ၊ လေဆိပ်ကောင်တာမှာ Boarding Pass ယူတဲ့အခါ၊ လေယာဉ်ပေါ်သို့တက်၊ လေယာဉ်ပေါ် က ဆင်းတဲ့အခါ တန်းမစီဘဲနဲ့ ဟိုလိုလို သည်လိုလိုလုပ်ပြီး ၀င်လာ သူကို တွေ့တဲ့အခါ အဲဒါမြန်မာပါ တဲ့။

အမှိုက်ကို ရထားပေါ်က၊ ကားပေါ်က၊ လမ်းလျှောက်သွား နေရင်းက၊ တိုက်ခန်းပေါ်က ပစ် ချသူကိုတွေ့တဲ့အခါ အဲဒါမြန်မာ ပါတဲ့။

ကလေးငယ်ကလေးတစ် ယောက်၊ သက်ကြီးရွယ်အိုတစ် ဦး၊ မသန်စွမ်းသူ တစ်ပုဂ္ဂိုလ်ကို တွေ့နေပါလျက်နဲ့ ထိုင်ခုံက မထ ပေးဘဲ နေမြဲနေနေတာ အဲဒါမြန် မာပါတဲ့။

မျဉ်းကျားကနေ လမ်းကူးဖို့ စောင့်နေတဲ့ လူကိုရပ်မပေး၊ ကူး နေတဲ့သူကို တွေ့တော့လည်း နင် ပဲ ငဆနဲ့ဆဲဆိုကြိမ်းမောင်းပြီး မထီမဲ့မြင်မောင်းနှင်ထွက်သွားတတ် တဲ့ ကားမောင်းသူနဲ့တွေ့တဲ့အခါ အဲဒါ မြန်မာပါတဲ့။

အသက်မပြည့်တဲ့ ကလေး တွေကို စီးကရက်ရောင်းပေးတာ မြန်မာ၊ အရက်ဘီယာရောင်းပေး တာ မြန်မာ၊ အိမ်နားနီးချင်းတွေ နားမခံသာအောင် သီချင်းတွေ၊ တရားခွေတွေ ၀က်ဝက်ကွဲဖွင့်တာ မြန်မာ၊ ကိုယ့်ကြောင့် လူတစ် ယောက်ယောက် အနေအထား ပျက်သွားတဲ့အခါ တောင်းပန်ပါ တယ်လို့ တိုးလျှိုးဖို့ ၀န်လေးနေ တာ မြန်မာ၊ သြော်...မြန်မာရဲ့ သိ သာထင်ရှားတဲ့ အမှတ်အသား တွေဟာ များလှချည်ရဲ့။

ဒါပေမဲ့...အဲဒါတွေဟာ ကျေနပ်စရာတွေလားလို့ မေးခဲ့ရင် မြန် မာနိုင်ငံသားတွေ ဘယ်လိုဖြေကြ လေမယ် မသိ။ စိတ်တွေ ဘာတွေ ရော ဆိုးနေကြဦးမှာလေလား။ ကျွန်တော်ကတော့ မဆိုးဘူး။ မ ဆိုးချင်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ ပုံရိပ်ပဲလေ။ အဲသည့်ပုံရိပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးခဲ့ကြ တာပဲလေ။

မကျေနပ်ရင် အဲသည့်ပုံရိပ် တွေကို ဖျက်ပစ်ဖို့ပဲပေါ့။ ပုံရိပ်လှ အောင်ပြန်ပြီး ထုဆစ်ကြရုံပဲပေါ့။ အဲဒါ စာဖတ်တဲ့သူတွေရော၊ စာ မဖတ်တဲ့သူတွေရော ပြန်ပြီး ထု ဆစ်ကြမှရမယ့်ကိစ္စ။ မြန်တာနှေး တာက နိုင်ငံသားတွေနဲ့ စိတ်ဇော အဟုန်ထက်သန်မှု၊ မထက်သန် မှု။

  မောင်သာချို

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မာလာအောင်နှင့် အင်တာဗျူး



IRRAWADY

အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားများ ဆန္ဒပြကန့်ကွက်နေချိန်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် (တာဝ တက္ကသိုလ်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မာလာအောင် ဦးဆောင်သည့် အမျိုးသား ပညာရေး ဥပဒေ ရှင်းလင်းပွဲကို ဇန်နဝါရီလ အစောပိုင်းက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ ယင်းရှင်းလင်းပွဲတွင် ဥပဒေ ပါရဂူ ဒေါက်တာ မာလာအောင်က အစိုးရမှ ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေးဥပဒေပါ အချက်များသည် ပြည့်စုံမှု မရှိကြောင်း၊ ဥပဒေတွင် ချို့ယွင်းချက် များစွာရှိကြောင်း ရှင်းလင်းပွဲတွင် ထောက်ပြခဲ့သည်။

ဒုတိယ ပါမောက္ခချုပ် မာလာအောင်သည် ၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ တိုဟိုကု (Tohoku) တက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။ အငြင်းပွားမှု၊ ဝေဖန်မှုနှင့် ကန့်ကွက်ဆန္ဒပြမှုများ ကျယ်ပြန့်စွာ ဖြစ်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် စပ်လျဉ်း၍ ဒေါက်တာ မာလာအောင်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်းထားပါသည်။

  မေး။ ။ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ရှင်းပြခွင့်ဖို့ ဘယ်လိုတွေ ဆောင်ရွက်ခဲ့ပါသလဲ။

  ဖြေ။ ။ အမျိုးသား ပညာရေး ဥပဒေကို စရေးဆွဲကတည်းက ကျမ ပါဝင်ဆောင်ရွက်ရခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေသလဲဆိုတာ မသိခဲ့ဘူး။ သတင်း၊ ဂျာနယ်တွေထဲမှာ ကျောင်းသားတွေက အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်မှောက်တယ်ဆိုတဲ့ အကြောင်းတွေ ဖတ်ရတယ်။ ဒါနဲ့ ဒီဥပဒေကို လေ့လာချင်တဲ့စိတ် ဖြစ်မိတယ်။ ဒါပေမယ့် ဒီဥပဒေ ပြဌာန်းချက် စာအုပ်ကို ဒီဇင်ဘာလလောက်မှ စာအုပ် လက်ထဲ ရောက်လို့ သေချာ ဖတ်ဖြစ်ပါတယ်။ ဒီလိုပဲ တက္ကသိုလ်တွေမှာ လိုက်ရှင်းနေတယ်ဆိုတာပဲ သိတယ်။ ကျမတို့လည်း မပါဝင်ရပါဘူး။ အဲဒီတော့ ဖြစ်ချင်တော့ နိုဝင်ဘာလ ၂၇ ရက်နေ့ သမ္မတကြီး မိန့်ခွန်းထဲမှာ အမျိုးသားပညာရေး ဥပဒေမှာ သဘောထား ကွဲလွဲချက်တွေလည်း ရှိမယ်။ သဘောတူညီချက်တွေလည်း ရှိမယ်။ အဲဒါတွေကို ရှာဖွေပြီး ညှိနှိုင်းပြီးတော့ တက္ကသိုလ် တခုချင်းအလိုက်ဖြစ်စေ၊ တက္ကသိုလ်တွေ စုပေါင်းပြီးတော့ ဖြစ်စေ ဆရာတွေ၊ ကျောင်းသားတွေ တွေ့ဆုံပြီးတော့မှ ဒါတွေကို ညှိနှိုင်းဆွေးနွေးကြပါလို့ ပြောထားတဲ့အကြောင်း ဖတ်ရတယ်။ နောက်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေလည်း ပါတယ်။ အဲဒါလည်း တွေ့ရော ကျမအနေနဲ့ ၀န်ထမ်းလည်း ဖြစ်တယ်၊ ကျမရဲ့ ဘောင်အတွင်းကနေ လုပ်နိုင်ပြီ ဆိုပြီး ဒီကျောင်းရဲ့ ပါမောက္ခချုပ်ကို ခွင့်ပြုဖို့ ဒီဇင်ဘာ ၁၂ ရက်က စာတင်ပါတယ်။ ပါမောက္ခချုပ်ရဲ့ ခွင့်ပြုချက်ရမှ ကျမအနေနဲ့ တရားဝင် ကျောင်းသား၊ ဆရာ၊ ၀န်ထမ်းတွေ တက်ရောက်ပြီး တွေ့ဆုံပွဲ လုပ်ဆောင်ခဲ့ပါတယ်။

  မေး။ ။ ဘယ်အရာတွေက တွန်းအားပေးခဲ့လို့ ဒီရှင်းလင်းပွဲ လုပ်ဆောင်ဖို့ ဆရာမ ဆုံးဖြတ်ခဲ့တာပါလဲ။

  ဖြေ။ ။ တချက်က ဥပဒေကို လေ့လာလိုက်တဲ့အခါမှာ မှားနေတဲ့ အားနည်းချက်တွေကို တွေ့ရပါတယ်။ နောက်ပြီး သမ္မတကြီး ကိုယ်တိုင်က ဒီဥပဒေမှာ အားနည်းချက်၊ အားသားချက်တွေ ရှိပါတယ်လို့ ပြောထားတဲ့ အတွက် အားနည်းချက်တွေကို ထုတ်ပြရမယ့် ကိစ္စမှာ ကျမတို့မှာလည်း တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျမက ဥပဒေသမားလည်း ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲဒီဆန္ဒက ကျမအတွက် တွန်းအားဖြစ်ပါတယ်။ နောက်တခုက ကျမတို့ဆရာတွေအတွက် အဓိက တာဝန်ရှိတဲ့သူတွေဟာ ကျောင်းသားကျောင်းသူတွေ ဖြစ်ပါတယ်။ အဲဒီတော့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို ကျမတို့က နားထောင်ပေးသင့်တယ်လို့ မြင်တယ်။ သူတို့တွေဟာ နောင်အနာဂတ် လူငယ်တွေ ဖြစ်ပါတယ်။ အဲဒီအနာဂတ် ကလေးငယ်တွေရဲ့ ဒုက္ခဆင်းရဲဖြစ်မယ့် ကိစ္စကို ကျမ မကြည့်နိုင်ပါဘူး။ သူတို့ အန္တရာယ် ဖြစ်မှာကိုလည်း ဒီတိုင်းလက်ပိုင်ပြီးတော့ မကြည့်နိုင်ပါဘူး။ အဲဒီတွန်းအား နှစ်ချက်နဲ့တင် ဒီလို ရှင်းလင်းပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ဥပဒေသာ ပြီးပြည့်စုံနေမယ်ဆိုရင် ကျမဒီလို ပြောဖြစ်မှာ မဟုတ်ပါဘူး။ ဆန္ဒပြနေတဲ့ ကလေးတွေကိုပဲ ရှင်းလင်းပြပြီးတော့ နေမှာပေါ့။ မပြည့်စုံလွန်းလို့သာ မပြည့်စုံတဲ့အပေါ်မှာ ပေါ်ထွက်လာရတယ်လို့ပဲ ကျမ ပြောချင်ပါတယ်။

  မေး။ ။ အခုလို ရှင်းလင်းပွဲမှာ အစိုးရ၀န်ထမ်းတဦးက ဥပဒေကို ပြည့်စုံမှု မရှိဘူး၊ ချို့ယွင်းချက်တွေ ရှိနေပါတယ်လို့ ဝေဖန်လိုက်တဲ့အတွက် နောက်ဆက်တွဲ ဖြစ်လာမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို ပြင်ဆင်ထားပါသလဲ။

  ဖြေ။ ။ ကျမ အနေနဲ့ အဲဒီဟောပြောပွဲဟာ ကျမရဲ့ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ အထက်အဆင့်ဆင့်ကနေပြီး ခွင့်ပြုချက်ယူ လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ ဘာမှ ငြိစွန်းတာ မရှိပါဘူး။ ဒါပေမယ့် ရှင်းလင်းပွဲဆိုတဲ့အတွက် ကျမအနေနဲ့ ဥပဒေမှာပါတဲ့ မြန်မာစကားအနေနဲ့ မရှင်းလင်းတာတွေကို ကျမ ရှင်းလင်းပါတယ်။ နောက်တခါ ဥပဒေအမြင်အရလည်း ဘယ်ဟာ ချို့ယွင်းတယ်၊ မချို့ယွင်းဘူးဆိုတာကိုလည်း ရှင်းပါတယ်။ အဲဒီ ရှင်းတာတွေဟာ ယနေ့လက်ရှိ နိုင်ငံတော်ကနေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို နှောက်နှေးစေမယ်လို့ ဆိုခဲ့ရင်တော့ ဒါဟာ ကျမသည် လုပ်ငန်းကို စည်းကမ်းဘောင်ထဲမှာ လုပ်ရင်း ဖြစ်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် အဲဒီလို ဆိုရင်တော့ ကျမ စွန့်စားမှုက ရလာမယ့် ရလဒ်ကို ကျမ စောင့်နေယုံပဲလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ပြည့်စုံတဲ့ ဥပဒေဖြစ်ဖို့ ကျမ တာဝန်အရ မှန်တယ်ဆိုရင် ပြောမှာပါ။

  မေး။ ။ ဆန္ဒပြနေတဲ့ ကျောင်းသားတွေအပေါ် ဆရာမရဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

  ဖြေ။ ။ ဥပဒေမှာ ကောင်းတဲ့ ပုဒ်မတွေ ရှိသလို မကောင်းတဲ့ ပုဒ်မတွေလည်း ရှိတယ်။ အဲဒါတွေကို ကျမတို့က ရွေးချယ်နိုင်ရမယ်။ နောက်တဆင့်က အခု ဆန္ဒဖော်ထုတ်နေတဲ့ ကလေးတွေကို ဒီပုဒ်မတွေက ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ရှင်းပြနိုင်ရမယ်။ ကျောင်းသားတွေရဲ့ သဘောထားနဲ့ ဥပဒေ ရေးဆွဲတဲ့သူတွေအနေနဲ့ ညှိနှိုင်းရမယ်။ သူတို့ သေချာနားလည်အောင် ပုဒ်မ တခုချင်းစီကို ရှင်းပြနိုင်ရမယ်။ နောက်ပြီး ဆရာတွေဆိုတာက ကျောင်းသားတွေ ကျောင်းမလာရင် အလုပ်လက်မဲ့ပါပဲ။ ဒါကြောင့် ကလေးတွေရဲ့ တာဝန်ဟာ ကျမတို့မှာ အပြည့်ရှိတယ်။ တခါတရံမှာ ကလေးတွေဟာ ကိုယ်တွေထက် အသိကြွယ်တာတွေ ရှိတယ်။ ကလေးတွေကိုလည်း လေးစားရမယ်။ အဲဒီအတွက်ကြောင့် ကျမ ပြောပြချင်တာက မျက်နှာမလွှဲသင့်ဘူးလို့ ထင်ပါတယ်။

ကျမ ပြောချင်တာက ကောင်းတဲ့ ပုဒ်မတွေ၊ မကောင်းတဲ့ ပုဒ်မတွေလည်း ရှိပါတယ်။ အဲဒါတွေကို ချပြလိုက်စေချင်တယ်။ မကောင်းတဲ့ ပုဒ်မတွေကို ပြင်စေချင်တယ်။ လိုနေတဲ့ ပုဒ်မတွေကိုလည်း ထည့်ဖြည့်စေချင်တယ်။ ပိုနေတဲ့ ပုဒ်မတွေကိုလည်း ဖြုတ်စေချင်တယ်။ အဲဒီဥပဒေကြီး သန့်သွားပြီဆို အဲဒီဥပဒေဟာ တည်ငြိမ်တဲ့ဥပဒေ ဖြစ်သွားပြီ။ ကျမတို့ရဲ့ ဥပဒေ သဘောတရားကို ပြောမယ်ဆိုရင် ဥပဒေတခုဟာ တည်ငြိမ်ရမယ်။ ဒါပေမယ့် ကာလ၊ ဒေသ ပြောင်းလဲနေတဲ့ အခြေအနေတွေမှာလည်း ဥပဒေဟာ လိုက်လျောညီထွေ အသုံးမပြုနိုင်ဘူးဆိုရင် ဒီဥပဒေကို ပြောင်းလဲသင့်တယ်၊ ပြင်ဆင်သင့်တယ်။ ဖြတ်သိမ်းသင့်တယ်လို့ ပြောထားတယ်။ ဥပဒေတခု တည်ငြိမ်မှ ဒီဥပဒေဟာ အလုပ်လုပ်လို့ ရမယ်။ ကျမပြောချင်တာကတော့ စပြီး ပြဌာန်းကတည်းက ပြည့်စုံမှသာ ဒီဥပဒေက တည်ငြိမ်လိမ့်မယ်။ မပြည့်စုံရင်တော့ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူး။ အခု အမျိုးသားပညာရေး ဥပဒေလိုပေါ့။

  မေး။ ။ ဥပဒေမှာ ဘယ်အချက်တွေက ပြည့်စုံမှုမရှိတာလဲ။ ဘယ်အချက်တွေက ချို့ယွင်းမှုတွေ ရှိနေတာပါလဲ။

  ဖြေ။ ။ ရှင်းလင်းပွဲမှာ ကျမအနေနဲ့ ဥပဒေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတွေကိုလည်း ရှင်းပါတယ်။ ဥပဒေ စံချိန်၊ စံညွှန်းကိုလည်း ရှင်းပြခဲ့ပါတယ်။ တချို့ပုဒ်မတွေဆို ဥပဒေ စံချိန်၊ စံညွှန်းနဲ့ မညီဘူး။ တချို့ပုဒ်မတွေဆို စကားရပ်တွေက ဖောင်းပွနေတယ်။ ဥပမာ အနေနဲ့ဆိုရင် ဥပဒေမှာ စကားရပ်များ အဓိပ္ပါယ်ဖော်ပြချက်ဆိုတဲ့ အခန်းရှိပါတယ်။ အခု ဒီဥပဒေမှာ အမျိုးသား ပညာရေးလို့ အဓိပ္ပါယ် ဖွင့်ဆိုတဲ့အခါမှာ အရမ်းများနေပါတယ်။ တကယ်လို့ အမျိုးသားပညာရေးလို့ ပြောရင် တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပညာရေးလို့ ပြောရင် ရပါတယ်။ ဥပဒေရဲ့ သဘောတရားက အဲဒီလောက်ပဲ ရှိတယ်။ အဲဒီလောက် ဖော်ပြရင်ပဲ တိုင်းရင်းသားလည်းပါမယ် ကလေး၊ လူကြီး အားလုံး အကျုံးဝင်သွားပြီ။ အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုရင်လည်း ဥပဒေ စံချိန်စံညွှန်းမှီဖို့ လိုပါတယ်။ မမှီလို့ရှိရင် အဲဒီဥပဒေကို အသုံးပြုတဲ့ အခါမှာ ဒုက္ခရောက် တတ်ပါတယ်။ ဒါကြောင့် ကျမအနေနဲ့ ပြောရရင် ဒီဥပဒေမှာ ချို့ယွင်းချက်ရှိတယ်လို့ ပြောရမှာပါပဲ။

  နောက်တခုက အမျိုးသားပညာရေးစနစ်လို့ ပြောတဲ့အခါမှာ အခြေခံမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ထိ ပညာသင်ရမယ့် နှစ်ပေါင်း ၁၂ နှစ် သတ်မှတ်တယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် အခု ဥပဒေအသစ်အရ မူလတန်းသည် စတုတ္ထတန်း အထိလား၊ အလယ်တန်းသည် အရင်လိုပဲ ၈ တန်းအထိလား၊ အထက်တန်းကတော့ ၁၀ တန်း မဟုတ်တာ သေချာသွားပြီ ဒီမှာ ဖော်ပြထားတာ ၁၂ နှစ် ဖြစ်နေလို့။

ကျမလေ့လာလို့ သိရတာက မူလတန်းက ၅ တန်းမှာ သတ်မှတ်တယ်။ အလယ်တန်းကို ၉ တန်းအထိ သတ်မှတ်တယ်။ အထက်တန်းကို ၁၂ တန်းအထိ သတ်မှတ်တယ်။ အဲဒီတော့ နှစ်တန်းပိုသွားပြီ ဖြစ်တဲ့အတွက် အဲဒီနှစ်တန်းစာနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတန်းတွေ သင်ရိုးမာတိကာတွေ ရေးရတော့မယ်။ နောက်ပြီး ဆရာ၊ ဆရာမတွေ လိုလာမယ်။ အခန်းတွေလိုလာမယ်။ ဒါတွေကို ဘယ်နှစ်မှာ အကောင်အထည်ဖော်မယ်ဆိုတဲ့ အကောင်အထည်ဖော်မယ့်စီမံကိန်း Plan တခု

ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ





အလုပ်မှာကျောင်းမှာ နေ့စဉ်တွေ့နေရသောသူတွေထဲမှာ အပြင်ပိုင်းလှသလောက် စကားပြောကြည့်ရင် ပါးစပ်ကနံတာကို သတိမထားမိကြသောသူက တော်တော်များပါတယ်။
ပါးစပ်နံလိုက်တာလို့ပြောပြန်ရင်လည်း ရိုင်းရာကျမှာပါ။
သူများကို မပြောခင် ကိုယ်ကမနံအောင် ဘယ်လိုလုပ်သင့်သလဲ။

၀၁. သေသေချာချာ ဝါးစားပါ
အစားကို စားသောအခါ သေသေချာချာ ဝါးစားခြင်းဖြင့် ပါးစပ်အတွင်းမှာ လိုအပ်သောဓါတ်(သို့)တံထွေးကိုထွက်စေပါတယ်။
ခံတွင်းတံထွေးများများထွက်စေခြင်းဟာ ခံတွင်း၏ခြောက်သွေ့မူကို ကာကွယ်နိုင်ပြီး ပါးစပ်နံတာကိုလည်း ကာကွယ်နိုင်ပါသည်။ ပီကေစားရင်လည်း အဆင်ပြေမှာပါ။

၀၂. ထမင်းကို တော်ရုံသာစားပါ
ထမင်းကို ဗိုက်အပြည့်စားသောအခါ ကိုယ်ခန္ဓာအတွင်းမှာ ရှိသောအစာအိမ် တခုတည်းမဟုတ် အခြားသော ကလီဇာ တွေကိုအလုပ်ပိုလုပ်စေသောကြောင့် ပါးစပ်နံရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် အစားကို ဗိုက်တင်းအောင်မစားပဲ အသင့်အတင့်သာ စားသင့်တယ်လို့ အကြံပေးပါရစေ။

၀၃. ပဲ၊ နွားနို့၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ ကိုများများစားပါ
ပဲ၊ နွားနို့၊ဟင်းသီးဟင်းရွက်၊ အသီးအနှံကိုများများစားခြင်း ကိုယ်ခန္ဓာအတွင်း အက်စစ်ထွက်ခြင်းကို လျှော့နည်းစေပါတယ်။
အက်စစ်ထွက်ခြင်းက လျှော့စေသောအတွက် ပါးစပ်နံခြင်းလည်း အလိုအလျှောက် လျှော့နည်းလာမှာပါ။

၀၄.ပါးလုပ်ကျင်းပါ
အစားကိုစားပြီးသောအခါ ပါးစပ်အတွင်းမှာ အစားအကြွင်းအကျန်တွေရှိတတ်ပါတယ်။ဒီအကြွင်းအကျန်တွေကနေ အချဉ်ပေါက်ပြီး ပါးစပ်နံတတ်ပါတယ်။ တတ်နိုင်ရင် ထမင်းစားပြီးတာနဲ့ သွားတိုက်နိုင်ရင် အကောင်းဆုံးပါ။ အချိန်မပေးနိုင်ရင်တော့ ပါးလုပ်ကျင်းဖို့မမေ့ပါနဲ့။

၀၅. ရေနွေးကြမ်းသောက်ပါ
လက်ဖက်ခြောက်မှာ ပါးစပ်အတွင်းမှ အနံ့ကိုထိန်းသိမ်းထားနိုင်တဲ့အတွက် ထမင်းစားပြီး ကော်ဖီ၊ အချိုရည်ထက်စာရင် ရေနွေးကြမ်းကို သောက်သုံးသင့်ပါတယ်။

Credit to: Chelmo Team
 

လူငယ်ဆိုတာ လန်းရမယ် …



“အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ” ဆိုတဲ့ စာအုပ်လေးက ထင်ထားတာထက် ပရိတ်သတ်က အများကြီး အားပေးကြတဲ့အတွက် ဝမ်းသာစရာပါ … ရန်ကုန်မိတ်ဆက်ပွဲပြီးတော့ မိထ္ထီလာ နည်းပညာ တက္ကသိုလ် စာပေ နဲ့ အနုပညာ အသင်း ရဲ့ စီစဉ်မှု နဲ့ စိတ်ဓာတ်ခွန်အားဖြည့်ဟောပြောပွဲ လေး ကျင်းပခဲ့သလို … စာအုပ်ကိုလည်း အမှတ်တရ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ် … လူငယ်တွေ တက်တက်ကြွကြွ အားပေးကြတာကို တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိတယ် …

လူငယ်တွေ ဂီတဖျော်ဖြေပွဲ တွေကို စိတ်ဝင်စားကြသလို … စာအုပ် စာပေကိုလည်း အားတက်သရော စိတ်ဝင်စားကြတာကို ကျွန်တော် သွားခဲ့တဲ့ ဟောပြောပွဲတွေတိုင်းမှာ လက်တွေ့မြင်ခဲ့ရပါတယ် … ။ လူငယ်တွေကို ရည်ရွယ်တဲ့ အတွက် ဟောပြောပွဲ ခေါင်းစဉ်ပေးရတာလည်း လူငယ်တွေ စိတ်ဝင်စားဖို့ လိုပါတယ် …

ဒီနေ့ခေတ်လူငယ် တွေကြားမှာ အသုံးများတဲ့ လန်းဆိုတဲ့စကားကို သွားသတိရမိလို့ … “လူငယ်ဆိုတာ လန်းရမယ်” လို့ နာမည်ပေးလိုက်တာပါ … ပွဲမှာလည်း တကယ်ကို လန်းဆန်းတက်ကြွတဲ့ လူငယ်တွေ … ကို တွေ့ခဲ့ရတော့ ပွဲတွေဆက်နေပေမယ့် ကိုယ်ကိုတိုင် မောရမှန်းမသိပါဘူး … ကဲ ကျွန်တော်ပြောချင်တဲ့ လူငယ်တွေ “လန်းရမယ်” ဆိုတာက LEARN ကိုလည်း လေ့လာသင်ယူရမယ် ဆိုတဲ့ တစ်ခုတည်း အဓိပ္ပာယ်သာမက တစ်လုံးခြင်းကို ဒီလိုပြောခဲ့ပါတယ် …

L E A R N ဆိုတာက

L – Listen to Learning
==============
- လေ့လာသင်ယူဖို့အတွက် နားထောင်ပါ
---------------------------------------------
ကျွန်တော်တို့ တစ်တွေဟာ ကိုယ်ကသာ ပြောချင်သလောက် သူများပြောတာကို နားထောင်ဖို့ ဝန်လေးတတ်ပါတယ် … တကယ်တော့ ထောင်တတ်တဲ့ နားတစ်စုံသာရှိရင် ကိုယ့်အတွက် လေ့လာ သင်ယူ လို့ရပါတယ် … ဒါကို “နားထောင်ခြင်းဖြင့် သင်ယူခြင်း” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ … ကိုယ့်ကို နည်းပေးလမ်းပြပေးမယ့် လမ်းညွှန်ပြသမယ့်သူတွေ ရဲ့ စကားတွေကို နားထောင်တာဟာ သင်ယူခြင်းတမျိုးပါ … “ပဏ္ဍိတာနဉ္စ္စသေ၀နာ” ဆိုတဲ့ ပညာရှိကို ဆည်းကပ်ခြင်း မင်္ဂလာတရားတော်နဲ့ လည်း ညီပါတယ် … ကျွန်တော် ဆရာအမ်း ဆီမှာ တောက်တိုမယ်ရ လုပ်နေတုန်းက ဆရာအမ်းနားတဲ့ အချိန်လေးတွေ ပြောပြတဲ့ သူရဲ့ဘဝအတွေ့ အကြုံတွေကို နားထောင်းရင်းနဲ့ ကိုယ့်အတွက် တကယ်သုံးဝင်တဲ့ အကြောင်းအရာ ပေါင်းစုံကို ရရှိခဲ့ပါတယ် … ။

E – Explode the thoughts
================
- အတွေးတွေကို ဖြန့်ကျက်လိုက်ပါ
---------------------------------------
Explode ရဲ့ မူလအဓိပ္ပာယ်က ပေါက်ကွဲတာ၊ ဖောက်ခွဲတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ဒီမှာ ဖြန့်ကျက်တဲ့ အသုံးနဲ့ သုံးချင်ပါတယ် … ။ လေ့လာမှုက ရရှိလာတဲ့ အသိအပ်ါအခြေခံပြီးတော့ ဆက်တွေးဖို့ အတွေးကို ဖြန့်ကျက်ဖို့လိုပါတယ် … ဒါဆိုရင် ကိုယ်ဘာဖြစ်ချင်တယ် … ဘာလုပ်ချင်တယ်ဆိုတာ … ဆိုတာကို မြင်လာပါလိမ့်မယ် ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ ဘောင်တစ်ခုအတွင်းမှာ ကြီးပြင်းလာကြတော့ ပတ်ဝန်းကျင် လွှမ်းမိုးမှုရဲ့ အောက်မှာ ကိုယ့်ရဲ့ ပင်ကိုဖြစ်ချင်တဲ့ စိတ်ကို မမြင်မိတတ်ပါဘူး … ဥပမာ … Channel 7 က အစီအစဉ်တစ်ခု ဖြစ်တဲ့ “မိသားစု ပြိုင်ပွဲ” ကို တစ်ခါကြည့်လိုက်တော့ အဲဒီမှာ မေးခွန်းတစ်ခု မေးတယ် ကလေးတွေကို သားသား/မီးမီး ကြီးလာရင် ဘာလုပ်မယ် လို့ မေးတဲ့အခါ နံပါတ် (၁) ဆရာဝန်၊ (၂) က အင်ဂျင်နီယာ၊ (၃) ကတော့ စစ်ဗိုလ်ကြီးလို့ ဖြေကြတယ် … အဲဒီမေးခွန်းကိုပဲ ကျွန်တော် စစ်ကိုင်းမှာရော … ခု မိထ္ထီလာမှာရော မေးကြည့်တော့ အဲဒီအတိုင်း ဖြေကြတယ် … ။ ဒီအဖြေဟာ ကလေးတွေရဲ့ စိတ်ရင်းအမှန်လား လွှမ်းမိုးမှုလားဆိုတာ တွေးကြည့်ပါ … ဒါကြောင့် ဘောင်တစ်ခု ထဲမှာ မနေဘဲ ဖြန့်ကျက်တွေးလိုက်ပါ … ။

A – Aim the target
============
- ရည်မှန်းချက်ကို သတ်မှတ်ပါ
---------------------------------
ဒီအကြောင်းတွေကို ပြောတာလည်း အပ်ကြောင်းထပ်သလောက် ဖြစ်နေပါပြီ … အရေးကြီးတာ ကတော့ ဆန္ဒနဲ့ ရည်မှန်းချက် ကွဲပြားဖို့ လိုပါတယ် … ဥပမာ သရုပ်ဆောင် တစ်ယောက်ဖြစ် ချင်တယ် ဆိုတာက ဆန္ဒ၊ လာမယ့် ဘယ်နှစ်နှစ်အတွင်းမှာ သရုပ်ဆောင်ဖြစ်အောင် လုပ်မယ် ဆိုတာက မှ ရည်မှန်းချက်ပါ … ။ တိကျတဲ့ ရည်မှန်းချက်မရှိရင်တော့ ဘယ်သွားလို့ သွားရမှန်းမသိဖြစ်တတ်ပါတယ် … ။ လူငယ်တွေကို ဘာဖြစ်ချင်တာလဲ လို့ မေးကြည့်တဲ့အခါ ဘာဖြစ်ချင်မှန်း တိတိကျကျ မသိတဲ့သူတွေရယ် … ဖြစ်ချင်တာတွေများနေတဲ့ သူတွေရယ် … (၂)မျိုး တွေ့ရပါတယ် …. ဘာဖြစ်ချင်မှန်းမသိရင်လည်း သွားစရာလမ်းပျောက်နေတတ်သလို … ဖြစ်ချင်တာတွေများနေရင်လည်း သွားစရာလမ်းများလို့ ပန်းတိုင်မရောက်ဖြစ်တတ်ပါတယ် … ။ ဒါကြောင့် ရည်မှန်းချက်ကို တိတိကျကျ သတ်မှတ်ဖို့ အရေးကြီးပါတယ် … ။

R – Run to the target
==============
- ပန်းတိုင်ကို ရောက်အောင်ပြေးပါ
--------------------------------------
ပန်းတိုင်ကို သတ်မှတ်ပြီးရင်တော့ ရောက်အောင် ပြေးဖို့လိုပါတယ် … ဒီမှာ တစ်ချက်ပြောစရာ ရှိတာက ပန်းတိုင်ကို သတ်မှတ်ပြီးရင် မပြေးခင် အကောင်းဆုံး လမ်းကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ် … ။ ကျွန်တော်တို့ မြန်မာ လူငယ်တွေ အနေနဲ့ အဖက်ဖက်က နောက်ကျနေတဲ့အတွက် ပန်းတိုင်ကို သိပြီးရင် လျှောက်ရုံ လောက်နဲ့ အဆင်မပြေတော့ပါဘူး … ပြေးမှသာ အလျင်မီမှာပါ … ။ ပြေးတာတောင်မှ အသားကုန် ပြေးရမှာပါ … ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ စကားလို ပြဲ လန် နေအောင် လုပ်မှ တော်ကာကျပါ လိမ့်မယ် ကိုယ့်ပတ်ဝန်းကျင်နိုင်ငံက လူငယ်တွေက ကျွန်တော်တို့ထက် ခြေတစ်လှမ်းမက သာနေပါပြီ …

N – Never give up
============
- ဘယ်တော့မှ အလျော့မပေးပါနဲ့
-------------------------------------
ပန်းတိုင်လည်းရှိပြီ … လမ်းလည်း တွေ့ပြီ … ပြေးလည်း ပြေးနေပြီဆိုရင်တော့ မရောက်မချင်း အလျော့မပေးပါနဲ့ … အခြေအနေနဲ့ အချိန်အခါအရ … ခဏတဖြုတ် နားတာတော့ နားလို့ ရပါတယ် … ဒါပေမယ့် လုံးဝ ရပ်လိုက်တာ … အလျော့ပေးလိုက်တာတော့ မဖြစ်ပါစေနဲ့ … ဘဝရဲ့ ခရီးလမ်းဟာ ပန့်မွေ့ယာ ရွှေကောဇောတော့ အမြဲတမ်း မဖြစ်နိုင်ပါဘူး … ဒါကြောင့် ကျွန်တော် ရေးခဲ့ဖူးတဲ့ “စိတ်ညစ်စရာရှိရင် … ညစ်ပါ၊ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့” ဆိုတဲ့ စာစုထဲကလို … ဘယ်လောက်ပဲ အခက်အခဲ တွေနဲ့ ကြုံပါစေ … အရှုံးမပေးဘဲ … လဲကျရင်ပြန်ထပြီး ပန်းတိုင် ရောက်အောင် လျှောက်ကြမယ် … ။

L E A R N =
L – Listen to Learning
E – Explode the thoughts
A – Aim the target
R – Run to the target
N – Never give up

“လူငယ်တိုင်း အောင်မြင်နိုင်ကြပါစေ … ”

  အောင်ကိုဦး(UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]


https://www.facebook.com/books4friends/photos/a.238058026339423.1073741828.238006

ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ

                           


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmar ဟန်သီပါဝင်နေသည်။


အလှမယ် ၂၅ ဦးမှ ဆန်ခါ တင် ၁၃ ဦးစာရင်းတွင် ပါနိုင်ရန် ယနေ့မှစ၍ ဖေ့စ်ဘွတ်ခ်၌ မဲ ပေးနိုင်ပြီး နောက်ဆုံးတွင် အ လှဆုံးတစ်ဦးကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်မှ ရွေးချယ် သည်ကို မသိလိုက်ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ၂၅ ဦးအထိ ပါဝင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း Miss Supranational Myanmar 2014 ဟန်သီက ဆိုသည်။
‘‘ဒီအဆင့်ထိပါလာတဲ့ အ တွက်လည်း အရမ်းပျော်ပါတယ်။ ပြိုင်ပွဲတွေ အများကြီးထဲကမှ အ ယောက် ၆၀၀ ကို ပြန်ရွေးပြီးတော့ အယောက် ၁၀၀၊ အခု ၂၅ ယောက် အထိတောင် ပါတယ်ဆို တော့ အဲဒီလောက်ထိ မမှန်းထား ပါဘူး။ နောက်ပိုင်း အဆင့်တွေကို လည်း မမှန်းရဲပါဘူး။ ဒါပေမဲ့ အားပေးစေချင်ပါတယ်’’ ဟု အ လှမယ် ဟန်သီက ပြောသည်။


လက်ရှိတွင် ဂျာနယ်၊ မဂ္ဂ ဇင်းများအတွက် ဓာတ်ပုံများ ရိုက် ကူးဖြစ်နေပြီး ဖေဖော်ဝါရီလဆန်း ၌ ကြော်ငြာများ ရိုက်ကူးရန်ရှိကာ ဇာတ်ကားရိုက်ကူးမှုများလည်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၎င်းကဆိုသည်။


အလှမယ်ဟန်သီသည် ၂၀၁၄ တွင် ပိုလန်နိုင်ငံ၌ ကျင်းပ ခဲ့သည့် Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စား ပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational Asia ဆုနှင့်Miss Internet ဆုတို့ ရရှိထားသူ ဖြစ်သည်။
7Day Daily

https://www.facebook.com/myanmakyaymon/photos/a.623687667672709.107374182

Computer Vision Syndrome လို့ခေါ်တဲ့ ကွန်ပြူတာအကြည့်လွန် မျက်စိရောဂါ လက္ခဏာ





ကွန်ပြူတာအကြည့်လွန်ရာ ကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပျုတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုဂိမ်းကစားတဲ့ လက်ကိုင် လျှပ်စစ် ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ် ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါ ဖြစ်ပါတယ်။ လူတစ်ယောက်က ကွန်ပျုတာအရှေ့မှာ တစ်နေ့သုံးနာရီကျော် ထိုင်တယ်ဆိုရင် ၊ ဆရာဝန်တွေ အခေါ်ကတော့ အဲဒီလူဟာ Computer Vision Syndrome လို့ခေါ်တဲ့ မျက်စိရောဂါ လက္ခဏာ တစ်ခုကို ခံ စားရဘို့ များတယ်လို့ဆိုပါတယ် ။

အမေရိကန် မျက်စိကု ဆရာဝန်များအသင်းက ဒေါက်တာ မိုက်ကယ်ဒူးနပ် ဟာအဲဒီရောဂါ နဲ့ပတ်သတ်ပြီး ခုလိုပြောပါတယ် ၊ “အဲလိုဖြစ်ရင် ပင်ပန်းနွမ်းနယ်မယ် ၊ ခေါင်းကိုက်မယ် ၊ ဂုတ်တွေဘာတွေ ကိုက်မယ် နောက်ကြောတက်မယ်ပေါ့ဗျာ ၊ အဲဒါတွေအပြင် အမြင်အာရုံတွေ နှစ်ထပ်ဖြစ်လာတာတို့ ၊ ကြိုကြား ကြိုကြား အမြင်မကြည်လင်တာတို့ ဖြစ်တတ်ပါတယ်” ဒေါက်တာဒူးနပ်စ် ကပြောသွားပါတယ် ၊ ၀ါရှင်တန်ဒီစီ မြို့ရဲ့ အမျိုးသား အကြံပေးဋ္ဌာနရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ ရေချယ်ဗစ်ချပ်ကတော့ ၊ “Computer Vision Syndrome ဟာ မျက်စိကိုပျက်ဆီးစေတာတော့ မဟုတ်ပါဘူးရှင် ၊ ရေတိမ် တို့ မျက်စိအာရုံကြော ပျက်ဆီးတာ တို့လို ရောဂါလဲမဟုတ်ပါဘူး ၊ ဒါကမျက်သားလွှာကအရေကြည် ခန်းခြောက်တာ တို့ ၊ မျက်လုံးက တစ်နေရာကို ကောင်းကောင်း အာရုံစိုက် မကြည့်နိုင်တာ လောက်ပါဘဲ” လို့ဆိုပါတယ် ။

ဆက်လက်ပြီးတော့ ဒေါက်တာဒူးနပ်စ်က “လူတွေက ကွန်ပျုတာ စားပွဲပေါ်မှာ တစ်ခုခုကို အာရုံစိုက်ကြည့်မှိပြီဆိုရင် ၊ မျက်တောင်သိပ်မခတ်ကြတော့ဘူး ၊ အဲဒါကြောင့် အရေကြည်ခန်း ခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ကုန်ကြတယ် လို့ဆိုပါတယ် ၊ ကိုယ်ဘာကို ကြည့် နေတယ် ဆိုတာကို အာရုံစိုက်နိုင်တဲ့ ကြွက်သားတွေ မျက်လုံး ထဲမှာရှိတယ် ၊ ကွန်ပျုတာ တင်ထားတဲ့စားပွဲက သမားရိုးကျစာအုပ်တွေ ထက်စာရင် ပိုလှမ်းတဲ့ နေရာမှာ ရှိပေမဲ့ တစ်နေရာထဲကို ကြာကြာစိုက်ကြည့်နေတယ် ဆိုရင် အဲဒီကြွက်သားတွေက ညောင်းလာတတ် တယ် ၊ ဒီရောဂါလက္ခဏာက လူကြီးတွေအကြား လုပ်အားနဲ့ သင်ကြားနိုင်မှု အနေအထားတွေ လျှော့ကျနိုင်ပြီး ၊ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေ အကြားမှာလဲ အရည်အချင်း ကျဆင်းနိုင်တယ်လို့ ဒေါက်တာဒူးနပ်စ် ကပြောပါတယ် ။

ပုံနှိပ်စာအုပ်က စာသားတွေနဲ့ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေဟာ တူညီမှုမရှိဘူး ကွဲပြားခြားနားတယ် ဆိုတဲ့အချက်ကိုတော့ ဆရာဝန်အားလုံးက သဘောတူကြပါတယ် ၊ ပုံနှိပ်စာ သားတွေကတော့ကြည့်ရတာ လွယ်ကူပြီး ၊ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေကတော့ အမြင်အာရုံ ကြည်လငဖို့ အတော်ကို အားစိုက်ရတယ်လို့ ဆိုပါတယ် ၊ အလင်းရောင်များလာ အောင် လိုက်လုပ်တာတို့ မျက်လုံးစူးအောင် လုပ်တာတွေကတော့ အမြင်အာရုံကို ထိခိုက်စေပါ တယ် ။

ယနေ့ခေတ်လူငယ်တွေဟာ များပြားလှတဲ့ ပြဿနာတွေထဲမှာ နေထိုင်ရတယ်လို့ အထောက် အထားတွေက ပြသနေတယ်လို့ ဆရာဝန်ဒူးနပ်စ် ကဆိုပါတယ် ၊ လက်ကိုင်ကွန်ပျုတာတွေကို အချိန်များစွာ အသုံးပြုလာတဲ့အတွက်ကြောင့် လူတွေဟာ တဖြေးဖြေး အနီးကြည့်လောက်ဘဲ ရတော့တယ်လို့ သူကဆိုပါတယ် ၊ လွယ်ကူတဲ့ အဆင့်လေးတွေကို လုပ်လိုက်ရုံနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုတာ ဆရာဝန်တွေက ပြောပါတယ် ၊ ဥပမာအားဖြင့် လုပ်ငန်းအလိုက် တက်ရတဲ့ မျက်မှန်မျိုးပါ ၊ အခုဆိုရင် သမရိုးကျ အနီးကြည့်နဲ့ အဝေးကြည့်တက်ကြမဲ့ အစား ၊ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ အနီးအဝေးကြည့်မျက်မှန် ၊ဒါမှမဟုတ် ဒရိုက်ဖိုဂယ်လို့ ခေါ်တဲ့ ခေါ်တဲ့ ကွန်ပျုတာကြည့် မျက်မှန်တွေပါ ပေါ်လာပြီလို့လဲ သူကပြောပါတယ် ။

ကွန်ပျုတာကို ကြည့်တဲ့မျက်မှန်သားကိုတော့ ထိပ်ပိုင်းမှာ တပ်တယ်လို့ ဆိုပါတယ် ၊ ဘာလို့လဲဆိုရင် ကွန်ပျုတာကို ကြည့်တဲ့အခါ အပေါ်ပိုင်းကို ကြည့်လေ့ရှိကြတာကြောင့်ပါ ၊ စာ ဖတ်တဲ့ အပိုင်းကတော့ အောက်မှာထားကြတာပေါ့လေ ၊ မျက်လုံးမညောင်းအောင် မျက်စဉ်း ခပ်တာမျိုး ၊ ၁၅မိနစ်တခါ အခြားတစ်ဖက်ကို လှည့် ကြည့်တာမျိုးတွေ လုပ်ဖို့ဆရာဝန်တွေ အကြံ ပြုပါတယ် ၊

ဒါ့အပြင် နောက်တစ်ခုလုပ်နိုင်သေးတာက ကွန်ပျုတာတင်တဲ့ စားပွဲပြင်နဲ့ ကွန်ပျုတာ မှန်သားပြင်ဟာ သူ့ရှိသင့်တဲ့ အမြင့်မှာ ရှိဖို့လိုပါ တယ် ၊ ကွန်ပျုတာ တင်တဲ့ စားပွဲကလဲ ကိုယ့်မျက်လုံးမြင်ကွင်းရဲ့ လေးလက်မ အောက်မှာ ရှိသင့်တယ် လို့ဆိုပါတယ် ၊ ဆိုလိုတာက လူတစ်ယောက်ဟာ ကွန်ပျုတာကို မော့ကြည့်နေရ တဲ့ အနေအထား မဖြစ်ရပါဘူး ၊ Computer Vision Syndrome လို့ခေါ်တဲ့ ဒီရောဂါကို ကုသရတာလွယ်ပေမဲ့ ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ကွန်ပျုတာ နဲ့ကြည့်လို့ ရနေတာ ကြောင့်ရယ် လက်ကိုင်ကွန်ပျုတာ ပစ္စည်းများ ပေါများလာတာ ကြောင့်ရယ် ဒီရောဂါဟာ ပိုမိုကျယ်ပြန့်လာတယ် လို့ ၊ ဆရာဝန်များက သုံးသပ်ထားပါတယ် ။

http://ngwelamin30.blogspot.jp/2010/10/normal-0-false-false-false-en-sg-x-none.html မှပြန်လည်ကူးယူ တင်ပြထားပါသည်။

========================

Computer Vision Syndrome

In this article

• How Can the Computer Screen Affect Vision?
• What Symptoms Are Part of Computer Vision Syndrome?
• Is There a Way to Relieve Computer Vision Syndrome?
Staring at a computer monitor for hours on end has become a part of the modern workday. And inevitably, all of that staring can put a real strain on your eyes.

The name for eye problems caused by computer use is computer vision syndrome (CVS). CVS is not one specific eye problem. Instead, the term encompasses a whole range of

ချစ်သူ မိန်းကလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်

             




၁။ မအော်ငေါက်နဲ့

မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကို အော်ငေါက်တာကို လုံးဝမကြိုက်ကြဘူး။
ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့။

၂။ ဆရာကြီးစတိုင်မလုပ်ပြနဲ့

မိန်းကလေးတွေက ကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင် သဘောကျပေမဲ့ နေရာတကာ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ်လာတတ်တယ်။
ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင်သာဆောင်နေလိုက်ပါ။

၃။ အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့

ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့သူတွေကို အဆက်အသွယ်မလုပ်ပဲ အကြာကြီးနေလို့ရပင်မယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။
တခါတလေ ကိုယ်ပို့လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။

၎။ သူရဲဘောကြောင် မပြနဲ့

မိန်းကလေးတိုင်းဟာ သူတို့ချစ်သူကို သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်စေချင်ပါတယ်။
ဘာတွေပဲပဲဖြစ်ဖြစ် သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူ ရင်ဆိုင်ပေးနိုင်မယ့်သူတစ်ယောက်ပေါ့။
ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။

၅။ နောက်မကျနဲ့

ဘယ်သူမှနောက်ကျရင် မကြိုက်ကြပါဘူး။
အထူးသဖြင့် မိန်းကလေးတော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။
ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ

၆။ အရမ်း မချုပ်ချယ်နဲ့

မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ်ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ချယ်လာတာမျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။
ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။

၇။ ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့

ဒါကတော့ အပေါ်မှာပြောထားသလိုပါပဲ။
ကောင်မလေးများသည် သူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာ လက်ပါပြီး ရိုက်နှက်တတ်သော ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံသွားတတ်ပါတယ်။
ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။

၈။ ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့

ဒီအချက်ကတော့ အားလုံးထဲမှာ အရေးအကြီးဆုံးပါပဲ။
ကောင်မလေးတစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။
ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက်လုပ်ပေးတဲ့ အသေးစိတ်လေးတွေကအစ တန်ဖိုးထားကြောင်းပြပါ။
သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။
သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။

တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် "ကောင်လေး" မရှိဘူးလို့ ပြောမယ့် "ကောင်မလေး" တွေ တပြုံကြီးရှိပါတယ်၊ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် "ကောင်လေး" တွေလည်း အများကြီးရှိမှာပါ၊
အဲ့တော့ ချစ်သူအားလုံး ရန်ဖြစ်ခြင်းတွေကင်းပြီး အဆင်ပြေပြေနဲ့ နေနိုင်ကြပါစေလို့
အားလုံးသော စုံတွဲတွေ ပျော်ရွှင်ကြပါစေ ခင်ဗျာ

credit - unknow
 








၎) အိပ်ရေးပျက်၊ ကျန်းမာရေး ထိခိုက်ခြင်း


  အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#artile_yyl

ည အချိန်မတော် အပြင်မထွက်သင့်သည့် အကြောင်း

အလုပ်အကြောင်းအရာ ကိစ္စ မရှိပဲ အပျော်သက်သက်ရှာရန် ညအပြင်ထွက်ခြင်း အလေ့အထဟာ ဗုဒ္ဓဘာသာ လူမျိုး တို့ ယဉ်ကျေးမှုတွင် မရှိပဲ တိုင်းတစ်ပါးမှ လာသော အလေ့အထ တစ်ခုသာ ဖြစ်ပါတယ်။ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီးသော တိုင်းပြည်များတွင်တောင် ညအပြင်ထွက်လည်သူများအတွက် နေရာများများရှိသည့်တိုင် လုံခြုံမှု ထားသည့်တိုင် အက်ဆီးဒန့်များ၊ မှုခင်းများ ဖြစ်နေသေးပြီး မြန်မာပြည်ကဲ့သို့ ဖွံ့ဖြိုးစ တိုင်းပြည်တွင်၊ ဗုဒ္ဓဘာသာ တိုင်းပြည်တွင် မလိုအပ်ပဲ အချိန်မတော် (ည ၁၀ နာရီနောက်ပိုင်း၊ အမျိုးသမီးဖြစ်ပါက ၉ နာရီ နောက်ပိုင်း) အပြင်ထွက်ခြင်းက မိမိကိုယ်ကို တန်ဖိုးနည်းစေပါတယ်။ မိမိ၏ စီးပွားရေးရာ အရေးအကြောင်း ကိစ္စကောင်း မရှိပါက ညအချိန်မတော် အပြင် မထွက်သင့်ပါ။

ည အချိန်မတော် အပြင်ထွက်သူမှာ

၁) မိမိ အသက် အန္တရာယ် လုံခြုံမှု မရှိခြင်း
၂) အများ မကြည်ညို တန်ဖိုး မထားခြင်း
၃) မိမိကိုယ်တိုင်လည်း မကောင်းသည့် အရာကိစ္စ ပြုမူရန် ပို၍ စိတ်ဖြစ်ပေါ်စေခြင်း
၄) အိပ်ရေးပျက်၊ ကျန်းမာရေး ထိခိုက်ခြင်း
၅) ငွေကို စည်းကမ်းမဲ့ ဖြုန်းတီးတတ်စေခြင်း
၆) မကောင်းအမှုကို ပြုတတ်လာခြင်း

အစရှိသဖြင့်တို့ အပြင် အခြားသော မကောင်းသည့် အချက်များ ကိုပါ ရရှိခံစားရ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ညအချိန် အိပ်ရေးဝဝ အိပ်စက်ခြင်း၊ စာပေလေ့လာခြင်း၊ တရားဓမ္မ လေ့လာ ကျင့်ကြံခြင်း၊ မိသားစုဖြင့် တစ်ညတာ စကားဝိုင်းဖွဲ့ပြောဆိုနေထိုင်ခြင်းကသာ ပိုမို ပြုလုပ်သင့်သည့် ကိစ္စ၊ ဝိစ္စများ ဖြစ်ပါတယ်။ မိမိကိုယ်ကို လုံခြုံစေ၍ အသိ၊ သတိများဖြင့် ဆင်ခြင် နေထိုင်နိုင်ရန် ရည်ရွယ်၍ တိုက်တွန်း လိုက်ရပါတယ်။
 

Selfie ဓာတ်ပုံ ရှိက ပက်စ်ပို့ မလိုပဲ ဥရောပ ပတ်လို့ရပြီ



EU အဖွဲ့ဝင်ထားတဲ့ နိုင်ငံများမှာ ရှိတဲ့ နိုင်ငံသားများအတွက် ဥရောပ သမဂ္ဂမှ အခွင့်အလမ်းတစ်ခု ပေးလိုက်ပါတယ်။ ယင်းကတော့ မိမိရဲ့ Selfie ဓာတ်ပုံ ရှိရုံနဲ့ ဥရောပ Eu အဖွဲ့ဝင်နိုင်ငံများကို ပတ်စ်ပို့ မလိုပဲ ခရီးသွားခွင့် ဖြစ်ပါတယ်။

ယင်း Selfie ကို ရိုက်ပြီးရင် သတ်မှတ်ထားတဲ့ ဝဘ်ဆိုဒ် တစ်ခုမှာ တင်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ယင်း ဝဘ်ဆိုဒ်က ရလာတဲ့ selfie ကို အသုံးပြုပေးထားတဲ့ ကဒ်တစ်ကဒ်ကို ပြန်ထုတ်ပေးပြီး ယင်းကဒ်ကို အသုံးပြုရင် ခရီးသွားလို့ ရပါပြီ။ ပက်စ်ပို့ ယူစရာမလိုတော့ ပါဘူး။ အီးယူနိုင်ငံအပြင် iceland, နော်ဝေနဲ့ Liechtenstein တို့ပါ သွားနိုင်မှာ ဖြစ်ပါတယ်။ ကဒ်လုပ်တဲ့ ကုန်ကျစရိတ်ကတော့ ယူရိုငွေ ၃၅ ဒေါ်လာ ရှိပါတယ်။ ယခုနှစ်လယ်နောင်းပိုင်းလောက်ဆိုရင် EU အဖွဲ့ဝင် နိုင်ငံအားလုံး စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ပက်စ်ပို့နဲ့ ဘာကွာသလဲ ဆိုတော့ သူက ဓာတ်ပုံပို့ပေးလိုက်ရုံနဲ့ ကဒ်ထုတ်ပးတဲ့ စနစ်မျိုးနီးပါး တစ်ခုဖြစ်ပါတ်။ ဘာ အချက်အလက်မှ ဖြည့်နေစရာတောင် မလိုတော့ပါဘူး။ တကယ်တန်းကတော့ အီးယူအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံသားများရဲ့ ရုပ်ပုံများကို ဗဟို အချက်အလက်သိမ်းဆည်းဌာနမှာ ထားရှိထားပြီးသား ဖြစ်တာကြောင့် ပုံတစ်ပုံတင်လိုက်တာနဲ့ ယင်းပုံနဲ့ အက်စပ်တဲ့လူကို ပြန်ရှာပေးတဲ့ စနစ်ကောင်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီတော့ selfie ကို ပဲပေး ရိုက်လို့ မရပဲ ရုပ်တည်နဲ့ ရိုက်မှ ရမှာ ဖြစ်ပါတယ်။

ယင်းစနစ်ကို နောက်ဆိုရင် အမေရိက နိုင်ငံများလည်း အသုံးပြုလာဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocket-lint
  အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

http://www.innewsmyanmar.com/2015/01/selfie.html









.
Ref: indepedent.co.uk

.
  အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

#aungkham_yyl
#amazing_yyl

(Unicode version)

ထူးခြားဆန်းကျယ် သေရတဲ့ ညီအစ်ကို နှစ်ဦး

ဗြိတိန်ပိုင်နက် ဘာမူဒါကျွန်းမှ Hamilton မှာ ထူးခြားဆန်းကျယ် ဖြစ်ရပ် တစ်ခု ရှိပါတယ်။ ယင်းကတော့ ဆန်းကြယ်တဲ့ ညီအစ်အကို ၂ ဦး သေဆုံး ရမှု ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ် ဇူလိုင်လက Erskine Lawrence Ebbin လို့ အမည်ရတဲ့ ပုဂ္ဂိုလ် တစ်ဦးဟာ Hamliton မြို့ရဲ့ တစ်နေရာမှာ အက်ဆီးဒန့်ဖြင့်သေဆုံးပါတယ်။ moped လို့ခေါ်တဲ့ လျှပ်စစ်စက်ဘီးကို စီးသွားစဉ် တက္ကဆီ တစ်စီးနဲ့ တိုက်မိလို့ ဖြစ်ပါတယ်။ တက္ကဆီပေါ်မှာ ခရီးသည် တစ်ဦးလည်း ပါဝင်ပါတယ်။

ထူးခြားချက်ကတော့ Erskine လို့ပဲ ၁၉၇၄ ခုနှစ် ဇူလိုင်လမှာပဲ အစ်ကို အရင်းဖြစ်သူဟာ ယင်း လျှပ်စစ်စက်ဘီးနဲ့ပဲ ယင်း တက္ကဆီနဲ့ပဲ၊ ယင်း တက္ကဆီ ဒရိုင်ဘာနဲ့ပဲ၊ ယင်းတက္ကဆီမှာ ပါဝင်တဲ့ ခရီသည်နဲ့ပဲ ထပ်တူ ဖြစ်ခဲ့ပြီး ဖြစ်တဲ့ နေရာကော၊ အက်ဆီးဒန့် ဖြစ်ပုံ ပုံစံက အစ တူနေခြင်း ဖြစ်ပါတယ်။ နှစ်ဦးလုံး အသက် ၁၇နှစ်နှစ်မှာ သေဆုံးပါတယ်။

လူသာပြောင်သွားပေမယ့် ဖြစ်ပုံအားလုံးက တူပြီး ဇူလိုင်လလည်း ဖြစ်တာကြောင့် ဒါဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်ကော ဟုတ်ရဲ့လားလို့ စဉ်းစားစရာ ရှိခဲ့ပါတယ်။ Hamilton မြို့ဆိုတာ လူဦးရေ ၂၀၀၀ ဝန်းကျင်သာ ရှိပြီး ကမ္ဘာပေါ်မှာ လူဦးရေ အနည်းဆုံး မြို့များထဲမှ တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒရိုင်ဘာတူ၊ ခရီးသည်တူဖြစ်နိုင်ချေ များတယ်လို့ ယူဆပေမယ့် မြို့ကျဉ်းလို့ နေရာလည်း တူနိုင်တယ်လို့ ထင်ရပေမယ့် ဖြစ်ပုံ ပုံစံလည်း တစ်ထပ်တည်း ကျတော့ ယနေ့တိုင် ကမ္ဘာမှာ ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ် တစ်ခုအဖြစ် ပြောစမတ် တင်စေခဲ့ ပါတယ်။
.
Ref: indepedent.co.uk

http://www.independent.co.uk/arts-entertainment/100-weird-years-1134528.html
.
အောင်ခမ်း (ရိုးရာလေး)

ရေယုန်ကြောင့် ဦးနှောက်အတွင်း ပိုးရောက်ပြီး အသက်သေနိုင်

                   

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရေယုန်ရောဂါကြောင့် မျက်စိကွယ်ခြင်းအပြင် ဦးနှောက်ထဲသို့ပိုးရောက်ပြီး အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်သောကြောင့် ရေယုန်ရောဂါဖြစ်ပွားပါက တတ်ကျွမ်းနားလည်သည့် ဆရာဝန်ကြီးများနှင့် ပြသကာ ဆေးကုသမှုကို ခံယူသင့်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ ခင်အေးထက်(မိုးမခ)က ပြောသည်။

''ရေယုန်ဖြစ်ပွားတဲ့နေရာအပေါ်မှာမူတည်ပြီး ထိခိုက်မှုတွေရှိပါတယ်။ မျက်လုံးမှာ ရေယုန်ရောဂါဖြစ်ရင် မျက်စိ ကွယ်နိုင်သလို ရေယုန်ရောဂါပိုးက ဦးနှောက်ထဲကို ရောက်သွားရင်လဲ အသက်သေဆုံးနိုင်ပါတယ်''ဟု ယင်းက ဆိုသည်။

ရေယုန်ရောဂါသည် ပါးစပ်နှင့် နှုတ်ခမ်းတွင်ဖြစ်ပွားသော ရေယုန်ရောဂါ၊ အရေပြားတွင်ဖြစ်သော ရေယုန် ရောဂါ၊ မျက်စိအကြည်လွှာတွင်ဖြစ်သော ရေယုန်ရောဂါနှင့် လိင်လမ်းကြောင်းတွင်ဖြစ်သော ရေယုန်ရောဂါတို့ ဖြစ်ကြောင်း သိရသည်။

ကိုယ်တွင်းကလီစာများအထိပါ ရောဂါပိုးဝင်ရောက်နိုင်
*****************************************************
ရေယုန်ဗိုင်းရပ်စ်ပိုးအုပ်စုတွင် မျိုးကွဲရှစ်မျိုးခန့်ရှိပြီး ဖြစ်ပွားသည့် နေရာပေါ်တွင် မူတည်ပြီးအမျိုးအစား များမှာ ကွဲပြားလျက်ရှိကြောင်း၊ ရေ ယုန်ရောဂါပိုးသည် အစာမျိုပြွန်၊ အဆုတ်၊ အူမကြီးစသည့် ခန္ဓာကိုယ် အတွင်းပိုင်းသို့ပါ ရောက်ရှိနိုင်ကြောင်း လည်း သိရသည်။

ကိုယ်ခံစွမ်းအား ကောင်းမွန်ရန် လိုအပ်
***************************************
''ရေယုန်ရောဂါပိုးဟာ ကိုယ် ခန္ဓာထဲရောက်ပြီး ရက်ပိုင်းအတွင်း မှာ လက္ခဏာပြတတ်သလို ရက်တွေ အကြာကြီးနေမှလည်း လက္ခဏာ ပြတတ်ပါတယ်။ ကိုယ်ခံအားနည်းနေ တဲ့အချိန်တွေဆိုရင် ရောဂါလက္ခဏာ တွေ ပေါ်လာတတ်တဲ့အတွက် ကိုယ် ခံအားကောင်းမွန်နေဖို့ လိုပါတယ်။

ရောဂါလက္ခဏာတွေ ပေါ်လာရင် လည်း တတ်ကျွမ်းနားလည်တဲ့ ဆရာ ဝန်နဲ့ ကုသမှုခံယူဖို့ လိုပါတယ်။ ဆရာ ဝန်ညွှန်တဲ့ လိမ်းဆေး၊ ရေယုန်ပိုး သတ်ဆေးတွေအပြင် ကိုယ်ခံအား ကောင်းအောင် စီဗစ်ကိုတွဲသောက် ရင်ပိုကောင်းပါတယ်''ဟု အရေပြား အထူးကုဆရာဝန်ကြီး ဒေါက်တာစိုး ဝင်းဦးကလည်း ပြောသည်။

ရေယုန်ရောဂါလက္ခဏာများ
****************************
ဖျားနေစဉ်၊ နေရောင်ပြင်းပြင်း ထိတွေ့စဉ်၊ ရာသီလာစဉ်၊ ထိခိုက် ဒဏ်ရာရစဉ်ကာလအတွင်းတို့တွင် ထွက်ပေါ်လာတတ်ပြီး ရေယုန် ရောဂါဖြစ်ပွားပါက ကျဉ်ခြင်း၊ ယား ခြင်း၊ အရေပြားနီခြင်း၊ အရေကြည် ဖုများစုပြုံထွက်ခြင်းတို့အပြင် နာကျင် ကိုက်ခဲခြင်းများလည်း ဖြစ်ပေါ်လာ နိုင်ကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီဖြစ်ပွားသူများ ရေယုန်ပိုဖြစ်ပွားလွယ်
**************************************************
ရေယုန်ရောဂါပိုးသည် အိတ်ခ်ျ အိုင်ဗွီဖြစ်ပွားသူများတွင် ကိုယ်ခံစွမ်း အားများကျဆင်း လာပါက အလွယ် တကူဝင်ရောက်လာနိုင်ကြောင်းသိ ရပြီး အချို့သောအိတ်ခ်ျအိုင်ဗွီဖြစ်ပွား သူများမှာ မျက်စိအကြည်လွှာတွင် ရေယုန်ပိုး ကူးစက်ခံရသည်အထိ ဖြစ် ပွားကြောင်း သိရသည်။

ရှောင်ရန်
*********
ထို့ပြင် ရေယုန်ရောဂါသည် တစ်ခါဖြစ်ပြီးပါက မကြာခဏပြန်လည် ဖြစ်ပွားတတ်သော ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ ရေယုန်ရောဂါသည် ရေ ယုန်ပိုးရှိသော အနာနှင့် တိုက်ရိုက် ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ တစ် ဆင့်ခံပစ္စည်းများဖြစ်သည့် လက်ကိုင် ပဝါ၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ နှုတ်ခမ်းနီ၊ အလှကုန်ပစ္စည်းစသည့် အသုံးအဆောင်ပစ္စည်းတို့ကို ကိုင် တွယ်အသုံးပြုမိခြင်းကြောင့်လည်း ကောင်းကူးစက်ပြန့်ပွားနိုင်ကြောင်း သိရသည်။

အကြံပြုချက်
*************
ကိုယ်ခံစွမ်းအား ကောင်းမွန်စေ ရန် အသား၊ ငါးများကို ကြော်လှော် ချက်ပြုတ်စားသောက်ခြင်းထက် အသားငါးများကို ဟင်းသီးဟင်းရွက် များနှင့်ရောနှောကာပြုတ်၍ စားသုံး သင့်ကြောင်း၊ နံနက်ပိုင်းတွင် ဂျင်း ပြုတ်ရည်ကို သံပရာရည်တစ်စက်၊ နှစ်စက်ခန့်ခပ်ထည့်ကာ သောက်သုံး သင့်ကြောင်း အာဟာရဆိုင်ရာအထူး ကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်း ဝင်းမြင့်ကလည်း အကြံပြုပြောကြား သည်။

''ကိုယ်ခံအားကောင်းနေရင် ရေယုန်မှမဟုတ်ပါဘူး။ ကူးစက်ရော ဂါတွေကိုကာကွယ်နိုင်ပါတယ်။ ဟင်း တွေကို အဆီ၊ အနှစ်တွေနဲ့ မချက် ဘဲပြုတ်ပြီးစားသင့်တယ်။ ကိုယ်ခံစွမ်း အားကောင်းအောင် လေ့ကျင့်ခန်း လည်း ပုံမှန်လုပ်သင့်တယ်။ အိပ်ရေး ဝအောင်လည်းအိပ်သင့်တယ်'' ဟု ယင်းကဆိုသည်။

NOL

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
 
Related Posts Plugin for WordPress, Blogger...