စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဘိဓမ္မာ နှင့် ၀ိပဿနာ

                        
အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည်ဖြစ်သည်။


လူတို့ဌာနမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေ့ရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေး အပေါ့ သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှ နက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တစ်ရာ တာဝတိံသာ နတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ 


ကျင်ကြီးကျင်ငယ် စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ (၁၅)မိနစ်မှာ(သူတို့အချိန်ဖြင့်)ခန့်မျှသာရှိမည့် ထို အဘိဓမ္မာတရားပွဲကို တစ်ဆက်တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နားကြားခဲ့ကြလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ အားသာလျှင် ရက်ပေါင်းကိုးဆယ် အကြိမ်ကိုးဆယ် ပြန်လည်ဟောတော်မူ ခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာ ကို ရက်ခြား၍ နားကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓတာဝတိံသာသို့ တက်ကြွသွားသောနေ့ကမှ ရှင်သာရိပုတ္တရာထံမှာ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသော အမျိုးကောင်းသား(၅၀၀) တို့သည် ထိုနေ့(၀ါဆိုလပြည့်)မှာပင် ရဟန်းပြုကြ ထိုနောင် တစ်နေ့မှာပင် အဘိဓမ္မာ ကို နာကြားကြရလေသည်။ ထို အဘိဓမ္မာတရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း(၅၀၀)တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓခုနှစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ(၇)ကျမ်း ဆောင်တို့ (အာဘိဓမ္မိက သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ပြသည်။ တစ်ဖန် ဓာတ်ခွဲ၍ပြသည်။ 


သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့်ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ(၇)ကျမ်း၌ စိတ်၊ စေတသိက်၊ ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်းဟူသော ခုနှစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစံနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသော နေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသော နေ့မှာပဲ သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေမည်။

ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထ တို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ်၊ နည်းပညာတစ်ခုပင်ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဖြစ်စဉ် ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံခုနှစ်မျိုးတိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုနှိုက် စူးစိုက်၍ အရှိကို ရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်းဖြစ်လေသည်။ ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာရှုရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်း တစ်မျိုးလည်းဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထို စိတ်၊ စေတသိက်၊ ရုပ်တို၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍မရနိုင်သော လုပ်ငန်းများဖြစ်ကြသည်။
 

အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာခွဲ၍ မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံသာ အကြောင်းရင်း ရှိကြောင်း၊ ကံ၊ စိတ်၊ ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းဒေသနာတော်တို့က ကောင်းစွာ ထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီ တို့ လူ့ဘ၀ကို လေ့လာသည့်နည်းပညာဖြစ်သည့် အဘိဓမ္မာကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာ တင်ပြအပ်ပါသည်။

( - သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ရေးသား ဖော်ပြခြင်းဖြစ်ပါသည်။- )

https://www.facebook.com/photo.php?fbid=1401976120095696&set=a.137698829592781

နှုတ်ဆက်ပါတယ် ဆူရာဘာယာ

ဂျာဗားပင်လယ်တွင် အလောင်းများမျောပါနေပုံကို ဖော်ပြထားသောသတင်းများ ကြည့်ရှုပြီးနောက် ဆူရာဘာယာမြို့ ဂျွန်ဒါနိုင်ငံတကာလေဆိပ်၌ အဲအေးရှား လေယာဉ်ပေါ်ပါ ခရီးသည်များ၏ မိသားစုဝင်များ ပူဆွေးနေကြစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
 
၂၀၁၅ နှစ်သစ်ကို စင်ကာပူ၌ ဆင်နွှဲရန် အစီအစဉ်ဖြင့် အာဒီးတို့ မိသားစုငါးဦး လေယာဉ်အတူစီး၍ ခရီးထွက်ကြပါပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာလေဆိပ်မှ လေယာဉ်စတင် ပျံမတက်မီလေးတွင်မီရှဲလ်အာဒီးက အချစ်ဆုံးသူငယ်ချင်းထံ မက်ဆေ့ခ်ျပို့လိုက်၏။

သူ့ထိုင်ခုံ ဘေးပြတင်းမှန်ကတစ်ဆင့် မြင်နေရသည့် အဲအေးရှား QZ 8501 လေယာဉ်တောင် ပံကို ဓာတ်ပုံလှမ်းရိုက်ပြီး SnapChat ကတစ်ဆင့် ပို့လိုက်ခြင်း ဖြစ်သည်။ ဓာတ်ပုံနှင့်အတူ သူရေးထည့်လိုက်သည့် ပုံစာလေးက ‘‘နှုတ်ဆက်ပါတယ် ဆူရာဘာ ယာ’’ ဟူ၍။
‘‘သူက စကားအများကြီး သိပ်မပြောဘူး။ ဒါပေမဲ့ စမတ်ကျတဲ့ မိန်းကလေးတစ်ယောက် ပါ’’ဟု မီရှဲလ်၏ မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သူ ရာဗင် လီမာဒီနတ္တ က ပြန်ပြောင်းပြောပြသည်။

သူနှင့် မီရှဲလ်တို့က ဟိုးယခင်ပထမဆုံး တွေ့ခဲ့သည့်အချိန်မှ စ၍ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြသူများပင်။ မီရှဲလ်အာဒီး ၊ မာရီယန်း အာဒီး နှင့် ဂျေဒင်းအာဒီးတို့ မောင်နှမသုံးဦးသည် ဆူရာဘာယာ ကန်းဘရစ်ခ်ျ ကျောင်း၌ အတူတကွ ပညာသင်ကြားနေခဲ့ကြသည်။ ဒီဇင်ဘာ ၂၈ ရက်၌ မိသားစုတစ်ခုလုံး နှစ်သစ်ကူးအားလပ်ရက် ခရီးရှည်အဖြစ် စင်ကာပူသို့ လည်ပတ်ရန် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။
အာဒီးမိသားစု အပါအဝင်လူပေါင်း ၁၆၂ ဦး စီးနင်းလိုက်ပါသွားခဲ့သော အဲအေးရှား QZ8501သည် ဆူရာဘာယာ လေဆိပ်မှ ထွက်ခွာပြီး ၄၂ မိနစ်အကြာ ဂျာဗားပင်လယ်ပြင်ပေါ် ပျံသန်းနေစဉ် မြေပြင်ရှိ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်အားလုံး ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့ သည်။ 

ထိုသတင်းကို သိပြီးနောက်ဆူရာဘာယာ ကန်းဘရစ်ခ်ျ ကျောင်းသူလေးတစ်ယောက်မှာ မာရီယန်းထံ မက်ဆေ့ခ်ျတစ် စောင်ပို့ရန် ကြိုးစားခဲ့ရှာ၏။ ဖုန်းမှာပါသည့် ဂျီပီအက်စ်ကို ဖွင့်ရန် လှမ်းပြောသည့် မက်ဆေ့ခ်ျ ဖြစ် သည်။ ဂျီပီအက်စ်ကတစ်ဆင့် တည်နေရာကို သိနိုင်ပေလိမ့် မည်။ သို့သော် မာရီယန်းထံမှ စာတစ်စောင်မှ ပြန်မလာခဲ့ပါ။ ဒီဇင်ဘာ ၂၉ ရက်အရောက်တွင် လေယာဉ်မှာ ပင်လယ်ကြမ်းပြင်ဆီ ရောက်သွားပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့က သုံးသပ်ခဲ့၏။ ဒီဇင်ဘာ ၃၀ ရက်တွင်မူ  ပင်လယ်ပြင်၌ လေယာဉ်အပျက်အစီး အစအနနှင့် လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြပြီ။

လက်ထပ်ခါနီး သတို့သားလောင်းတစ်ယောက်၊ သာသနာ
ပြုအဖွဲ့ဝင်များ၊ ဇီဝဗေဒဆရာတစ် ဦး၊ စွမ်းအင်ကုမ္ပဏီမှ အလုပ်အမှု ဆောင်တစ်ဦး၊ အားလပ်ရက် အပန်းဖြေခရီးထွက်နေသည့် မိသားစုများ၊ နှစ်ပေါင်းများစွာအတွေ့ အကြုံရှိ ဝါရင့်သမ္ဘာရင့် လေယာဉ်မှူးများ...။ အင်ဒိုနီးရှားမှ စင်ကာပူ အကြမ်းဖျင်း နှစ်နာရီခန့်သာ ကြာသည့် လေကြောင်းခရီးစဉ် တစ်ခု၌ လူသား ၁၆၂ ဦးတို့၏ ဘဝများသည် ကန့်လန့်ပိုင်းဖြတ် အဆုံးသတ်သွားခဲ့ကြရချေပြီ။

ဒီဇင်ဘာ ၃၀ ရက်တွင် အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနက ဂျားဗားပင်လယ် ရေပြင်ပေါ်တွင် ပေါလောမြောနေသည့် ရုပ်အလောင်းတစ်ခုကို ရှာဖွေရေးအဖွဲ့၏ လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကိုထုတ်လွှင့်ပြသခဲ့သည်။

အင်ဒိုနီးရှားအရာရှိများက ပြန်လည်ရှာဖွေ တွေ့ရှိသည့် ပျောက်ဆုံးလေယာဉ်မှ လူသေအလောင်းများ၏ ထိတ် လန့်တုန်လှုပ်စဖွယ် ရုပ်ပုံများ ကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။ ရေပြင်တွင်မျောပါ နေသည့် အလောင်းခြောက် လောင်းကို ပထမဆုံးတွေ့ရှိခဲ့သည့်နေရာက ဂျာဗားပင်လယ်တွင်ဖြစ်ပြီး လေယာဉ်ကို နောက်ဆုံးအဆက်အသွယ် ရခဲ့သည့် နေရာမှ ၁၀ ကီလိုမီတာအကွာ၌ဖြစ် သည်။ အလောင်းတို့မှာ ဖူးရောင်နေပြီး အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိကြောင်း တွေ့ရသည်။ အပျက်အစီး အစိတ်အပိုင်းများကို နောက်ဆုံးအ ဆင့် စစ်ဆေးမှုများ မပြုလုပ်ရ သေးသော်လည်း အဲအေးရှား ခရီးစဉ်အမှတ် QZ8501 မှ ဖြစ်ရန် ၉၅ ရာခိုင်နှုန်း သေချာခိုင်မာကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ယင်းအပျက်အစီးသည် QZ8501 မှဖြစ်ကြောင်း အဲအေးရှားက အတည်ပြုလိုက်ပါ သည်။

လေယာဉ်ပေါ် ပါသွားသူ ၁၆၂ ဦး၏ ကျန်ရစ်သူ မိသားစုများအတွက် ယခုသတင်းက လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့ကို ပျက်သုဉ်းသွားစေခဲ့သည်။ ရေပြင်တွင် ပေါလောမျောပါနေသည့် အလောင်းများ သတင်းကို မြင်ကြားလိုက်သည့် တစ်ပြိုင်နက်မှာပင် စောင့်ဆိုင်းဧရိယာ၌ နှစ်ရက်ကြာ စောင့်မျှော်နေခဲ့ကြသော မိသားစုဝင်များ၏ အော်ဟစ်ငိုယိုသံများဆူညံသွားတော့သည်။ ယောက်ျားအချို့က နံရံကိုထုရိုက်ပြီး အချို့က ပြိုလဲကျကုန်သည်။

အဲအေးရှား လေကြောင်း လိုင်း အမှုဆောင် အရာရှိချုပ်ဖြစ်သူ တိုနီဖာနန်ဒက်စ်က ၎င်း၏ ဝမ်းနည်းပူဆွေးကြောင်း အမှာစကားတစ်စောင်ကို တွစ်တာ၌ ဖော်ပြလိုက်သည်။

လတ်တလောတွင် သင်္ဘောအစီး ၃၀၊ လေယာဉ် ၁၅ စီး၊ရဟတ်ယာဉ် ခုနစ်စီးတို့က ပျောက်ဆုံးပျက်ကျပျက်စီးလေယာဉ်ကို ရှာဖွေနေကြောင်း အင်ဒိုနီးရှားက ကြေညာထားသည်။ ရှာဖွေလုပ်ငန်း၏ အများစုကို အင်ဒိုနီးရှားက ဆောင်ရွက်ခြင်းဖြစ်ပြီး စင်ကာပူ၊မလေးရှားနှင့် သြစတြေးလျတို့ လည်း ပါဝင်လျက် ရှိသည်။ ထိုင်းနိုင်ငံကလည်း ရှာဖွေရေးတွင် ပူးပေါင်းပါဝင်ရန် စီစဉ်နေပြီး အမေရိကန်က အကူအညီပေးရန် စစ်သင်္ဘောတစ်စီး ပို့လွှတ်ထား သည်။

အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ်မောင်း နှစ်ဦး၊ ဝန်ထမ်းငါးဦးနှင့် ခရီးသည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည်များအနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ် ၁ဦးတို့ ပါဝင်နေသည်။ ၎င်းတို့အနက် စင်ကာပူနိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ပြင်သစ် တစ်ဦး၊ တောင်ကိုရီးယား သုံးဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦးဖြစ်ကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၈ရက်က အဲအေးရှားလေယာဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး မသွားမီအတွင်း ရာသီဥတုအခြေအ နေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်း ထိန်းသိမ်းရေး စခန်းသို့ လေယာဉ်မှူးက လှမ်းအကြောင်းကြား မေးမြန်းမှု ရှိခဲ့ သည်။

လေယာဉ်တစ်စီးသည် ရေပြင်အပေါ်၌ ပျောက်ဆုံးသွားသည့်အခါ ပျက်ကျရာမှ ရှင်သန်လွတ်မြောက်နိုင်သူ တစ်ဦးဦးရှိနိုင်ခြေမှာ အလွန်တရာ နည်းပါးကြောင်း လေကြောင်းလုပ်ငန်း ၌ နိုင်ငံတကာ အတွေ့အကြုံ နှစ်ပေါင်းများစွာရှိသူ လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ဂျာမန်ကျွမ်း ကျင်ပညာရှင် ဟိန်းရစ်ခ်ျဂရော့စ် ဘွန်းဂတ်ဒ်က ပြောကြားကြောင်း ဂျာမန်သတင်းဌာန ဒီဒဗလျူက ဖော်ပြသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ က အင်္ဂါနေ့ နေ့လယ်က သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ရှာ ဖွေ ကယ်ဆယ်ရေးကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးလိုက် ရသူများနှင့်ထပ်တူ ခံစားရ ကြောင်းသာ သမ္မတက ပြောနိုင် ခဲ့သည်။

အဲအေးရှား လေယာဉ် QZ8501 မပျက်ကျမီ ၂၀၁၄အတွင်း လေကြောင်းမတော်တဆ ဖြစ်ပွားမှုကြောင့် လူပေါင်း၁,၀၅၀ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။ လေယာဉ်အပိုင်စီးမှုများ အပါအဝင် လေကြောင်း မတော်တဆမှုများကို ခြေရာကောက် စောင့်ကြည့်နေသော လေယာဉ်လုံခြုံရေးကွန်ရက်၏ စစ်တမ်းအရ ယခုလေယာဉ်ပျက်ကျမှု ကြောင့် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေအတွက်မှာ ၁၂၁၂ ဦးအထိရှိသွား ပြီး ဆယ်စုနှစ်အတွင်း လေကြောင်းကဏ္ဍ၌ လူသေဆုံးမှု အ မြင့်ဆုံးနှစ် ဖြစ်သွားခဲ့ရပြီ။

အဲအေးရှား လေယာဉ် QZ8501 ပျောက်ဆုံးနေကြောင်း သတင်းကို ကြားလိုက်ရချိန်က လူးဝစ် ဆစ်ဟာတာမှာ ၎င်း၏ချစ်သူ သတို့သားလောင်းကို သွားကြိုဖို့ လေဆိပ်သို့ထွက်ခွာလာနေ စဉ် လမ်းတစ်ဝက်၌ ဖြစ်သည်။ သူတို့နှစ်ယောက် လက်မထပ်မီ သတို့သားလောင်း အာလိန်းက မိသားစုနှင့် အပန်းဖြေ ခရီးထွက်နေခဲ့ခြင်းဖြစ်သည်။ ရုပ်မြင် သံကြားကင်မရာများ အလယ် တွင် သတို့သမီးလောင်းဟောင်း ဖြစ်ခဲ့သူ လူးဝစ်က ယခုလို ရှင်းပြ ခဲ့ပါသည်။
‘‘အဲဒါ သူ့မိသားစုနဲ့ နောက်ဆုံးအားလပ်ရက် အပန်းဖြေခရီး ဖြစ်သွားခဲ့ပါပြီ’’   
—Ref: CNN

http://7daydaily.com/story/28228#.VKNegP9cBg

အိမ်ထောင်ဖက်နဲ့အတူ အိပ်တဲ့ပုံစံက သင်တို့အချစ်ရေး ပြောပြနိုင်



ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူအိပ်တဲ့အခါ သင်တို့နှစ်ဦးရဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေက သင်တို့ရဲ့အချစ်ရေးက ဘယ်လိုရှိတယ်ဆိုတာ ထောက်ပြပေးနေသလိုပါပဲ။ ခန္ဓာဗေဒက ပြောပြပေးတဲ့ တိကျတဲ့အရာတွေထဲမှာ ဒီ အိပ်စက်တဲ့ပုံစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခြွင်းချက်တွေအနေနဲ့ ရှိမနေဘူးလားလို့ မေးလာရင်တော့ ရှိကောင်းရှိနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားက ခပ်ခွာခွာအိပ်တတ်လို့ အချစ်ရေး အဆင်မပြေတာမျိုး မရှိပါဘူးလို့ ဆိုချင်လည်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် သေချာတာက သင့်ရဲ့ချစ်သူကသာ အိပ်တဲ့ပုံစံပြောင်းသွားပြီဆိုရင်တော့ ဒီအချက်ကလေးတွေ ဖတ်ကြည့်လိုက်ပေါ့။၁။သင်ကို သင့်ချစ်သူက နောက်ကနေ သိုင်းဖက် အိပ်စက်တတ်တယ်ဆိုရင်


ပုံမှာပြထားသလို သင့်ချစ်သူက သင့်ကိုနောက်ကနေ သိုင်းဖက်ပြီး အိပ်စက်တတ်တယ်။ ဒီလို အိပ်စက်တဲ့ပုံမျိုးက သင့်ချစ်သူက သင့်ကို သူ့ရင်ဘတ်ထဲ သွင်းထားချင်တဲ့သဘောလို့ ဆိုရမှာပါ။ ဒါ့အပြင် သင့်ကို သူလုံခြုံစေချင်တယ်။ တစ်နည်းအားဖြင့် သင့်ကို ယုံကြည်တယ်လို့လည်း သတ်မှတ်လို့ရပါတယ်တဲ့။

၂။သင်က သင့်ချစ်သူကို နောက်ကနေ သိုင်းဖက်အိပ်စက်တတ်တယ်ဆိုရင်


ပုံမှာပြထားသလို သင်ကနောက်ကနေ သင့်ချစ်သူကို ဖက်သိုင်းပြီး အိပ်စက်တတ်တယ်ဆိုရင် သင်ဟာ သူ့အတွက် ကာကွယ်ပေးချင်တဲ့စိတ်တွေ အပြည့်ရှိပါတယ်။ သင်က သူ့အပေါ် အတ္တနည်းနည်းကြီးတယ်ဆိုရင်တောင် သူ့အတွက် ဘယ်တော့မှ နောက်ဆုတ်မသွားဘူးဆိုတဲ့ လူမျိုးပါ။

၃။သင်နဲ့ သင့်ချစ်သူက အနည်းငယ် ခွာထားကာ စောင်ခြုံပြီး အိပ်တတ်တယ်ဆိုရင်


အိပ်စက်တိုင်း စောင်ခြုံအိပ်စက်တတ်ခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ ကိုယ် သိပ်မရင်းနှီးသေးတဲ့ သဘောကိုဆောင်ပါတယ်။ အိပ်တဲ့အခါမှာလည်း နည်းနည်းလေးခွာထားမယ်။ ဒါပေမယ့် သူက ကိုယ့်ကိုနောက်ကနေတော့ သိုင်းဖက်ထားတယ်ဆိုရင် ဒါဟာ သင်ပြသနာတက်တိုင်း၊ တစ်ခုခုဖြစ်တိုင်း သူအမြဲတမ်း သင့်နောက်မှာ ရှိနေမယ်။ သူ့ကိုအမြဲထည့်တွက်စေချင်တဲ့ သဘောပါပဲတဲ့။

၎။သင့်ချစ်သူက ကျောနဲ့အိပ်ယာ တစ်သားတည်းကျအောင် အိပ်တတ်ပြီး သင့်ကို သူ့ရင်ဘတ်ပေါ် ဆွဲသွင်းအိပ်တတ်တယ်ဆိုရင်


သင့်ချစ်သူဟာ ပုံမှာပြထားသလို ကျောနဲ့အိပ်ယာတစ်သားတည်း အိပ်တတ်ပေမယ့်၊ သင့်ကို သူ့ရင်ဘတ်ပေါ် ခေါင်းတင်အိပ်စက်စေမယ်၊ သင့်ခေါင်းကိုလည်း သူလက်နဲ့ ခုလို ကိုင်ထားပေးတယ်ဆိုရင် သူဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့လူမျိုးပါ။ သင့်ကို သူကာကွယ်ပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိစေချင်တဲ့သဘောပါတဲ့။ သင့်ရဲ့အိပ်စက်ပုံက ပုံထဲက အမျိုးသမီးလိုဆိုရင်တော့ သူ့ကို အားကိုးယုံကြည်တယ်ဆိုတာ ပြသလိုက်တာပါပဲ။

၅။နှစ်ယောက်စလုံး မှောက်လျှက်အနေအထားအိပ်တတ်ကြတယ်ဆိုရင်


ခုလိုအနေအထားမျိုးနဲ့ မှောက်လျှက်အိပ်တတ်တဲ့ စုံတွဲတွေဟာ ဒေါသကြီးတတ်တဲ့သဘော၊ တစ်ဦးနဲ့တစ်ဦး လိင်ကိစ္စယုံကြည်မှု နည်းပါးကြတဲ့ သဘောလို့ ဆိုပါတယ်။ တကယ်လို့များ သင့်အိမ်ထောင်ဖက်က ခုလို မှောက်လျှက်အနေအထား အိပ်နေပြီဆိုရင်တော့ သူ့စိတ်တွေ အရင်လို ပြန်လည်လန်းဆန်းလာအောင်နဲ့ သူ့ကိုအကာအကွယ်ပေးနိုင်အောင် သင့်ဘက်က ကြိုးစားဖို့ လိုပါတယ်။

၆။တစ်ယောက်နဲ့တစ်ယောက် မထိပဲ၊ မကြည့်ပဲ ဟိုဘက်ဒီဘက်လှည့်အိပ်တတ်တယ်ဆိုရင်


ဒီလိုအိပ်တတ်တဲ့သူ နှစ်ယောက်စလုံးဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်လို့ ယူဆတဲ့သူတွေ ဖြစ်ဖို့များပါတယ်တဲ့။ ဒါ့အပြင် သင်တို့ရဲ့ အသားအရေက ပူတာကြောင့် နှစ်ဦးသား ထိရတာ အဆင်မပြေတာမျိုး၊ သူက ယောင်ပြီး ကန်ကြောက်တာမျိုး လုပ်တတတ်တာကြောင့် ခုလို အိပ်စက်ရတာမျိုး မဟုတ်ရင် အလုပ်မှာ စိတ်ပင်ပန်းတာကြောင့် ဖြစ်စေ၊ ဒါမှမဟုတ် လျှို့ဝှက်ချက်တစ်ခုခုရှိနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

၇။တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းအိပ်တတ်ပေမယ့် ကျောချင်းထိပြီး အိပ်တတ်တယ်ဆိုရင်


နှစ်ယောက်စလုံးက ကိုယ့်ရပ်တည်မှုအတွက် ကိုယ်ကျေနပ်ကြသလို သီးခြားစွမ်းရည်တွေရှိနေကြတယ်။ ယုံကြည်မှုလည်း ပြင်းထန်ကြတယ်။ ကျောချင်းထိစပ်နေတဲ့သဘောကတော့ နှစ်ယောက်စလုံးက လိင်ကိစ္စကိုတော့ စိတ်ပါနေကြတုန်းပဲ။ နောက်တစ်ချက် စဉ်းစားလို့ရနိုင်တာက တစ်ယောက်က နေမကောင်းတာကြောင့် တစ်ယောက်ကို ကိုယ့်အတွက် အနှောင့်အယှက်မဖြစ်စေချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။

၈။နှစ်ဦးသား လုံးထွေးဖက်ပွေ့ပြီး အိပ်တတ်တယ်ဆိုရင်


ပုံမှာပြထားသလို သင်တို့နှစ်ဦး အိပ်စက်တတ်ကြတယ်ဆိုရင်တော့ သင်တို့ဟာ တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်ဘူးဆိုတဲ့ သဘောကို ပြပါတယ်။ အိပ်နေရင်တောင် ချစ်လို့ မ၀ဘူးဆိုတဲ့သဘောပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်တတ်ကြပြီး ကိစ္စတစ်ခုကို နှစ်ယောက်အတူတူ ဆောင်ရွက်တတ်ကြပါတယ်တဲ့။

၉။တစ်ယောက်က ကုတင်ထိပ်နားကပ်နေအောင်အိပ်ပြီး ကျန်တဲ့တစ်ယောက်က အောက်ဘက်နားရောက်နေတတ်တယ်ဆိုရင်


ကုတင်ထိပ်ဘက်နား ကပ်အိပ်တတ်တဲ့သူတွေဟာ သူတစ်ပါးကို လွှမ်းမိုးချင်တတ်သလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပြင်းထန်တတ်ကြပါတယ်။ အောက်ဘက်နား ဆင်းဆင်းပြီး အိပ်တတ်တဲ့သူတွေဟာ ခုနဖော်ပြတဲ့အချက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ အတွဲတွေဟာ တစ်တန်းတည်း အိပ်တတ်တယ်ဆိုရင် သူတို့ဟာ တူညီနေကြပါသေးတယ်။ ပုံမှာပြထားသလိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အားနည်းတဲ့ဘက်ရောက်နေပါတယ်တဲ့။

Ref:cosmopolitan.com
ေ မေသော်
Trend Myanmar
http://www.myanmaronlinenew.com/2014/12/blog-post_732.html

ယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင်



၁ ။ လုပ်ငန်းခွင်မှာ ဘယ်လောက်တော်တော် ၊ ဘယ်လောက်ပဲ စမတ်ကျကျ
ယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အပြောအဆိုတွေနုလာပြီး တခါတရံ အပြုအမူတွေဟာ ကလေးဆန်သွား တတ်တယ် ။

၂ ။ တစ်ခါတရံ ချစ်သူရဲ့ ဆိုးနွဲ့ မှုတွေ သီးမခံနိုင်အောင်ဖြစ်တတ်ပေမယ့်
ချစ်သူ မိန်းကလေးရဲ့  မူယာမာယာအနည်းငယ်မိလိုက်တာနဲ့ အပူဒါဏ်ထိတဲ့ ရေခဲတုံးလို အရည်ပျော်ကျသွား တတ်တယ် ။

၃ ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေချိန် ကိုယ့် ချစ်သူမိန်းကလေး ဖုန်းတတီတီဆက်ပြီး အာရုံနောက်အောင်လုပ်နေတာမျိုး
ယောင်္ကျားလေး သူငယ်ချင်းရှေ့  အနေခက်အကျပ်တွေ့တာ ရှိပေမယ့် ဖုန်းချပြီးသွားရင် ကိုယ့်ချစ်သူစိတ်ဆိုးသွားပြီလားဆိုတဲ့ အတွေးနဲ့
သူငယ်ချင်းပြောသမျှစကား စိတ်မဝင်စား မကြားချင်တော့ ။ စိတ်တွေက ချစ်သူမိန်းကလေးဆီကိုသာ ရောက်နေတတ်တယ် ။

၎ ။ သူငယ်ချင်းတွေက အတင်းတိုက်တွန်းလို့ ချစ်သူမိန်းကလေးမကြိုက်တဲ့ အရာမျိုး လုပ်မိတော့မယ် ။ မုသားမပါ လင်္ကာမချော လိမ်ပြောခဲ့ပေမယ့် နောက်ဆုံး အလိမ်တွေ ပေါ်ပေါ်သွားတတ်တယ် ။ အဲ့ကျရင် မိန်းကလေးတွေ ကိုယ့်ချစ်သူကောင်လေးကို နားလည်ပေးဖို့ အလွန်အရေးကြီးတယ် ။ ဒီလိုအချိန်မျိုးမှာ ယောင်္ကျားတစ်ယောက်ရဲ့  ကြောက်ရွှံ့ မှုက မျက်ရည်ပါ ကျသွားနိုင်လို့ပါ ။

၅ ။ ယောင်္ကျားတွေဟာ ကိုယ်ယူတဲ့မိန်းမ အပျိုစင်စစ် ဖြစ်ပြီး ငါပြောသမျှ ညိမ်နေရမယ် ၊ အိမ်မှုကိစ္စနိုင်ရမယ် ဘယ်လိုပဲပြောခဲ့ပြောခဲ့
တကယ်တမ်း ချစ်တဲ့သူနဲ့ တွေတဲ့အခါကျ ၊ အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်လက်ထဲမှာ ကိုယ့်ကို ချစ်ပြီး ၊ နားလည်မှုအပြည့်ပေးနိုင်တဲ့သူ ဖြစ်ရင်ပြီးရော ကျေနပ်နေတတ်တယ် ။

အချက်တွေအားလုံးကတော့ မတူညီနိုင်ပါဘူး မိန်းကလေးဘက်က နားလည်မှု အပြည့်ပေးခဲ့ရပြီး လုပ်ချင်တိုင်းလုပ်တတ်တဲ့ ယောင်္ကျားမျိုးနဲ့ ဘဝလက်တွဲဖော်အဖြစ် ရောက်ရှိသွားတာ တွေရှိသလို ၊ ချစ်သူဘဝမှာ အရမ်းချစ်ခဲ့ကြပေမယ့် အိမ်ထောင်ကျပြီးမှ ကွဲသွားတာမျိုးတွေလည်း ဒုနဲ့ဒေးပါ ။ ဒါပေမယ့် ယောင်္ကျားတိုင်း တကယ်ချစ်လာပြီဆိုရင် အပေါ်ကပြောခဲ့တဲ့ အချက်ကတော့ မကင်းနိုင်ပါဘူး ။ ကြုံဖူးသူတိုင်း သိပါလိမ့်မယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.1073

ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင်



၁ . အတိတ်တွေကို ပြန်မကြည့်ပါနဲ့ ။ လက်ရှိ အချိန် သူဘယ်လိုပြုမူ နေထိုင်တယ် ၊ သူဘယ်လောက် တည်ငြိမ် ရင့်ကျက်တယ် ဆိုတာကိုပဲ ဂရုစိုက်ပါ ။

၂ . ချစ်သူက အမှားတစ်ခုခု လုပ်ခဲ့ဖူးတာမျိုးတွေရှိမယ် ။ သူကလည်း အဲ့ဒီအမှားကို ဝန်ခံတောင်းပန်တယ် ၊ ပြန်အဆင်ပြေသွားပြီ ။
ဒါပေမယ့် ရန်ဖြစ်စိတ်ဆိုးတဲ့အခါ အဆိုပါ အမှားကိုပဲ ဖိနှိပ်ချနှင်းပြီး ချစ်သူကို အနိုင်ယူတာမျိုး မလုပ်မိပါစေနဲ့ ။

၃ . သူတစ်ခါ မှားခဲ့ဖူးလို့ ကိုယ်လည်း ပြန်မှားမယ်ဆိုတဲ့ အတွေးမျိုး အရွဲ့  မတိုက်မိပါစေနဲ့ ။

၎ . ပုံမှန်ချစ်နေကျ ပုံစံထက် ပိုပြီးချစ်ပြစရာမလိုဘူး ၊ လျော့လည်းမလျော့နဲ့ ။ ပုံမှန်ပဲ ဂရုစိုက်ပေးပါ ။

၅ . နေ့စဉ်လုပ်နေကျ အရာတွေ မပျက်ကွက် မိပါစေနဲ့ ။ ဥပမာ ( မနက်အစောကြီး ဖုန်းဆက်တာ ၊ အိပ်ခါနီးမက်ဆေ့စ်ပို့တာ)

၆ . ရေရှည်လက်တွဲဖို့အတွက် ကိုယ့်ရဲ့ အားနည်းချက် ဘာရှိလဲဆိုတာမျိုး ချစ်သူကို ဝေဖန်ခိုင်းပါ ။ ပြီးရင် ပြင်ဆင်ပါ ။

၇ . အတူတွဲရိုက်ဖူးတဲ့ ဓာတ်ပုံတွေကို ကြာကြာတစ်ခါ နှစ်ယောက်အတူတူ ကြည့်ပြီး ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို များများပြောပေးပါ ။

ဒါကတော့ ကိုယ်ချစ်တဲ့သူကို လွယ်ကူစွာလိုက်လျောပေးနိုင်တဲ့ အချက်(၇) ချက် ဖြစ်ပါတယ် ။ ပြီးတော့ ချစ်သူနှစ်ယောက် လမ်းခွဲဖို့အထိ နာကျင်ရလောက်တဲ့
အနေအထားမျိုးဖြစ်လာခဲ့မယ်ဆိုရင် အတူတူပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားပေးပါလို့ ထပ်လောင်း အကြံပြုလိုက်ရပါတယ် ။ ချစ်သူများ ရွှေလက်တွဲမြဲ ၍ ပျော်ရွှင်နိုင်ပါစေ ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

မှဲ့ခြောက်နှင့်တင်းတိပ်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း




လူငယ်လူရွယ်တို့သဘာဝအရ မျက်နှာပေါ်မှာ ၀က်ခြံပေါက်လာလျှင် အချို့က မှည့်အောင်ထားပြီးမှ ဖယ်ရှားကြသလို အချို့က မမှည့်ခင်မှာ အတင်းညစ်ထုတ်တတ်ကြသည့်အတွက် မျက်နှာပေါ်မှာ အမာရွတ်နှင့် အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။

ထိုအမာရွတ်များ၊ မှဲ့ခြောက်များ၊ တင်းတိပ်များကို သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

  ဆေးနည်း (၁)

ဖရဲသီး၏ အခွံနားကပ်နေတဲ့ အောက်ခံအဖြူရောင် အသားကို ပါးပါးလှီး၍ မျက်နှာသစ်ပြီးလျှင် အမာရွတ်ရှိသည့် မျက်နှာပေါ်ကို နာရီဝက်ခန့် အုပ်ထားပြီးလျှင် မျက်နှာသစ်လိုက်ပါ။

  ဆေးနည်း (၂)

ဖရဲသီးစားသည့်အခါ အောက်ခံအဖြူကိုပါ စားပေးပါ။ အပူအပုတ်များကို စုပ်ထုတ်ပေးပါသည်။ ၀မ်းမှန်၊ ဆီးမှန်စေပါသည်။ ၀က်ခြံ၊ တင်းတိပ်တို့ကို ကာကွယ်ပေးကာ အသားအရည်စိုပြေ၀င်းပစေပါသည်

  ဆေးနည်း(၃)

ငရုတ်ကောင်းမှုန့်နှင့် ဒိန်ချဉ်ကို ရောစပ်ကာ မျက်နှာကို ဆေးကျောသန့်စင်ပြီးလျှင် လိမ့်ပေးပါ။ နာရီဝက်ခန့်ကြာလျှင် မျက်နှာကို ဆပ်ပြာဖြင့် သေချာစွာ သစ်လိုက်ပါ။ တစ်ပတ်ကို (၂) ကြိမ် သို့မဟုတ် (၃) ကြိမ်နှင့် တစ်လခန့် ပုံမှန်ပြုလုပ်ပေးပါက မှဲ့ခြောက်၊ ၀က်ခြံ၊ တင်းတိပ်၊ အမာရွတ်များ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

  မြင်သူတကာငေးလောက်တဲ့ လှပသော မျက်နှာပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

  စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ

ကျန်းမာရေးသတင်းများ


https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.

ရိုးရှင်းပြီး အဆင်ပြေထိရောက်တဲ့ ယင်ကောင်မောင်းထုတ်နည်း



ကျွန်တော်တို့ကို စိတ်အနှောက်အယှက် ပေးလှတဲ့ ယင်ကောင်တွေနဲ့ ကင်းဝေးစေဖို့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုပဲ ပြောပြချင်ပါတယ်။

အရင်တုန်းက စေးကပ်နေတဲ့ ကြိုးပြားလေးတွေ သို့မဟုတ် ဖြန်းဆေးမုတ်ဆေး စသဖြင့် ဖြေရှင်းနည်းအမျိုးမျိုး ကြားဖူးကြမှာပါ။ အဲဒီနည်းတွေက အစားအစာနဲ့ နီးနီးကပ်ကပ်မသုံးသင့်တဲ့ နည်းတွေဖြစ်ပါတယ်။ သို့ပေမယ့် ယခု တင်ပြမယ့် နည်းက ယင်ကောင်တွေကို တွန်းလှန်ဖို့ အဆင်ပြေဆုံးနဲ့ အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ဒီနည်းကို လက်နက်သဖွယ် အသုံးပြုဖို့ရာ လိုအပ်တာလေးတွေက လေးညှင်းသီး အခု (၃၀) နဲ့ ပန်းသီးတစ်လုံးလေးပဲဖြစ်ပါတယ်။

 ပုံမှာပြထားသလို လေးညှင်းသီးအားလုံးကို ပန်းသီးထဲ ထိုးစိုက်လိုက်ပါ။ ပြီးရင် စားပွဲအလယ်မှာ တင်ထားလိုက်ပါ။ ဒီလိုဆိုရင် ယင်ကောင်တွေအနားလာမကပ်တော့တဲ့အပြင် ပန်းသီးနဲ့ လေးညှင်းသီးရဲ့ မွှေးကြိုင်တဲ့ရနံ့ ကိုပါ ရရှိခံစားရမှာဖြစ်ပါတယ်။

Source: naturalhealthcare
Trend Myanmar

ကလေးငယ်အတွက် လူစွမ်းကောင်း ဖြစ်ခဲ့သူ Temar



 

ပုံအထက်မှာ မြင်တွေ့နေရတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသားဟာ ကလေးငယ် ပြန်ပြေးဆွဲခံရမယ့် အခြေအနေကနေ လွတ်မြောက်သွားအောင် ကယ်တယ်ပေးခဲ့သူ ဖြစ်ပါတယ်။ Temar Boggs လို့အမည်ရတဲ့ အသက် ၁၅ နှစ် လူငယ် ဖြစ်ပြီး အဲ့တုန်းက ၂၀၁၃ ဇူလိုင်ဆိုတော့ ယခုဆိုရင် တစ်နှစ်ကျော်မက ရှိနေပါပြီ။

၎င်းတို့ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ အသက်ငါးနှစ်အရွယ် ခလေးမလေး ပျောက်ဆုံးကြောင်း ရဲများ ပြာဆိုလို့ ရှာနေချိန် လူငယ်ဟာ သူ့သူငယ်ချင်းနဲ့အတူ စက်ဘီးစီးနေပါတယ်။ မမျော်လင့်ပဲ လမ်းတစ်နေရာမှာ ကားပေါ်မှာ ခလေးမလေးကို တွေ့ပါတယ်။ ကလေးမလေးကို ကားပေါ်တင်ပြေးခြင်း ဖြစ်ပါတယ်။ ဒါကို မြင်တော့ Temar နဲ့ သူငယ်ချင်းဟာ စက်ဘီးကို အရှိန်မြင့်မောင်းနှင်ပြီး လိုက်တဲ့အခါ ၁၅ မိနစ်အတွင်း ကားကို အမှီလိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကားထဲက လူဟာလည်း ကလေးငယ်ကို ချပြီး ပြန်ထွက်ပြေးတာကြောင့် ကလေးငယ်ကိုပါ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ ပါတယ်။ ကလေးငယ်ဟာ ကယ်ဆယ်တဲ့ လူငယ်ကို အားကိုးတကြီး ပြေးဖက်လို့ ငိုပြီး အမေကို ခေါ်ပေးဖို့ တောင်းဆိုပါတယ်။

ဒါကြောင့် သူမ အမေဆီ ပို့ဆောင်ပေးခဲ့ပြီး ယင်း မြို့မှာ နေထိုင်တဲ့ လူတိုင်းက Temar နဲ့ သူငယ်ချင်းကို သူရဲကောင်း စစ်စစ်များ အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။ ကလေးငယ်ရဲ့ မိခင်လည်း သူ့ကို ထွေးပွေ့လို့ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

Ref: Metro

ေ  အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/12/temar.html

အစွမ်းထက်သော မြန်မာ့ရိုးရာဆေးနည်းများ


ေ 


ရောဂါဝေဒနာခံစားနေရသော ဝေဒနာရှင်မျိုးစုံမှ အသီးသီး တောင်းဆိုလာကြသော ဆေးနည်းများအတွက် အစွမ်းထက်သော မြန်မာ့ရိုးရာသဘာဝဆေးနည်းများကို ကျန်းမာရေးသတင်းများမှ အများအကျိုးကို မျှော်ကိုး၍ ဖော်ပြပေးလိုက်ပါသည်။

၁။ ပန်းနာရင်ကျပ်ရောဂါအတွက်

ယူကလစ်ပင်၏ အရွက်အစိမ်း ခပ်သန့်သန့်ကို ၇ ရွက်ခန့် ခူ၍ ရေ ၃ ခွက် ၁ ခွက် ပြုတ်ကာ ၄င်းအနံ့ကို ရှူရှိုက်ပေးပါ။ အသက်ရှူလွယ်ကူလာ၍ ပန်းနာရင်ကျပ် ချက်ချင်း သက်သာလာပါမည်။

၂။ မီးယပ်ရောဂါအတွက်

ရှားစောင်းလက်ပတ်၏ အတွင်းသားကို ခြစ်ယူ၍ ပေါက်ပင်ပဉ္စငါးပါးနှင့်မီးရှို့ကာ ရလာသော ပြာကို ချက်သည့်ဆားအနည်းငယ်ဖြူးကာ စားသုံးပေးပါက မီးယပ်သွေးစင်ကြည်၍ သက်သာပျောက်ကင်းပါသည်။

၃။ ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးနေလျှင်

  ရှားစောင်းအတွင်းသားကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့် စိမ်ကာ သကြားအနည်းငယ်ထည့်၍ သောက်သုံးပေးပါက ဆီးရောဂါများ သက်သာပျောက်ကင်းပါသည်။

၎။ အစားအစာထဲ အဆိပ်အတောက်ဖြစ်လျှင်

သနပ်ခါးပင်၏ အမြစ်ကို အမှုန့်ကြိတ်၍ ၃ ကျပ်သားခန့်ကို သကြားအနည်းငယ်၊ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းခန့်ဖြင့် ရော၍ ရေနွေးဖြင့် သောက်လျှင့် အဆိပ်ပြေစေပါသည်။

၅။ ပျို့ခြင်း၊ အန်ခြင်း၊ နှလုံးနာခြင်းများအတွက်

နံနံစေ့ကို သကြားနှင့်ပြုတ်၍ အအေးခံကာ ဆန်ဆေးရည်အနည်းငယ်နှင့် ရောစပ်၍ သောက်ပေးပါက ပျို့ခြင်း၊ အန်ခြင်း၊ နှလုံးနာခြင်းများပျောက်ကင်းစေပါသည်။ (အထူးသဖြင့် ကိုယ်ဝန်တည်ကာစ အမျိုးသမီးများအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါသည်)။

၆။ ပွေး၊ ၀ဲ၊ နှင်းခူများပေါက်လျှင်

သင်္ဘောမဲဇလီရွက်ဖြင့် တစ်နေ့ကို ၂ ကြိမ် ညင်သာစွာ ပွတ်တိုက်ပေးလျှင် ပွေး၊ ၀ဲ၊ နှင်းခူများ သက်သာပျောက်ကင်းစေပါသည်။ အရွက်ကို ထောင်း၍ တမာရွက်ပြုတ်ရည်နှင့် လိမ်းပေးပါက ၀ဲနာ၊နူနာများ ပျောက်ကင်းပါသည်။

၇။ နားကိုက်ရောဂါအတွက်

ကြက်သွန်နီကို မီးဖုတ်၍ အရည်ညစ်ယူကာ အရည်ခပ်နွေးနွေးဖြင့် နားထဲကို အနည်းငယ်စီ စွပ်ပေးလျှင် နားကိုက်သက်သာစေပါသည်။

၈။ ဆီးနာခြင်း၊ ဆီးအောင့်ခြင်း၊ ဓမ္မတာလွန်ခြင်းများအတွက်

ကန်စွန်းရိုးနီပင်ကို ဘူးရွက်၊ မန်ကျီးရွက်တို့နှင့် ရောကြိတ်၍ ဆန်မှုန့်ညက်နှင့်ဖျော်၍ ဆီးခုံပေါ် အုပ်ထားပေးပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေပါသည်။

၉။ ကျောက်တည်၊ ဆီးပူ၊ ဆီးချုပ်ရောဂါများအတွက်

သံမနိုင်ကျောက်မနိုင်ပင်၏ ပဉ္စငါးပါးကို အရည်ညစ်ယူကာ ကျိုချက်၍လည်းကောင်း၊ အခြောက်လှန်းထားကာ လက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍ သောက်လျှင် ဆီးပူ၊ ဆီးချုပ်များသက်သာပျောက်ကင်း၍ ကျောက်တည်သူများ ကျောက်ကို ကျသွားစေနိုင်ပါသည်။

၁၀။ သွားနာခြင်း၊ သွားဖုံးယောင်ခြင်းများအတွက

နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေထက်ဝက်ခန်းအောင်ပြုတ်၍ ၄င်းဆေးရည်ဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြုလုပ်ပေးပါက သွားနာခြင်း၊ သွားဖုံးယောင်များ၊ သွားဖုံးမှ ပြည်ယိုခြင်းများ သက်သာပျောက်ကင်းစေပါသည်။

ကျန်းမာရေးသတင်းများ စာမျက်နှာကို ဖတ်ရှူသူ မိဘပြည်သူများအားလုံး ရောဂါဝေဒနာကင်းစင်၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

  စောနွဲ့ နေဆိုင်(ပူတာအို)

https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

“တကယ့် မင်္ဂလာအစစ်”



 

လူတွေယူဆတဲ့ မင်္ဂလာက တကယ့်မင်္ဂလာအစစ် မဟုတ်ဘူး။ သို့သော် လောကလူတွေက မင်္ဂလာနဲ့
ကံတရားလို့ နှစ်မျိုးခွဲပြီးတော့ ပြောတဲ့အခါမှာ မင်္ဂလာထက် ကံကိုပိုပြီးယုံဖို့မြတ်စွာဘုရားကဟောတယ်။
ကံဆိုတာ ကိုယ်လုပ်တာကိုပြောတာ။ ကိုယ့်ရဲ့လုပ်ရပ်တွေ၊ ကိုယ့်ရဲ့စိတ်ကူးတွေ၊
ကိုယ့်ရဲ့ပြောဆိုမှုတွေ၊ ကိုယ့်ရဲ့ကာယကံမြောက်လုပ်မှုတွေ၊
အဲဒီက ရရှိလာတဲ့ အကျိုးတရားကို ယုံကြည်တာ။ 


မင်္ဂလာကိုယုံကြည်ပြီးတော့ ကံကောင်းအောင်မလုပ်ဘူးဆိုလို့ ရှိရင် ဗုဒ္ဓမြတ်စွာကို ကိုးကွယ်တဲ့ပုဂ္ဂိုလ်
  ဖြစ်သော်လည်းပဲ ထိုပုဂ္ဂိုလ်ဟာ အဆင့်မြင့်တဲ့ ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ဘူး။
  မြတ်စွာဘုရားက မင်္ဂလာထက် ကံကို အလေးအနက်ထားရမယ်လို့ ဟောတော်မူတယ်။
လောကီမင်္ဂလာနဲ့ ပတ်သက်ပြီးတော့ ဟောတယ်။


အဲဒီတော့ လောကလူသား တော်တော်များများကတော့ မင်္ဂလာရှိတဲ့အရာလို့ သတ်မှတ်လိုက်တာဟာ
မျက်စိထဲမှာမြင်ရလို့ ကြည်နူးစရာလေးတွေ၊ နားထဲကကြားရလို့ ကြည်နူးစရာလေးတွေ၊
ဒီအရာလေးတွေ အပေါ်မှာပဲ သုံးသပ်ပြီးတော့ မင်္ဂလာရှိတယ်လို့ သတ်မှတ်ကြတယ်။
အဲဒီမင်္ဂလာဟာ တကယ့်စစ်မှန်တဲ့မင်္ဂလာ မဟုတ်ဘူးတဲ့။
 

တကယ့် မင်္ဂလာအစစ်ဆိုတာ ၃၈-ပါးသောအကြောင်းတရားတွေအတိုင်း လိုက်နာကျင့်သုံးလို့
ရရှိလာတဲ့ ဘဝလမ်းကြောင်းဖြောင့်တန်းတဲ့ အရာခပ်သိမ်းကို အောင်မြင်တဲ့
အခြေအနေတစ်ရပ်သည်သာလျှင် ဖြစ်တယ်။
 

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

အနံဆိုးလွန်းသူ သုံးဦးကို စာကြည့်တိုက်က နှင်ထုတ်



 

ဘာမင်ဂမ် စာကြည့်တိုက် ကြီး၏ အတွင်းပိုင်း မြင်ကွင်း။


ဘာမင်ဂန်၊ ဒီဇင်ဘာ ၂၉။ အင်္ဂလန် နိုင်ငံ ဘာမင်ဂမ်ရှိ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးက စာကြည့်တိုက်သို့ လာရောက် ကြသည့် လူများ အနက်မှ သုံးဦးကို အနံအသက် ဆိုးလွန်းသောကြောင့် စာကြည့်တိုက် အတွင်းမှ နှင်ထုတ်ခဲ့ပြီး လာရောက်ခွင့်ကိုလည်း တားမြစ် ထားသည်။

Barmingham


ဘာမင်ဂမ်ရှိ ပေါင် ၁၈၉ သန်း တန်ဖိုးရှိသည့် စာကြည့်တိုက်က တစ်ကိုယ်ရည် သန့် ရှင်းရေး ပြဿနာ ရှိနေသည့် အဆိုပါ လူသုံးဦးကို အခြား စာဖတ်သူများအား အနှောက်အယှက် ဖြစ်စေနိုင်သောကြောင့် စာကြည့်တိုက်တွင်း ရှိနေခွင့်ကို တားမြစ်၍ ပြင်ပသို့ ထွက်သွားခိုင်း ခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်တွင်း အခြားလူနှစ်ဦးကို စည်းကမ်း မလိုက်နာ၍ တားဆီးခဲ့ရ သလို လူသုံးဦးကိုလည်း စာကြည့်တိုက် ၀န်ထမ်းများကို ရန်လိုသည့်အတွက် စာကြည့်တိုက် အတွင်းက ထွက်သွားရန် စေခိုင်း ခဲ့ရကြောင်း စာကြည့်တိုက် တာဝန်ရှိသူများ က ပြောသည်။

"စာကြည့်တိုက်က အလွန်လူလာ များတဲ့ နေရာပါ။ ၂၀၁၃ ခုနှစ် စက်တင်ဘာလက စဖွင့် ကတည်းက လာရောက်သူပေါင်း သုံးသန်း ကျော် သွားပါပြီ။ ဒီလို အရပ်မျိုးမှာ လူနဲ့ သူနဲ့ တူအောင် နေကြရမှာပဲ ဖြစ်တယ်။ စာကြည့်တိုက် အဆောက်အအုံရဲ့ ခမ်းနားတဲ့ ဒီဇိုင်းကြောင့် လူတွေရဲ့ ထောပနာပြုမှုကို ရထားတာပါ။ ဒါကြောင့် စာကြည့်တိုက်ရဲ့ ဂုဏ်ကို ထိန်းရမှာပဲ ဖြစ်ပါတယ်"ဟု ဘာမင်ဂမ် စာကြည့်တိုက် ဥက္ကဌဖြစ်သူ ဘရင်းဂမ်ဘဲလ်က ပြောခဲ့သည်။

ယခုလ အစောပိုင်းက ဘာမင်ဂန်မြို့ ကောင်စီ၏ အသုံးစရိတ် ၁၁၇သန်းပေါင် လျော့ချခြင်းကြောင့် စာကြည့်တိုက် ၀န်ထမ်း ထက်ဝက်ကျော် အလုပ်ထုတ်ပယ် ခံခဲ့ရသည်။ ထိုပြင်လည်း စာကြည့်တိုက်ဖွင့်ချိန် သီတင်းပတ်တစ်ပတ်လျှင် နာရီ ၇၀မှ နာရီ ၄၀သို့ လျှော့ချခဲ့သည်။ ယခု ဘာမင်ဂမ် စာကြည့်တိုက်ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မာလာလာက ပြီးခဲ့သည့် စက်တင်ဘာလတွင် တရားဝင် ဖွင့်လှစ်ပေး ခဲ့ခြင်း ဖြစ်သည်။

Ref: Mirror

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

ထပ်ဆင့်အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်နှင့်တွေ့ဆုံခြင်း

                  
အခုခေတ်က အကယ်ဒမီပေးပွဲမှာ သူရမှာပဲလို့ခန့်မှန်းထားတဲ့အတွက် သဇင်တွေဝေနေအောင် ပြင်ဆင်လာလို့ရတယ်။
အမေတို့တုန်းကတော့ ဘယ်သူမှလည်း ပြင်ဆင်ပေးမယ့်သူမရှိဘူး။ အကယ်ဒမီရမယ်ဆိုတာလည်း ကြိုမသိဘူး
================================================
- သူသူထက်လွင် - တွေ့ဆုံမေးမြန်းသည်
 

မြန်မာ့ရုပ်ရှင်လောက အမျိုးသမီး သရုပ်ဆောင်များတွင် ပထမဆုံး အကယ်ဒမီဆု ငါးဆုရရှိခဲ့သူ အသက် ၈၁ နှစ်အရွယ်ထပ်ဆင့်အကယ်ဒမီဒေါ်မြင့်မြင့်ခင်နှင့် တွေ့ဆုံမေးမြန်း ခဲ့ပုံများကို ဖော်ပြလိုက်ပါသည်။
 

မေး - ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်ခဲ့ပုံနဲ့ အမေတို့ခေတ် က ရုပ်ရှင်အပေါ် ပရိသတ်တွေရဲ့သဘောထားလေး သိ ပါရစေ။
 

ဖြေ - အမေက ၁၉၅ဝပြည့်နှစ်မှာ မင်းသားရဲ့ ညီမ နေရာက သရုပ်ဆောင်ရင်း ရုပ်ရှင်လောကထဲကိုစဝင် ခဲ့တယ်။ အဲဒီအချိန်တုန်းက ရှင်းရှင်းပြောရရင် ရုပ်ရှင် လောကကို အထင်မကြီးကြဘူး။ အောက်တန်း ကျတယ်။ ဖက်ခွက်စား အလုပ်ဆိုပြီး ပြောကြ တာတွေရှိတာပေါ့။ အမေလည်း ကိုယ်ကောင်း ရင် ခေါင်းမရွေ့ဘူးဆိုတဲ့အတိုင်း ကြိုးစားခဲ့ တယ်။ ကိုယ်ကြိုးစားတဲ့အတိုင်း အောင်မြင် ခဲ့တယ်။
 

မေး - အရင်ခေတ်နဲ့ယနေ့ခေတ် ရုပ်ရှင်လောကအ ပေါ် သဘောထားတွေ ကွာခြားလာပုံတွေလည်း သိပါရစေ။
 

ဖြေ - အမေတို့က အခုခေတ်ကလေး တွေလို ကံမကောင်းခဲ့ဘူး။ အမေတို့တုန်းက မိဘအသိုင်းအဝိုင်းကလည်း ရုပ်ရှင်ကိုအား မပေးဘူး။ အမေ့ကို မိဘတွေက ပညာတတ် ပဲဖြစ်စေချင်တာ။ အမေ့အစ်ကိုအကြီးဆုံးဆို အမေ မင်းသမီး လုပ်တာရှက်လို့ဆိုပြီး စစ်ထဲ ဝင်သွားတယ်။ အမေ အောင်မြင်လာတဲ့တစ်နေ့ ကျတော့ သူ့ရဲ့သားသမီးတွေကို ကျောင်းထား ပေးနိုင်ခဲ့တယ်။ အခုခေတ်မှာ ရုပ်ရှင်လော ကကို ဝင်ရောက်လာတဲ့သူတွေကို မိဘအ သိုင်းအဝိုင်းကလည်း အားပေးကြတယ်။
 

မေး - အမေရုပ်ရှင်လောကကို ဘယ်အသက်အရွယ် က စတင်ဝင်ရောက်ခဲ့ပြီး ပထမဦးဆုံးရိုက်ကူး ခဲ့တဲ့ဇာတ်ကားက ဘာဇာတ်ကားလဲ။
 

ဖြေ - ရုပ်ရှင်လောကကို ၁၉၅ဝပြည့်နှစ် အမေ အသက် ၁၅နှစ်အရွယ်မှာ သရုပ် ဆောင်အဖြစ် ဝင်ရောက်ခဲ့တယ်။ အမေက အသံတိတ်ခေတ်ကိုမီတယ်။ အမေ စရိုက်တဲ့ကားက အသံတိတ်ရုပ်ရှင်ဇာတ်ကားကြီး 'မာယာရှင်'မှာ မင်းသား ညီမ ဒုတိယမင်းသမီးအဖြစ် စရိုက်ခဲ့တယ်။ အသံထွက် ကားကျတော့ 'မြဲတဲ့သစ္စာ' စရိုက်ခဲ့တယ်။ စရိုက်စမှာ အမေကြုံရတာက ကိုယ်က ဓာတ်ပုံလည်း သိပ်မရိုက် ဘူးဆိုတော့ ရုပ်ရှင်ရိုက်ရတာ အတွေ့အကြုံမရှိဘူးဖြစ် နေတယ်။ အသက်က ၁၅နှစ်ဆိုတော့ ခံစားချက်လည်း မသွင်းတတ်သေးဘူး။ ဒါရိုက်တာဆရာ ပြောတဲ့အ တိုင်းပဲ လုပ်ခဲ့တယ်။
 

မေး - အမေ့ကို ပရိသတ်က မြင့်မြင့်ခင်ဆိုပြီးသိသွားတာ ဘာ ဇာတ်ကားတွေဖြစ်မလဲ။
 

ဖြေ - အမေ့ကို ပရိသတ်လက်ခံလာတဲ့ဇာတ်ကား တွေကတော့ 'သြော်...မိန်းမ'၊ 'ချစ်ပန်းသဇင်'၊'ချစ်ရေး မလွယ်'၊ 'ဤလူ့ဘောင်တွင်'ဇာတ်ကားတွေမှာ သိလာ ကြတယ်။ ပရိသတ်က လက်ခံလာကြတယ်။
 

မေး - အကယ်ဒမီဆု ဘယ်နှဆုလောက်ရရှိခဲ့ပြီး ဘာဇာတ် ကားတွေနဲ့ ရရှိခဲ့ပါသလဲ။
 

ဖြေ - ၁၉၅၇ခုနှစ်မှာ 'ချစ်ညီမ'ဇာတ်ကားနဲ့ အဓိက ဇာတ်ဆောင်ဆုရတယ်။ အကယ်ဒမီရခဲ့တယ်။ ဟိုတုန်း က ရွှေရင်ထိုးတွေပေးခဲ့တယ်။ ပထမဦးဆုံး အကယ်ဒမီ ရွှေစင်ရုပ်တုပေးတဲ့နှစ်မှာပဲ အမေ အကယ်ဒမီဆုရခဲ့ တယ်။ ၁၉၅၈မှာ 'ဖြေလျှော့ခွေ'ဇာတ်ကားနဲ့ အကယ်ဒမီ ထပ်ရခဲ့တယ်။ တတိယအကြိမ်မှာ'မုန်းပါတယ်မောင့် ကို' ဇာတ်ဆောင်ဆုရရှိခဲ့တယ်။ စတုတ္ထအကြိမ်မှာ 'မှ တစ်ပါးအခြားမရှိ'မှာ ဇာတ်ပို့ဆု၊ ပဉ္စမဆုက 'မြင့်မိုရ် တောင်ထက် မကကျူးသား'မှာ ဇာတ်ပို့ဆုရရှိခဲ့ပါတယ်။ အမျိုးသမီးတွေထဲမှာတော့ ပထမဦးဆုံး အကယ်ဒမီဆု အများဆုံးရရှိခဲ့ပါတယ်။
 

မေး - အကယ်ဒမီနဲ့ပတ်သက်လို့ အမေတို့ခေတ်နဲ့ ဒီနေ့ခေတ် ကွာခြားချက်တွေ သိပါရစေ။
 

ဖြေ - အမေတို့ခေတ်က အကယ်ဒမီရွေးတာ ရုပ် ရှင်ဇာတ်ကားပေါင်း ၁ဝဝကျော်ထဲက ဆုရွေးတယ်။တစ်နှစ်လုံးမှာ ရုပ်ရှင်ကားပေါင်း ၁ဝဝရှိတယ်။ အခု ခေတ်ကတော့ ၁ဝ ဂဏန်းလောက်ထဲကနေ ရွေးချယ် ရတာ။ အဲဒီလိုရွေးချယ်တဲ့အခါလည်း သတင်းစာဆရာ တွေ၊ စာရေးဆရာတွေ၊ နိုင်ငံတော်က ခန့်အပ်ထားတဲ့ ရုပ်ရှင်စိစစ်ရေးအဖွဲ့တွေက ရွေးပေးကြတယ်။ သူတို့ လည်း ကား၁ဝဝကျော်ထဲက ရွေးရတာဆိုတော့ တော် တော်လည်းရွေးရတယ်။ အခုက ကား ၁၅ကားကို ပထမ ဆင့်၊ ဒုတိယအဆင့်ဆန်ခါတင်တွေ ခွဲရွေးတယ်။ ဟို တုန်းက အဲဒီလိုမရှိဘူး။ ၁ဝဝကားစလုံးထဲကမှ ရွေးတယ်။
 

မေး - ဟိုတုန်းက အကယ်ဒမီရရှိဖို့ ဘာတွေလိုအပ်ခဲ့လဲ။ အ ကယ်ဒမီအတွက် ကြိုတင်ရင်ခုန်တာတွေရောရှိလား။
 

ဖြေ - ဟိုတုန်းက အကယ်ဒမီရဖို့ လုပ်တာမျိုးမရှိ ဘူး။ ဒါရိုက်တာပြောတာကို ပီပြင်အောင်လုပ်တာပေါ့။ အခုလိုလည်း ကြိုတင်ရင်ခုန်စရာလည်းမလိုဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကား ၁ဝဝကျော်ထဲကရွေးတော့ ကိုယ်ရ မယ် မရဘူးဆိုတာ ကြိုမသိနိုင်ဘူး။ အခုဟာက ခြောက် ကား ဆန်ခါတင်ထဲက ရမှာဆိုတော့ ဆန်ခါတင်ဇာတ် ကားမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးကတော့ ရင် ခုန်ကြမှာပဲ။ အမေတို့တုန်းက ပေးတဲ့နေ့ကျမှသိရတယ်။ အခုခေတ်က အကယ်ဒမီပေးပွဲမှာ သူရမှာပဲလို့ ခန့်မှန်း ထားတဲ့အတွက် သဇင်တွေဝေနေအောင် ပြင်ဆင်လာ လို့ရတယ်။ အမေတို့တုန်းကတော့ ဘယ်သူမှလည်း ပြင် ဆင်ပေးမယ့်သူမရှိဘူး။ အကယ်ဒမီရမယ်ဆိုတာလည်း ကြိုမသိဘူး။ 

အကယ်ဒမီပေးပွဲအစီအစဉ်ကို စောင့်ကြည့် နေစရာလည်းမလိုဘူး။ နိဗ္ဗာန်ဈေးပွဲ သွားကြည့်နေကြ တယ်။ အကယ်ဒမီက ကြေညာနေပြီ။ မြင့်မြင့်ခင် အကယ် ဒမီရတယ်ဆိုပြီး ပွဲဈေးတန်းမှာ တစ်ဆင့်စကား တစ်ဆင့် ကြားရတော့မှ သိရတယ်။ အဲဒီတော့မှ ကမန်းကတန်း အကယ်ဒမီပေးတဲ့ စင်မြင့်ပေါ်တက်ရတယ်။ ပထမအ ကြိမ်နဲ့ ဒုတိယအကြိမ် အကယ်ဒမီရတော့ ကြိုမသိတော့ လှလှပပလေးဝတ်ဆင်ဖို့ မပြင်ဆင်ခဲ့ရဘူး။ တတိယ အကြိမ် 'မုန်းပါတယ်မောင့်ကို'ဇာတ်ကားကျတော့ လူ တွေကလည်းပြောတယ်။ ရနိုင်တယ်ဆိုတော့ အဲဒီတော့ မှ လှလှပပလေး ဝတ်သွားတယ်။ 

တတိယအကြိမ် 'မုန်း ပါတယ်မောင့်ကို' အကယ်ဒမီဆုရတော့ အကယ်ဒမီ ပေးပွဲက နည်းနည်းအဆင့်မြင့်လာပြီ။ မြန်မာ့အသံဝင်း ထဲမှာ ကျင်းပတယ်။ ပွဲပြီးတော့ လူကြီးတွေနဲ့ ဆင်ဆာ အဖွဲ့တွေနဲ့ ထမင်းစားကြတယ်။ အဲဒီတုန်း က ကျင်းပတဲ့ အကယ်ဒမီပေးပွဲက လက်မှတ် ရောင်းတဲ့ပုံမျိုးမဟုတ်ဘူး။ ရုပ်ရှင်လောက သားတွေချည်းပဲ လုပ်ကြတာ။ အခု ရုပ်ရှင် အစည်းအရုံးက ပြန်ကျင်းပမယ့်ပုံစံမျိုးလုပ် ခဲ့တယ်။
 

မေး - အခုချိန်မှာရော အကယ်ဒမီပွဲတက်ဖို့ အခြေ အနေ ဘယ်လိုရှိပါသလဲ။
 

ဖြေ - အကယ်ဒမီပေးပွဲတက်ဖို့ ခုအချိန် အထိ အမေ လက်မှတ်မရသေးဘူး။ နိုင်ငံ တော်ကလုပ်ရင် ပွဲမလုပ်ခင် တစ်ပတ်ကြိုပြီး လက်မှတ်ရတယ်။ အခု ၂၄ရက်ရှိပြီ။ လက် မှတ်မရသေးဘူး။ လက်မှတ်ပို့ပေးမှာကိုစောင့် နေပါတယ်။ ပွဲတက်ဝတ်စုံ အတွက်ကတော့ စပွန်ဆာမရှိပါဘူး။ ဒီအဘွားကြီးကို ဘယ် သူက စပွန်ဆာပေးမလဲ။ ပွဲတက်အိတ်ကိုတော့ သမီးရဲ့သူငယ်ချင်း ဝါဝါက စပွန်ဆာပေးပါ တယ်။ နှစ် ၂ဝလောက် ငယ်လိုက်ချင်တယ်။ အဲဒီလိုငယ်လိုက်ရင် စပွန်ဆာပေးမယ့်သူရှိ ချင်ရှိမှာ။ အမေတို့ခေတ် အကယ်ဒမီရတုန်း ကလည်း ကိုယ့်ဘာသာကိုယ်ပြင် ကိုယ့်ဘာ သာကိုယ် ဝတ်ခဲ့ရတယ်။ အခုခေတ်ရောက် လည်း ဒီလိုပါပဲ။
 

မေး - စည်သူဘွဲ့ရရှိခဲ့တယ်လို့သိရပါတယ်။ ဘယ် တုန်းက ဘာကြောင့်ရတာလဲ။
 

ဖြေ - နိုင်ငံတော်ကပေးတဲ့ စည်သူဘွဲ့ကို ၂ဝ၁၂ ခု နှစ်ကရတယ်။ နိုင်ငံတော်အတွက် လုပ်ဆောင်ပေးခဲ့ တာရှိတော့ စည်သူဘွဲ့ရရှိခဲ့တာပါ။ ရှေ့တန်းမှာ သွား ရောက်ပြီး တပ်မတော်သားတွေအတွက် သီချင်းသီဆို ပေးခဲ့တယ်။ ရှေ့တန်းစစ်မြေပြင်ကို ဟယ်လီကော်ပတာ နဲ့ သွားရောက်ဖျော်ဖြေခဲ့တယ်။
 

မေး - အခုချိန်မှာရော နိုင်ငံတော်က အမေ့ကိုထောက်ပံ့မှုတွေ ရှိလား။
 

ဖြေ - အမေတို့ ဂန္ထဝင် အဆိုတော်ကြီးတွေကို တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က ဧည့်ခံဖျော်ဖြေစေပြီး ဆုတွေချီးမြှင့်ခဲ့တယ်။ သီချင်းတွေ ပြန်ဆိုခွင့်ရတော့ အသက်ငယ်သွားသလို ခံစားရတယ်။
  

မေး - အခုခေတ် မင်းသား၊ မင်းသမီး၊ လူငယ်တွေအတွက် ဘယ်လိုဆုံးမစကားမျိုး ပြောလိုပါသလဲ။
  ဖြေ - လူငယ်အမျိုးသား၊ အမျိုးသမီးလေးတွေ ဒီ ရုပ်ရှင်လောကကိုချစ်ကြပါ။ အခုပေါ် အခုပျောက် မဖြစ်ဘဲ ရေရှည်တည်တံ့စွာ နေစေချင်တယ်။ ကျော် ကြားရင်နေမယ်။ မကျော်ကြားရင် ထွက်မယ်ဆိုတာ မျိုး မဖြစ်စေချင်ဘူး။ အနုပညာကိုချစ်ကြပါလို့ ပြော ချင်ပါတယ်။


အခုလို ရုပ်ရှင်အတွေ့အကြုံတွေကို မျှဝေဖြေကြားပေး တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။


|───────────Yangon Media Group ──────────|


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

HND ပြီးရင် ဘာလုပ်မလဲ . . . .


              

ယနေ့ခေတ်ကာလတွင် ပညာရေးအခွင့်အလမ်းများ တိုးတက် ထွန်းကားလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ ပေးအပ်သောဘွဲ့၊ ဒီဂရီများ၊ သင်တန်းကျောင်းများလည်း ဖွင့်လှစ် လာသောကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ရွေးချယ်မှုများ ပိုမိုစုံလင်လာပြီဖြစ်သည်။ ယင်းကဲ့သို့ ပြည်ပမှပေးအပ်သော ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်များထဲမှ HND ဟုခေါ်သော (Higher National Diploma) သည် ကျောင်းသား၊ ကျောင်းသူများအကြား ရေပန်းစားလျက်ရှိနေသည်။

HND Qualification သည် ယူကေ၏ ပညာရေးအဆင့် တိုင်းတာမှု Qualifcation and Credit Framework (QCF) အရ Level 5 တွင်ရှိသော Vocational Education အမျိုးအစားဖြစ်သည်။ Vocational Education ဆိုသည်မှာ လက်တွေ့ဆန်သော သင်ကြားမှုများနှင့် လုပ်ငန်းခွင်ဝင်ရန် ဦးစားပေး သင်ကြားပေးသော အသက်မွေးဝမ်းကျောင်း ပညာရေးကို ဆိုလိုသည်။ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် မေးစရာ ရှိလာသည်မှာ “HND ပြီးရင် ဘာလုပ်မလဲ” ဆိုသည်ပင်။ ဘွဲ့ရရှိရန် နောက်ဆုံး ပညာသင်နှစ်ကို နိုင်ငံတကာ အတွေ့အကြုံတွေ ရအောင်နိုင်ငံခြား တက္ကသိုလ်တွင် သွားတက်ရောက်မည်လား သို့မဟုတ် ပြည်တွင်း၌ပင် တက်ရောက်မည်လား ရွေးချယ်ကြရသည်။ HND တက်ရောက်သော ကျောင်းသား၊ ကျောင်းသူ အများစုမှာ နောက်ဆုံးနှစ် ကို နိုင်ငံခြားသို့ ကူးပြောင်းရန် ရည်ရွယ်ကြသည်။ ထို့ကြောင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားသော လူငယ်များရှိသကဲ့သို့ မိမိ၏ Budget ၊ လူမှုရေးအကြောင်းအရာများပေါ် မူတည်ပြီး မြန်မာနိုင်ငံ၌ပင် နောက်ဆုံးနှစ် တက်လိုက်ရသောသူများလည်း ရှိသည်။

နိုင်ငံခြားတွင် ပညာသင်ကြားသည်ဆိုသည်မှာ ဘွဲ့ရရုံတစ်ခုတည်း မဟုတ်ပေ။ အဆင့်မြင့် သင်ကြားမှု၊ သင်ယူမှုပုံစံများနှင့် တကွ ပိုက်ဆံနှင့် ပေးဝယ်၍မရသည့် အတွေ့အကြုံ၊ ဗဟုသုတ၊ လူမှုပေါင်းသင်း ဆက်ဆံရေး၊ ပြီးလျှင် အရေးကြီးဆုံးဖြစ်သည့် မိမိတို့၏ ဘ၀အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှု အတွက်လည်း ပါဝင်သည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံခြား တွင် ကျောင်းသွားတက်သည့် ရည်ရွယ်ချက်များမှာ ကွဲပြားသလို အကျိုးကျေးဇူးလည်းများနိုင်သည်။

ပထမဦးဆုံးအနေဖြင့် အင်္ဂလိပ်စကားပြော နိုင်ငံများဖြစ်သည့် အလျောက် ဘာသာစကားပြောဆိုမှုပိုင်း ဆိုင်ရာများမှာ စာသင်ခန်းအတွင်း၌သာ မဟုတ်ဘဲ နေ့စဉ် လူနေမှုဘဝနှင့် တိုက်ရိုက် ချိတ်ဆက် နေသောကြောင့် လေ့လာ သင်ယူမှုကို ပိုပြီး မြန်ဆန်စေနိုင်ခြင်းဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ စုဝေးတက်ရောက်ရာ နေရာဖြစ်သောကြောင့် နိုင်ငံတကာမှ ကွဲပြားခြားနားသော ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ၊ အစားအစာနှင့်တကွ လူနေမှုအကျင့်စရိုက်များကိုပါ တစ်နေရာတည်းတွင် သိရှိစေနိုင်သည်။ ထို့အပြင် နိုင်ငံအစုံမှ ကျောင်းသား၊ ကျောင်းသူများနှင့် သိရှိခွင့်ရသည့်

အတွက် မိမိ၏ လူမှုကွန်ရက်ကို ပိုမိုဖြန့်ကြက်နိုင်ကာ Networking ကောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတွင်ကျယ်စေမည် ဖြစ်သည်။ Term တစ်ခုပြီးဆုံး၍ ကျောင်းခဏပိတ်ချိန် (Semester Break) များတွင်လည်း မိမိတက်ရောက်နေသော မြို့၏ပတ်ဝန်းကျင်ကို သွားရောက်ကာ ဒေသန္တရ ဗဟုသုတ ရရှိစေရန် လေ့လာခရီးများထွက်ခြင်း၊ တချို့သော တက္ကသိုလ်များတွင် Field Trip ထွက်ခြင်းများကိုလည်း သင်ရိုးညွှန်းတမ်းများအတွင်း ထည့်သွင်းရေးဆွဲလာကြတာကို တွေ့ရမည်ဖြစ်သည်။

HND Qualification သည် ယူကေမှ အသိအမှတ်ပြုထားသော လက်မှတ်ဖြစ်သောကြောင့် ယူကေရှိ တက္ကသိုလ် အများစု၏ နောက်ဆုံးနှစ် (Top up) ကို တက်ရောက်ခွင့်ရှိသော်လည်း အချို့သော တက္ကသိုလ်များတွင်မူ ဒုတိယနှစ်မှ စတင်ဝင်ရောက်ရကာ ဘွဲ့ရရန် ၂ နှစ် တက်ရောက်ရသည်။ HND ပြီးဆုံးသွားပါက ယူကေအပြင် အခြားသော နိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ အမေရိကန် စသည့်နိုင်ငံများရှိ ကျောင်းများတွင်လည်း Credit Transfer လျှောက်ထားနိုင်သည်။

မိမိတက်ရောက်သော ဘာသာရပ်၊ ရမှတ်နှင့် တက်ရောက်သော နိုင်ငံပေါ်မူတည်ပြီး ဘွဲ့ရရှိရန် ဆက်လက် တက်ရောက်ရသော အချိန်ကာလ ကွာခြားတတ်သည်။ ယူကေတွင် ဆက်လက်ပညာ သင်ကြားမည်ဆိုပါက HND ပြီးထားသူတိုင်း ဘွဲ့ရရှိရန် နည်းလမ်းနှစ်သွယ်ရှိသည်။ ပထမပညာရေးလမ်းကြောင်းသည် HND ၂ နှစ်နှင့် တက္ကသိုလ်တွင် နောက်ဆုံးနှစ်တို့ ပြီးမြောက်ရန် လိုသည့်အတွက် (2+1 route) ဟု ခေါ်တွင်ပြီး ဒုတိယတစ်ခုမှာ HND ၂ နှစ်နှင့် တက္ကသိုလ်တွင် ၂ နှစ် တက်ရောက်ရန် လိုသည့်အတွက် (2+2 route) ဟုခေါ်တွင်သည်။

BTEC HND အား Business, Computing နှင့် Engineering ဘာသာရပ် ပြီးမြောက်ထားသူများသည် ယူကေရှိ တက္ကသိုလ် ၁၃ ခုတို့၏ နောက်ဆုံးနှစ် (Year 3) သို့ တိုက်ရိုက်လျှောက်ထားနိုင် သည်။ BTEC HND ပြီးမြောက်ထားသူများသည် ယူကေတက္ကသိုလ် ၂၈ ခု၏ ဒုတိယနှစ် (Year 2) သို့မဟုတ် နောက်ဆုံးနှစ် (Year 3) သို့တိုက်ရိုက်လျှောက်ထားနိုင်သည်။ ယူကေနိုင်ငံ ၏ ပြင်ပတွင် တက်ရောက်ပြီးစီးထားသော Edexcel BTEC Higher National Diploma လက်မှတ်အား အသိအမှတ်ပြုထားပြီး ယူကေတက္ကသိုလ် ၃၈ ခုသို့ ဘာသာရပ် ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်သည်။

EDUVISION Worldwide Education Specialist မှ ကူညီပံ့ပိုးသည်။
 

ဘာ့ကြောင့် ခြေဖျားလက်ဖျားတွေ အမြဲတမ်းအေးစက်နေရသလဲ



ကျွန်ုပ်တို့ ခြေလက်တွေက အမြဲတမ်းလိုလို အေးစက်နေတတ်ပါတယ်။ ဒါ သွေးလည်ပတ်မှုကြောင့်လို့ ပြောကြပေမယ့် အမှန် ဟုတ်ချင်မှ ဟုတ်နိုင်ပါလိမ့်မယ်။

တကယ်တော့ ဒီအချက်နဲ့ ပတ်သက်ပြီး အတိအကျ လုံးဝမရှိပါဘူး။ သင့်ရဲ့အရေပြားကို အဆင်ပြေ သင့်တော်တဲ့ အပူချိန်တစ်ခုရောက်အောင် သွေးကြောတွေကတဆင့် ထိန်းညှိပေးထားပါတယ်။ mercury ကျသွားတဲ့အခါ အရေပြားအတွင်းရှိ အာရုံခံအင်္ဂါတွေက သွေးကြောတွေ ကျုံ့သွားအောင် ဦးနှောက်ကို အချက်ပေးပါတယ်။ ဒါကြောင့် ပင်မခန္ဓာကိုယ်မှာ ကားထွက်နေတဲ့ ခြေလက်တွေ နွေးစေခြင်းမှ ထိန်းချုပ်ဖို့ သွေးပမာဏအနည်းငယ်သာ သွားလာခွင့်ပြုထားပါတယ်။

အချို့လူတွေမှာကျတော့ အပူချိန်ပြောင်းလဲမှုတွေကြောင့် စတင်ဖြစ်ပေါ်လာနိုင်တယ်။ အဓိကအားဖြင့် အပူချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတဲ့ estrogen ဟော်မုန်း အပြောင်းအလဲ၊ အတက်အကျတွေကြောင့် အမျိုးသမီးတွေမှာ ဒီလိုအဖြစ်မျိုးတွေ ပိုအဖြစ်များတယ်လို့ လေ့လာချက်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

အအေးလွန်ကဲတဲ့နေရာတွေကတော့ အများအားဖြင့် လက်ချောင်းများနဲ့ ခြေချောင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံ နှာခါင်းနဲ့ နားရွက်တွေလည်း ဖြစ်တတ်ပါတယ်။ ဖြူဖတ်ဖြူရော် သို့ မဟုတ် အပြာရောင်ဖြစ်လာပြီး ထုံကျင်လာနိုင်ပါတယ်။ ရောဂါလက္ခဏာအခြေအနေပေါ်မူတည်ပြီး သွေးကြောတွေ ကျယ်လာစေဖို့ လက်အိတ်ခြေအိတ်တွေ အပိုစွပ်ခြင်းမှအစ ဆရာဝန်ညွန်ကြားချက်အတိုင်း ဆောင်ရွက်နိုင်ပါတယ်။

လက်တွေ အေးတိအေးစက်ဖြစ်ခြင်းမှာ hypothyroidism, lupus ၊ သံဓာတ်နည်းခြင်း သို့မဟုတ် ဗင်တာမင် B12 လုံလောက်မှုမရှိခြင်းစတဲ့ တခြားရောဂါလက္ခဏာ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ကျန်းမာရေး ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ပေးနိုင်ပြီး သင့်တော်မယ့် ကုသမှု သို့မဟုတ် ပုံမှန်စားတဲ့ အစားအစာတွေ ပြောင်းလဲစားသုံးခြင်း စတာတွေ ပြလုပ်နိုင်တယ်။ ဒါပေမယ့် လက်အေးစက်မှုတစ်ခုတည်းသာဆိုရင် ရေဓာတ်ဖြည့်ပေးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု တိုးမြင့်လုပ်ဆောင်ခြင်းအားဖြင့် လက်များနွေးအောင် လုပ်ပေးပါ။

Source: healthnews
Credit to : Trend Myanmar

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.263396900

ထေရ၀ါဒ ၏ အတွင်းရန်များ


                   

  မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်ကို လက်ခံယုံကြည်နေသော နိုင်ငံ ဖြစ်သည်။ ထေရ၀ါဒ တရားတော်သည် လူသားတို့အတွက် ရသင့် ရထိုက်သော လက်တွေ့ဒေသနာတို့ကို ဖော်ပြသည်။ မဖြစ်နိုင်သော၊ မရနိုင်သော စိတ်ကူးယဉ် အယူအဆတို့ကို မဖော်ပြ ပေ။ ဗုဒ္ဓဘုရားကလည်း စိတ်ကူးယဉ်တရားသဘောကို ဟောကြားခြင်း မရှိပေ။

  မြန်မာတို့သည် ဗုဒ္ဓဒေသနာ၌ မပါရှိသော စိတ်ကူးယဉ် အတွေးဖြင့် ကြံဆပြုလုပ်ထား သော စာပေတို့ကိုလည်း ဖတ်ရှုခဲ့ကြသည်။ လက်ခံ ယုံကြည်သူတို့လည်း ရှိသည်။ ထိုစာပေများ မှာလည်း အများအားဖြင့် အိန္ဒိယမှပင် သယ်ဆောင်လာခဲ့ကြသည်။

  မြန်မာတို့သည် ခေတ်ဦးပိုင်းကပင် အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်မိခဲ့ကြသည်။ အိန္ဒိယတို့ အထံမှ နည်းပညာများစွာကို ရယူခဲ့ကြသည်။ မြန်မာမင်းစဉ်တစ်လျှောက်တွင် အိန္ဒိယနှင့် အဆက်အသွယ် မပြတ်ခဲ့ကြ။ အိန္ဒိယ ယဉ်ကျေးမှုတို့ကို မြန်မာမှု ပြုနေခဲ့ကြသည်။

{ * ဘိုးတော် ဗဒုံမင်းလက်ထက်တွင် အိန္ဒိယသို့ လူလွှတ်၍ မြန်မာပြည်၌ မရှိသေးသော စာပေတို့ကို သယ်ဆောင်စေခဲ့၏။ ရရှိလာသော စာပေတို့ကို မြန်မာဘာသာဖြင့် ပြန်ဆိုစေခဲ့သည်။ ဤသို့သော နည်းများဖြင့် အန္ဒိယကျင့်ဝတ်များ၊ အတတ်များ၊ ယုံကြည်မှုများသည် မြန်မာတို့ထံ ကူးစက်ခဲ့ကြသည်။ * }

  ရှေးခေတ်က မြန်မာတို့သည် အိန္ဒိယက စာ မှန်တာတွေချည်း ဟု သဘောထားကာ လက်ခံခဲ့ကြသည်။ အိန္ဒိယက စိတ်ကူးယဉ် ယုံကြည်မှုများကို လောကီအယူ ဟုဆိုကာ ကဏ္ဍ ခွဲ၍ ယုံကြည်ကြသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယက သယ်ဆောင်လာသော ဗြုတ်စဗျင်းတောင်း ယုံကြည်မှု အပေါင်းမှာလည်း ထောင်သောင်းမက ရှိလေသည်။

ဂန္ဓာရီအတတ် ယုံကြည်မှု

အိန္ဒိယကလာသော ယုံကြည်မှုများထဲတွင် ထူးခြားဆန်းကြယ်သည့် ဘ၀မျိုးကို မျှော်လင့် ရာမှ ပေါ်ပေါက်လာသော ဂန္ဓာရီလမ်းခေါ် ယုံကြည်မှုလည်း ပါဝင်ပေသည်။

ဂန္ဓာရီအတတ် ဆိုသည်မှာ အိန္ဒိယနိုင်ငံ ဂန္ဓာရတိုင်းမှ ပေါ်ပေါက်လာသော အတတ်ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဂန္ဓာရမည်သော ရသေ့သည် ပြုစီရင်ထားသော အတတ်ကို ဆို ပေသည်။ ဂန္ဓာရီလမ်းကြောင်းတွင် -
- စူဠဂန္ဓာရီလမ်း ၊
- မဟာဂန္ဓာရီလမ်း ဟူ၍ ခွဲခြားထား၏။

စူဠဂန္ဓာရီလမ်းဆိုသည်မှာ ဖုတ်ကြီး ၄၀၊ ကဝေ ၉၉၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ စသော နတ်တို့ကို အစွဲပြု၍ စီရင်ထားသော အင်း အိုင် မန္တန် ခလှည့် လက်ဖွဲ့စသည်တို့ကို တတ်ကျွမ်းသူ မှော်ဆရာ၊ ပယောဂဆရာ၊ အောက်လမ်းဆရာ စသည်တို့ကို ခေါ်သည်။

မဟာဂန္ဓာရီလမ်း ဆိုသည်မှာ သူရဿတီမယ်တော်မှ စ၍ ဒေ၀ီ ၂၁-ပါး၊ နတ်မင်းကြီး ၅-ပါး၊ လောကပါလနတ်မျိုး ၄-ပါး၊ ဘိုးတော်သိကြားမှ စ၍ အထက်နတ်များဖြင့် ဆောင်ရွက်ရ သော အတတ်ကို ဆိုလိုသည်။ လက်ယာတန္တရဂိုဏ်းနှင့် သဘောတူသည်။

ဂန္ဓာရီလမ်း၏ အဓိကလိုအပ်ချက်မှာ ၀ိဇ္ဇာဖြစ်ရေးပင် ဖြစ်သည်။ ၀ိဇ္ဇာဘ၀သို့
ရောက်လျှင် သိဒ္ဓိတန်ခိုး အမျိုးမျိုး ပြီးစီးသည်ဟု ယုံကြည်ကြသည်။ ယင်းတို့၏ စာပေများ၌ သိဒ္ဓိ ၁၀-မျိုးကို ပြဆိုထားသည်။
(၁) စိန္တာမယိဒ္ဓိ = စိတ်ကြံရာ ဖြစ်စေနိုင်ခြင်း ၊
(၂) ဥဒကသိဒ္ဓိ = ရေပြင်ပေါ် လမ်းလျှောက်နိုင်ခြင်း ၊
(၃) ပထ၀ီသိဒ္ဓိ = မြေကိုလျှိုးနိုင်ခြင်း၊ မြေကြော ရှုံ့နိုင်ခြင်း ၊
(၄) ဓနသိဒ္ဓိ = ရွှေ ငွေ ရတနာ လိုရာရနိုင်ခြင်း ၊
(၅) အာယုသိဒ္ဓိ = အသက်ရှည်၍ အရွယ်နုပျိုစွာ နေနိုင်ခြင်း ၊
(၆) အာကာသသိဒ္ဓိ = ကောင်းကင်ခရီးဖြင့် သွားလာနိုင်ခြင်း ၊
(၇) အာရောဂျသိဒ္ဓိ = အနာရောဂါ ကင်းခြင်း ၊
(၈) ကာယသိဒ္ဓိ = ဓား လှံ သေနတ် မထိနိုင်ခြင်း ၊
(၉) ပိယသိဒ္ဓိ = သတ္တ၀ါအားလုံးတို့က ချစ်ခင်ခြင်း ၊
(၁၀) ဣဒ္ဓိသိဒ္ဓိ = တန်ခိုးဖြင့် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း ၊

  ဖော်ပြပါ သိဒ္ဓိဆိုသည်များမှာ လူသားတို့အတွက် ထူခြားလှသော မက်လုံးများ ဖြစ်ရာ ၀ိဇ္ဇာဘ၀ ရရှိရေးကို ရမ္မက်ကြီးစွာ မျှော်လင့်ကြကုန်၏။ မျှော်လင့်သည့်အတိုင်း ၀ိဇ္ဇာဖြစ်ရေး လမ်းစဉ်ကို ရှာဖွေကျင့်သုံးကြသည်။ ၀ိဇ္ဇာဖြစ်ရေးလမ်းးစဉ်ကို ယင်းတို့၏ စာပေများ၌ တွေ့ရှိရ၏။

ဝိဇ္ဇာဖြစ်သူတို့မှာ အောက်ပါ ၄-မျိုးကို ကျင့်သုံး၍ ရရှိကြသည်ဆို၏။
(၁) ပြဒါးဝိဇ္ဇာ = ပြဒါးရှင်လုံးဖြင့် စီရင်သူ ၊
(၂) ဆေးဝိဇ္ဇာ = ဆေးဖြင့် သိဒ္ဓိပြီးသူ ၊
(၃) သံဝိဇ္ဇာ = သံသေလုံးဖြင့် စီရင်သူ ၊
(၄) အင်းဝိဇ္ဇာ = အင်း မန္တန်စသည်ဖြင့် သိဒ္ဓိပြီးသူ ၊

  ဖော်ပြပါ ၄-မျိုးကို ၀ိဇ္ဇာ ၄-မျိုးဟု ခေါ်ကြသည်။ ၀ိဇ္ဇာကို မြန်မာတို့က ဇော်ဂျီဟုလည်း ခေါ်၏။ ဇော်ဂျီ၏ မူလပုဒ်မှာ ယောဂီဖြစ်သည်။ ယောဂီကို ဂျောဂျီ၊ ဇော်ဂျီဟူ၍ ပြောင်း လဲခေါ်ဆိုလာကြသည်။

  ဇော်ဂျီသည် မြန်မာနိုင်ငံသားတို့နှင့် ရင်းနှီးနေသော ပုဂ္ဂိုလ်ဖြစ်သည်။ နီညိုရောင် အထည်စကို ပန်ချာပီ ကုလားဝတ်စုံသဏ္ဌာန် ချုပ်၍ ၀တ်ဆင်ပြီးလျှင် ဆေးတောင်ဝှေးခေါ် တုတ် ချောင်းကို ကိုင်ဆောင်ထားသည့် ဇော်ဂျီပုံများကို မြန်မာပြည် အနှံ့အပြား၌ တွေ့မြင်နိုင်လေသည်။ ထိုပုဂ္ဂိုလ်မျိုးကို ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟုလည်း ခေါ်ကြပြန်သည်။ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တို့မှာ အသေထွက်ပုဂ္ဂိုလ်၊ အရှင်ထွက်ပုဂ္ဂိုလ်ဟု၂-မျိုး ရှိသည်။

အသေထွက်ပုဂ္ဂိုလ်မှာ သေလွန်ပြီးနောက် ထွက်ရပ်ပေါက်သွားသည်ဟု ယုံကြည်ကြ သည်။ အရှင်ထွက်ပုဂ္ဂိလ်မှာ အသက်မသေဘဲ လူမမြင်ရသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး နှစ်ပေါင်းများစွာ အသက်ရှင်လျက် တရာဓမ္မကို ကျင့်ကြံနေသည်ဟု ယုံကြည်ကြသည်။

  မြန်မာနိုင်ငံတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် လုပ်သွားသော သူတို့ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အရှင်ထွက်သည်ဟုကား မကြားဖူးပေ။ အားလုံးမှာမူ အများနည်းတူ သေဆုံးကြရလေသည်။

ဤကဲ့သို့ ၀ိဇ္ဇာဘ၀၊ ဇော်ဂျီဘ၀၊ သိဒ္ဓိရှင်ထွက်ရပ်ပေါက်ဘ၀ စသည်တို့မှာ လူ့လောက ၌ တကယ်တမ်း ဖြစ်နိုင်သော ဘ၀မျိုး မဟုတ်ပေ။ ကြံကြံဖန်ဖန် စိတ်ကူးဥာဏ်ဖြင့် ကြံဆထားသော ဘ၀မျိုးသာ ဖြစ်သည်။ ဤစိတ်ကူးယဉ် ဘ၀မျိုးကို ရလိမ့်နိုးဖြင့် မျှော်ကိုး၍ လုပ်ကိုင်နေသူများလည်း ရှိသည်။ ကျေနပ်နှစ်သိမ့်နေသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အိမ်မက်ထဲက ရတနာထုပ်ကို လိုက်လံရှာဖွေနေသူများ ဖြစ်ပေသည်။

  ဗေဒင် ယုံကြည်မှု

  ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ရောနှောသော ယုံကြည်မှုများထဲတွင် ဗေဒင်ယုံကြည်မှုလည်း အပါအ၀င် ဖြစ်သည်။ ဗေဒင်ယုံကြည်မှုသည် မြန်မာနိုင်ငံတွင်းသို့ သရေခေတ္တရာခေတ်ကပင် ရောက်ရှိနေပြီ။ ဤဗေဒင်ကျမ်းများကို အိန္ဒိယတိုင်းသား ဗြဟ္မဏဘာသာဝင် ပုဏ္ဏားများ သယ် ဆောင်လာရာမှ မြန်မာတို့ အမွေရကြသည်။

  မြန်မာမင်းများ လက်ထက်တွင် ဗေဒင်လိုက်စားသူ ပေါများလှသည်။ ဗေဒင်လိုက်စားသူ များတွင် ထေရ၀ါဒ ရဟန်းတော်များလည်း ပါဝင်သည်။ ရဟန်းတို့သည် ဗေဒင်ဟော၍ မစားသော်လည်း ဗေဒင်အတတ်ကို လောကီရေးရာ သိမှတ်စရာ အတတ်တစ်ခု အနေဖြင့် လေ့လာလိုက်စားခဲ့ကြသည်။

ဗုဒ္ဓဘုရားက ဗေဒင်ဟောခြင်းစသော အဟောအပြောအလုပ်မျိုးကို မပြုလုပ်ရန် တားမြစ်ထားသည်။ သို့သော်လည်း အချို့ရဟန်းတို့မှာ ၀ိနည်းဒေသနာတော်ကို မျက်ကွယ်ပြု၍ ဗေဒင်ဟောကာ လာဘ်ရှာကြသည်။ ဓမ္မစေတီမင်းလက်ထက်တွင် ဗေဒင်ဘုန်းကြီးများကို သာသနာတော်၌ မထားရန် အရေးယူဆောင်ရွက်ခဲ့ဖူးသည်။

  ဗေဒင်ကျမ်းများသည် ဗုဒ္ဓဘုရား မပွင့်မီ ဘီစီ ၁၅၀၀-နှင့် ၁၀၀၀-ကြားကပင် ပေါ်ပေါက်ခဲ့သော ကျမ်းများဖြစ်သည်။ အာရိယန်လူမျိုးတို့သည် ဆရဆွတီမြစ်ညာဒေသ၌ နေစဉ်က ပြုစုထားသော ကျမ်းများဖြစ်သည်။ မူလက ဗေဒင်ကျမ်းအမျိုးအစား ၃-ပုံ ရှိသည်။ နောက်ပိုင်းတွင် ၄-ပုံ ဖြစ်လာသည်။ ဗေဒင် ၄-ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဣရုဗေဒင်။ ။ နေကြတ်၊ လကြတ်၊ နက္ခတ်တာရာတို့ကို ကြည့်၍ ဘေးဥပဒ်အန္တရာယ်
ဖြစ်တတ် ပျက်တတ်ပုံကို ပြသောကျမ်း ၊

(၂) ယဇုဗေဒင်။ ။ မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ္တ့ဘေးရန်များမှ လွတ်ကင်း
ပျောက်ပြေရန် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်သောနည်း၊ ယတြာပြုနည်းကို ပြဆိုရာကျမ်း၊

(၃) သာမဗေဒင်။ ။ နေ လတို့ သွားရာ လမ်းကို ၁၂-ရာသီခွင်ပြု၍ မည်သည့်ရာသီခွင်၌
မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် အံသာ၊ လိတ္တာ၊ တြင်း၊ န၀င်းစသည်
ဖြင့် ဝေဖန်လျက် ကောင်း မကောင်းကို ဟောရာကျမ်း ၊

(၄) အာထဗ္ဗဏဗေဒင်။ ။ အာထဗ္ဗရသေ့ စီရင်သဖြင့် ထိုအမည်ကို ရရှိခြင်း ဖြစ်သည်။
မီးထွန်းခြင်း၊ မန္တန်စုပ်ခြင်း စသော တစ်ပါးသူတို့ ပျက်စီးရန် အစီအရင်ကို ပြဆိုရာကျမ်း၊

  ဗေဒင် ၃-ပုံကို အဋ္ဌကရသေ့စသော ရသေ့ ၁၀-ဦးတို့က ပြုစီရင်ထားသည်ဟု ဗုဒ္ဓပိဋကတ်တော်နှင့် ပါဠိအဘိဓာန်ကျမ်းတို့၌ ဖော်ပြထား၏။ ရသေ့တို့ စီရင်ထားသော ဗေဒင် ကျမ်းများမှာ အများအားဖြင့် ရှေးခေတ်လူတို့ ယုံကြည်မှုကို အခြေခံ၍ ရေးသားထားသော စိတ္တဇ ဝေဒနာ မှတ်တမ်းစာများသာလျှင် ဖြစ်ပေသည်။

  မြန်မာတို့က လောကီကျမ်းဟု လက်ခံနေကြသော အိန္ဒိယကျမ်းများမှာ အများအားဖြင့် ရသေ့တို့ ရေးပြုသော ကျမ်းများဖြစ်သည်။ ၀ါကျဆရာ၊ ၀ဂ္ဂဆရာ၊ ဟရီတဆရာ၊ ဗျာသဆရာ စသော ကျမ်းပြုဆရာ ရသေ့များစွာတို့ကို တွေ့ကြရသည်။

  နောက်ပိုင်းတွင် ရသေ့တို့ ရေးသော စိတ္တဇကျမ်းစာများမှာ အလွန်များပြားလှသောကြောင့် နာမည်ကိုပင် မဖော်ပြနိုင်တော့ပေ။ ရသေ့ ရှစ်သောင်း ဆရာပေါင်း တို့၏ လက်ရာဟူ၍ လက်သည်မဖော်ဘဲ ထင်ရာမြင်ရာကို ရေးသားနေကြလေတော့သည်။

ရသေ့တို့လက်ရာ ကျမ်းစာများအနက် သဒ္ဒါကျမ်း၊ ဆန်းကျမ်းစသည်တို့မှာ အကျိုးပြုကျမ်းစာများ ဖြစ်ပါ၏။ သို့သော် ကျမ်းစာအများစုမှာမူ ရသေ့တို့သည် အလုပ်မရှိ၍ အလုပ်ရှာကာ လေ့လာပြုစုထားသော စာပေများ ဖြစ်ချေသည်။

ဤသို့ ဆိုလိုက်သဖြင့် ရသေ့တို့၏ ကျမ်းစာများကို စော်ကားသည်ဟူ၍ မမှတ်ယူသင့် ပေ။ ရသေ့တို့၏ ဘ၀ဖြစ်စဉ်ကို လေ့လာသောအခါ၌ ဤစကားကို သဘောပေါက်လာပေလိမ့် မည်။ ဤဖြစ်စဉ်ကို အနည်းငယ် လေ့လာကြည့်ရလိမ့်မည်။

  ရှေးခေတ် အိန္ဒိယနိုင်ငံ ဟိန္ဒူတို့၏ ဓလေ့ထုံးစံများတွင် အာရှရမ ခေါ် ကျင့်ဝတ် ကျင့်ထုံးလည်း တစ်ပါးအပါအ၀င် ဖြစ်သည်။ အာရှရမဆိုသည်မှာ လူ့ဘ၀တွင် အရွယ်အလိုက် လုပ်ဆောင်ရမည့် တာဝန်ပိုင်းကို ဆိုလိုသည်။ အရွယ်ကို ၄-ပိုင်း ခွဲခြားထားသည်။

(၁) ပထမအရွယ် ။ ။ ပညာအမျိုးမျိုးကို ရှာဖွေ ဆည်းပူးရမည်။
(၂) ဒုတိယအရွယ်။ ။ အိမ်ရာထောင်၍ စီးပွားရှာဖွေ စုဆောင်းရမည်။
(၃) တတိယအရွယ်။ ။ စီးပွားတို့ကို သားသမီးတို့အား လွှဲအပ်၍ မယားနှင့်အတူ တော
ထွက်ရမည်။ ( ဆံပင်ဖြူခြင်း၊ အသားအရေ တွန့်ခြင်း၊ မြေးရသောအခါကို ဆိုသည်။)
(၄) စတုတ္ထအရွယ်။ ။ မိမိနှင့် ပါလာသော မယားကိုပါ စွန့်၍ ရသေ့ဘ၀ဖြင့် တစ်ဦးတည်း
ကျင့်ကြံနေရမည်။

  ရှေးခေတ် အိန္ဒိယဓလေ့အရ အရွယ်ကြီးရင့်သူတို့မှာ ရသေ့ဝတ်၍ တောထဲ၌ တစ်ယောက်တည်း နေကြရသည်။ နိပါတ်တော် ဇာတကများတွင် ရသေ့များစွာ ပါရှိနေသည်မှာ ထိုဓလေ့မှ ဖော်ထုတ်ပေးသော ဇာတ်ကောင်များ ဖြစ်ပေတော့သည်။

[ မိတ်ဆွေဟန်ဆောင်သူ သည် ( ကြောက်စရာ အကောင်းဆုံးသော ရန်သူ)ူဖြစ်၏ ။]

( သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း-မှ ကူးယူဖေါ်ပြပါသည် )

…အယူလွဲ ကင်းကြပါစေ

အသက်ရှိသူချင်း ကိုယ်ချင်းစာပါ



 

လူတို့သည် စားသောက်စရာ အသီးအရွက်အဥတွေ များစွာရှိပါလျှက် ဇီဝဇိုးငှက်ငယ်လေးများ နေထိုင်မည့် အသိုက်များကိုလုစားခြင်း၊ နွားငယ်လေးများစို့မည့် နွားနို့များကို လုသောက်ခြင်း၊ ပျားငယ်လေးများ စားသုံးမည့်ပျားရည်များကို လုယက်ခြင်းများသည် လောဘဦးဆောင်သောကြောင့်သာဖြစ်သည်။ တချို့ဝိသမလောဘအားကြီးသူများသည် ဇီဝဇိုးငှက်များအပေါ်မေတ္တာမထားပဲ အသိုက်တွေရသမျှအကုန်လုယူ၏။

လူတွေကအသိုက်တွေယူသွားသောအခါ ငှက်မကြီးများမှာ အာစေးများကိုအန်ထုပ်၍ အသိုက် ထပ်လုပ်ရပြန်သည်။ အသိုက်လုပ်ပြီးဥချမယ်မှ မကြံရသေးလောဘကြီးသေားသူများက နောက်တစ်ကြိမ် လာလုယူသွားပြန်သည်။ သုံးလေးကြိမ်အာစေးများကို အန်ထုပ်ရသောအခါ သွေးစများပါလာပြီး တစ်ချို့ငှက်သိုက်လေးများမှာ သွေးရောင်လွှမ်းနေတတ်သည်။

  လေးငါးကြိမ်အထိ မတန်မဆ အန်ရသောအခါ ဇီဝဇိုးငှက်မကြီးများမှာ ရင်ကွဲးပြီး သေကြရရှာသည်။ အမေရိကန်နိုင်ငံတွင် နွားလေးများကို မိခင်ဝမ်းမှကျွတ်ကျွတ်ခြင်း နွားလေးသားစည်သွတ်ဗူးလုပ်ရန် သတ်ပစ်ကြပြီး၊ မိခင်နွားမကြီးဆီမှ နို့များကို နေ့စဉ် စက်များဖြင့်ညှစ်ယူပြီး နို့ဆီ နို့မှုန့်လုပ်ရောင်းကြသည်။ နွားနို့၊ နို့ဆီ၊ နို့မှုန့်တို့ သုံးဆောင်ခါနီးလျှင် နွားလေးနှင့် နွားမကြီးတို့၏ ဒုက္ခကို သတိရစေချင်၏။

ပျားရည်ဟူသည် ပျားအကောင်ပေါက်လေးများ စားသုံးရန်ပျားမိဘများက ရှာဖွေရခြင်းဖြစ်၏။ ထိုပျားရည်ကို လူတို့ကလုယက် စားသောက်ပြစ်လိုက်သောအခါ ပျားအကောင်ပေါင်းသုံးလေးထောင်ကျော်သည် အစာငတ်ပြီး သေကြရသည်။ သင့်ရှေ့၌ချထားသောပျားရည်တစ်ပုလင်းသည် ပျားအကောင်ပေါင်း သုံးလေးထောင်ကျော်၏ အသက်နှင့်လဲပြီးမှ ရလာခြင်းဖြစ်ကြောင်း သတိပြုသင့်၏။ ဝိသမလောဘသည် အလွန်ကြောက်စရာကောင်း၏ လူအချင်းချင်းထံမှ လုစားသကဲ့သို့ တိရစ္ဆာန်များထံမှ လုစား၏။ အသက်ရှိသူချင်း ကိုယ်ချင်းစာကြပါ.....

  မေတ္တာရှင် (ရွှေပြည်သာ)
https://www.facebook.com/259891950874104/photos/pcb.308599922669973/30859

အရေပြား အပူလောင်ဒဏ်ရာတွေကို လွယ်ကူစွာ ကုသနိုင်ဖို့အတွက်ဆိုရင်


 

အရေပြားအပူလောင်မိတဲ့အခါ အကောင်းဆုံး ကုသဖြေရှင်းနည်းတွေအနက် တစ်ခုကတော့ ရှာလကာရည်ပဲ ဖြစ်ပါတယ်။ အပူလောင်သွားတဲ့ ဒဏ်ရာပေါ်ကို ရှာလကာရည်အနည်းငယ်နဲ့ အမြန်ဆုံးလောင်ထည့်ပြီးပြီးချင်းပဲ အနာပေါ် ရှာလကာရည်နှစ်ထားတဲ့ ပိတ်စပါးပါးလေးနဲ့ အုပ်ထားပေးပါ။ ဒီလိုအခြေအနေမျိုးတွေမှာ ရှာလကာရည်အစား လာဗင်ဒါရေမွှေးပန်း(Lavender) အဆီကိုလည်း သုံးနိုင်ပါတယ်။

အပူလောင်မှုဖြစ်ပွားပြီးချက်ချင်း လိမ်းပေးမယ်ဆိုရင် ရောဂါကူးစက်မှု အန္တရာယ်တွေနဲ့ တခြားဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေကို လျော့နည်းသွားစေပါလိမ့်မယ်။ ရှာလကာရည်မှာ အနာကို သက်သာစေပြီး အဆိပ်သင့် ကူးစက်ရောဂါဖြစ်ပွားခြင်းကို အကောင်းဆုံး သက်သာပျောက်ကင်းစေတဲ့ ဆေးတစ်ခုဖြစ်ပါတယ်။


Aloe ခေါ် ရှားစောင်းလက်ပတ်ပင်ကလည်း ရွေးချယ်အသုံးပြုနိုင်တဲ့ ဆေးတစ်မျိုးပါပဲ။ ဒီအပင်ဟာ အသားရေအတွက် အရမ်းအသုံးတည့်ပါတယ်။ ပါးပါးလှီးထားတဲ့ ရှားစောင်းလက်ပတ်ပင်ကို အပူလောင်ထားတဲ့ ဒဏ်ရာပေါ် ချက်ချင်းကပ်ပေးရမှာဖြစ်ပါတယ်။ အဲဒီ Aloe ခြမ်းလေးပေါ်မှာ ပိတ်စလေးနဲ့ ထပ်အုပ်ပေးထားရမှာပါ။


Source: naturalhealthcareforyou.com
Credit to Trend Myanmar

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57

ကမ္ဘာ့ခန္ဓာကိုယ်အပျော့ပျောင်းဆုံးအမျိုးသမီးက အံ့သြစရာပြကွက်တွေ ထပ်ပြမည်ဟုဆို



 
 
Ref : Mirror
အသက်၂၈နှစ်အရွယ် ရုရှားနိုင်ငံသူ ဇူအေေ ဟာ ခန္ဓာကိုယ်ပျော့ပျောင်းနိုင်တဲ့စွမ်းရည်ကြောင့် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သူဖြစ်ပါတယ်။

ယခုမှာတော့ သူမဟာ ၂ဝ၁၅ ခုနှစ် ပြက္ခ ဒိန်မျက်နှာဖုံးအတွက် သူရဲ့ ခန္ဓာကိုယ်ပျော့ပျောင်း သွယ်လျတဲ့စွမ်းရည်တွေကို ပုံစံအမျိုးမျိုးတွေပြ
သလို ဓာတ်ပုံရိုက်ခံခဲ့တယ်။ အဆိုပါဓာတ်ပုံထဲ မှာ Zlata ဟာ ရွှေရောင်ဝတ်စုံဝတ်ဆင်ထား ပြီး အံ့သြစရာကောင်းလှတဲ့ပြကွက်တွေနဲ့
ဓာတ်ပုံရိုက်ကူးခံခဲ့ပြီး ၂ဝ၁၅ခုနှစ်ပြက္ခဒိန် အတွက်ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ခန္ဓာကိုယ်အပျော့ပျောင်း ဆုံးအမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ် ပြုခံခဲ့ရတဲ့ Zlata ရဲ့အမည်ရင်းဟာ Julia Guenthel လို့အမည်ရပြီး သူမ အ သက်လေးနှစ်အရွယ်ကတည်းက ယခု လို ခန္ဓာကိုယ်ပျော့ပျောင်းနိုင်အောင်
အစွမ်းကုန်ကြိုးစားခဲ့ရတယ်လို့ သိရ ပါတယ်။

ကမ္ဘာ့ခန္ဓာကိုယ်အပျော့ ပျောင်းဆုံးအမျိုးသမီးက နှစ်သစ် လက်ဆောင်စကားလေးကိုလည်း ပြောဆိုခဲ့ပါသေးတယ်။ အဲဒါကတော့ ''လာမယ့်၂ဝ၁၅ခုနှစ်မှာ သူမကို အားပေး ချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် အံ့သြ စရာကောင်းတဲ့ပြကွက်တွေကို ပြသသွားမယ် ပါ့မယ်။ ပြီးတော့ ပရိသတ်တွေကို သစ္စာရှိစွာ နေထိုင်သွားပါမယ်''လို့ဆိုပါတယ်။

 https://www.facebook.com/carita.nyarni/posts/770618523021702

၂၀၁၄ ခုနှစ် ကမ္ဘာတစ်လွှားရှိ အကောင်းဆုံးဓာတ်ပုံများ စုစည်းမူတွင် ပုဂံပါဝင်



ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂံပါပဲ။ The Huffington Post ဆိုတဲ့ New York အခြေစိုက် ဝက်ဘ်ဆိုက်ကနေ ဖော်ပြတဲ့ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ လှပ ဆန်းပြားသော ဓာတ်ပုံပေါင်း ၅၂ ပုံတွင် မြန်မာနိုင်ငံမှ ပုဂံ ပါဝင်နေပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ ပုံပဲ ဖြစ်ပါတယ်။ ၎င်းပုံဟာ ပုဂံမှာရှိတဲ့ မီးပုံးပျံများနှင့် ညနေဆည်းဆာ
နေဝင်ချိန်ကို ရိုက်ကူးထားတဲ့ ပုံတစ်ပုံ ဖြစ်ပါတယ်။ သူတို့ ဖော်ပြထား တာကတော့
ရှေးနှစ်ပေါင်း များစွာက စေတီပုတီးပေါင်း များစွာရှိတဲ့ ပုဂံဟာ မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်ကြောင်းနှင့် အာရှတိုက်တွင် လေ့လာစရာများစွာ ပုဂံမှာ
ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဂံမှာရှိတဲ့ ယဉ်ကျေးမူ အမွေအနှစ် များစွာနဲ့ စေတီပုထိုး များစွာ တို့အကြောင်း ကိုလည်း ရေးသား ထားကြောင်း ထပ်ဆင့် သတင်းကောင်း ပါးလိုက်ပါတယ်။

Ref - huffingtonpost
  ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

ကုသိုလ်ရကြောင်းတရားအကျဉ်း ဆယ်ပါး အကျယ် သုံးဆယ်

ကုသိုလ်ရကြောင်းတရားအကျဉ်း ဆယ်ပါးအကျယ် သုံးဆယ်
တစ်နေ့တစ်ခုတော့ရအောင်ကြိုးစားကြပေါ့နော်   
 
 
 
 
 
 
 
 
 


အလှူပေးခြင်း စောင့်ထိန်းခြင်း ပွါးခြင်းဘာဝနာ
ရိုသေပြုခြင်း မှုဆောင်ခြင်း ဝေခြင်းဖို့ဘာဂါ
သာဓုခေါ်ခြင်း ကြားနာခြင်း ဟောခြင်း ယူဖြောင့်စွာ 

 ပုညကိရိယာ ဤဆယ်ဖြာ နေ့စဉ်မှန်စွာပြုကြပါ။
ပုဗ္ဗ မုဉ္စ ပရ စေတနာ မြှောက်ပွါးပါ မှတ်ပါ သုံးဆယ်ရ။


https://www.facebook.com/carita.nyarni/posts/770041326412755

ကိုရီးယားထမင်းသုပ် (Bibimbap)


 

ကိုရီးယားထမင်းသုပ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ထမင်းသုပ်တမျိုးဖြစ်ပါသည်။ တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။
-----------------------------------------------

ပါဝင်သောပစ္စည်းများ

အမဲသား(သို့) ၀က်သား ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
ချက်ပြီသား ထမင်း ဆန်နို့ဆီဗူး ၁လုံးခွဲ
ပဲပင်ပေါက် လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)
မုန်လာဥနီ ၁ခု (အရှည်လိုက်လှီးပါ)
မှိုခြောက် ၄ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)
သခွာသီး ၁ခု (အခွံမနွာပဲ အ၇ှည်ပါးပါး လှီးပါ)
ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ဇွန်း
(CityMart တွင် ကိုရီးယားငရုတ်သီးနှစ်ကို ၀ယ်ယူနိုင်ပါသည်)
ကြက်သွန်မြိတ် ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ကြက်ဥ ၁လုံး
ဟင်းနုနွယ်ရွက် (သို့) ဆလက်၇ွက် လက်တဆုတ်စာ (ပါးပါးလှီးပါ)
နှမ်း စားပွဲတင်ဇွန်း ၁ဇွန်း
နှမ်းဆီ စားပွဲတင်ဇွန်း ၂ဇွန်း
ဆား
သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း
-----------------------------------------------
ချက်ပြုတ်နည်း

၁။ အမဲသားစဉ်းကောကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ပဲငံပြာရည်အချို(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(အနည်းငယ်) ထည့်နုယ်ပါ။

၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီး အမဲများ ကျက်သည်အထိကြော်ပေးပါ။ ပြီးလျှင် ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ နှမ်းဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက် အားလုံးကို တလှည့်စီ အရောင်ပြောင်းသည်အထိထည့် ကြော်ပေးပါ။

၎။ ထို့နောက် ရေပွက်ပွက်ဆူသော အိုးထဲသို့ ပဲပင်ပေါက်များထည့်၍ ဆားအနည်းငယ်ထည့်ပေးပြီ ၃မိနစ်ခန့် တည်ထားပေးပါ။ ပြီနောက် ပြန်ဆယ်ပြီ ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနုယ်ထားပါ။

၎။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း မြေအိုးတစ်ခုထဲသို့ (ထမင်း၊ အမဲသား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက်၊ ဆလတ်ရွက်၊ ကြက်ဥ) တို့ကို စီထည့်ထားလိုက်ပါ။

၅။ ပြီမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား တို့ကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၆။ အရသာအပေါ့အငံ့မြည်းပြီး အနေတော်လျှင် မြေအိုးကို အဖုံးအုပ်ပြီ မီးအပူဖြင့် ၂မိနစ်ခန့် တည်ထားပေးပြီ ပူပူလေး သုံးဆောင် နိုင်ပါပြီ။

ရ။ တချို့က ကြက်ဥကို ဖောက်မထည့်ပဲ ကြော်၍ထည့်ပါက မီးအပူပေးရန် မလိုပဲ အသင့်စားသုံးနိုင်ပါသည်။

၈။ ကိုရီးယားထမင်းသုတ် (Bibimbap)ကို မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ…
-----------------------------------------------

မူရင်း = Wutyee Food House

https://www.facebook.com/thaicosmeticslovers/photos/a.323074691226201.1073741829.31

အရက်နာကျခြင်း ပြေပျောက်စေဖို့အတွက် သိထားရမယ့် နည်းလမ်းများ



လာမယ့် New Year မှာ အစွမ်းကုန်သောင်းကျန်းဖို့ အစီအစဉ်ဆွဲထားတဲ့သူတွေအတွက် နောက်နေ့မနက်မှာ အရက်နာကျခြင်းက သက်သာစေဖို့ အရက်နာကျတဲ့အရှိန်ပြေပျောက်စေမယ့် နည်းလေးတွေ ပြောပြပေးလိုက်တယ်နော်။

(၁) ဗီတာမင် - ဘီ

သောက်ပြီး နောက်တစ်နေ့မှာ ဆိုးဆိုးရွားရွား ပိုခံစားရစေနိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်း လည်ပတ်မှုမှတဆင့် ဗီတာမင် ဘီ တွေကို အရက်က သိသိသာသာ လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အရက်စမသောက်မီ ဗီတာမင် ဘီ ၅၀ မီလီဂရမ် (၁) လုံး နဲ့ သောက်နေချိန်အတွင်း နောက်ထပ် (၁) လုံးသောက်ထားခြင်းက နောက်နေ့မနက် အရက်နာကျတာ လျော့နည်းစေနိုင်ပါတယ်။

(၂) ကိုယ်သောက်မယ့်အရက်ကို သတိထားရွေးတတ်ပါစေ။

အနက်ရောင်ပိုရင့်တဲ့ အရက်တွေမှာ အရက်နာကျမှုတွေဖြစ်စေတဲ့ အဆိပ် ပမာဏ ပိုမိုပါရှိတယ်။ အရက်နာကျခြင်း မရှိအောင် ပထဆုံးအနေနဲ့ Rum သို့မဟုတ် Whiskey တို့အစားVodka ဒါမှမဟုတ် Gin အရက်တို့ကို ဦးစားပေးရွေးသောက်သင့်တယ်။

(၃) အစာအိမ်သက်တောင့်သက်သာရှိဖို့ ဂျင်းဖျော်ရည်ဖော်စပ်ပေးပါ။

ဂျင်းဟာ အရက်နာကျပြီဆိုရင် မကြာခဏဆိုသလို အစာအိမ် မအီမသာဖြစ်မှုဖြေရှင်းဖို့ အကောင်းဆုံးဖြေဆေးတစ်မျိုးပါ။ ပျားရည်ပမာဏ များများခပ်ထားတဲ့ ဂျင်းအရည်ချိုချိုလေးမှာ ခန္ဓာကိုယ်အတွင်း အစာအာဟာအဖြစ်သို့ ပြောင်းလဲစေပြီး အရက်အာနိသင်ကို ဖယ်ရှားပေးတဲ့ သစ်သီးသကြားဓာတ်တွေ ပါဝင်ပါတယ်။ ဂျင်းရည်ခပ်ပျစ်ပျစ်သို့မဟုတ် ပါးပါးလေးလှီးထားတဲ့ ဂျင်းကို ဝါးစားပေးပါ။ ဒါ့အပြင်၊ ဂျင်းဆား/ပျားရည်စိမ်က အစာအိမ်မအီမသာဖြစ်မှုကို ရပ်တန့်စေပါလိမ့်မယ်။

(၄) အုန်းရည်သောက်ပါ

ရေများများသောက်ပေးခြင်း၊ ရေဓာတ်ပြန်လည်ဖြည့်ပေးခြင်းက အရက်မူးတဲ့ ညတစ်ညပြီးဆုံးလို့ ခေါင်းနှောက်မူးဝေခြင်း မရှိအောင်ကုသတဲ့ အမြန်ဆုံးနည်းတစ်ခုဖြစ်ပါတယ်။ အချိုရည်တွေထက် သန့်ရှင်းလတ်ဆတ်တဲ့ရေတစ်ခွက်မှာ အီလက်ထရိုရိုက်ပိုများပါတယ် ငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ်ပိုများပါတယ်။ အစာအိမ် မအီမသာဖြစ်မှုကိုတောင် ငြိမ်းသွားစေနိုင်တယ်။ အုန်းရည်မရှိဖြစ်နေပါက အီလက်ထရိုရိုက်Gatorade (အချိုရည်) သောက်ပေးပါ။ ရေသန့်ကိုတော့ အမြဲတမ်းသောက်ပေးသင့်ပါတယ်။

Source: Rd
credit to Trend Myanmar

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2633969004

ဒိန်ချဉ်သည် ဖွံ့ဖြိုးဆဲကလေးများနှင့် ကယ်လ်ဆီယမ်လိုအပ်သူများအတွက် လိုအပ်သောအစာဖြစ်

                    



ဒိန်ချဉ်သည် ပရိုတင်းများစွာပါဝင်ကာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါရှိခြင်းကြောင့် ကြီးထွားဖွံ့ဖြိုးဆဲ ကလေး ငယ်များနှင့် အစားအစာမှ ထပ်မံ၍ ကယ်လ်ဆီယမ် လိုအပ်သူများအတွက် ကောင်းမွန်ပါကြောင်း

အာဟာရ ဓာတ်များဆိုင်ရာ ပညာရှင်ကြီးတစ်ဦးက ပြောကြား ခဲ့ကြောင်းသိရသည်။ ပရိုဘိုင်အိုတစ်ခေါ် ဗက်တီးရီးယား များပါသောဒိန်ချဉ်သည် အစာအိမ်အတွက် ကောင်းမွန်စေပြီး ဝမ်းနှင့်ပတ်သက်သော ရောဂါများဖြစ်သည့် ဝမ်းချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း ရောဂါများကို ထိန်းချုပ်ပေးနိုင်သည်။

ထို့အပြင် အသက်အရွယ် ကြီးလာပါက အများဆုံး ဖြစ်ပွားနိုင်သည့် အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်ပွားနိုင် ခြင်းမရှိစေရန်နှင့် သွေးပေါင်ချိန် တည်ငြိမ်အောင် ထိန်းပေးနိုင်စေရန် ဒိန်ချဉ်ကို သောက်သုံးပေးပါက အ ထက်ပါ ဝေဒနာများကြုံတွေ့နိုင်ခြင်းမှ ကာကွယ်ပေးနိုင် မည်ဖြစ်သည်။ ဒိန်ချဉ်သည် ကျန်းမာရေးအတွက် အလွန် အထောက်အကူပြုနိုင်ပြီး မှန်မှန်စားသုံးပါက သက်ရှည်ကျန်းမာစေသည့် အရင်းအမြစ် တစ်ခုဖြစ်ကာ စားသုံးသူများအတွက် ပရိုတင်းကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အသားဓာတ်ကို အလုံအလောက် ပေးနိုင်သော အစားအစာ တစ်မျိုးဖြစ်ကြောင်း သိရသည်။

Credit to Good Health

သူငယ်ချင်း ဈာပနကို ဘနားနားအရုပ်များလို့ ဝတ်ပြီးတတ်တဲ့ သူငယ်ချင်းများ





  ဗြိတိန်နိုင်ငံက စစ်တပ်တစ်တပ်က တပ်စု တစ်ခုဟာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး လူငယ် စစ်သား တစ်ဦး မမျော်လင့်ပဲ အသက်ဆုံးရှုံးသွားပါတယ်။ ယင်းကတော့ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်ပြီး မတော်တဆ ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ကို ပြန်လည် တွေ့ရှိအောင် ကြိုးစားခဲ့ရပြီး တွေ့ရှိချိန်မှာ သေဆုံးနေပါပြီ။

သူဟာ စစ်တပ်မှာ လူချစ်လူခင်ပေါပြီး နှစ်လိုဖွယ် အမူအရာ ရှိသူ ဖြစ်ပါတယ်။ စိတ်ထားလည်း ကောင်းပြီး ဘနားနား မီနီယံ ငှက်ပျောသီး အရုပ် ကာတွန်းများကို အင်မတန် ကြိုက်နျစ်သက်ရှာပါတယ်။ သူ့အနေနဲ့လည်း သေခဲ့ရင် ဇာပန အခမ်းအနားမှာ မီနီယံ ကာတွန်း ရုပ်လို ဝတ်ပြီး လိုက်ပို့ဖို့ နောက်ပြောင် ပြောဆိုခဲ့ဖူးပါတယ်။ ယင်း ပြောဆိုမှုက နောက်ပြောင်မှု ဖြစ်ပေမယ့် ဒါဟာလည်း သူတကယ်လိုချင်တဲ့ ဆန္ဒ တစ်ခု ဖြစ်ကြောင်း ခံစားမိကြပါတယ်။ လူတွေဟာ နောက်တယ်ဆိုတာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ မိမိစိတ်ရင်း ပါဝင်ပါတယ်။

ဒါကြောင့်မို့ ဝမ်းနည်းကြေကွဲတဲ့ သူ့ စစ်သား ရဲဘော် သူငယ်ချင်းများက မီနီယံ လေးများလို အမှန်တကယ် ဝတ်ဆင်ပြီး ဇာပန အခမ်းအနားကို တက်ရောက်ခဲ့ ပါတယ်။ မိတ်ဆွေသူငယ်ချင်းပေါ် ထားရှိတဲ့ သူ့ရဲ့ ရဲဘော်စိတ်ဓာတ် ကောင်းကိုပါ လူသိ ချီးမွမ်းပြု ခံစေခဲ့ ပါတယ်။
.
Ref: dailymail
ေ အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/12/blog-post_90.html
Related Posts Plugin for WordPress, Blogger...