မမီး ဟင်းထုပ်က အမြင်မှာ ရှမ်းဟင်းထုပ်နဲ့တူသလိုလိုရှိပေမဲ့ ရှမ်းဟင်းထုပ်တော့မဟုတ်ပါဘူး။
မမီးက ကော်မှုန့် သုံးထားပါတယ်။ ဟင်းထုပ်လုပ်တဲ့အခါရေနဲ့ ဆန်မှုန့် အချိုးက တော်တော်အရေးကြီးပုံရပါတယ်။ရေလို့ပြောတဲ့အခါ ခွက်နဲ့ချိန်ထည့်တဲ့ ရေကိုသာမက
ပါဝင်တဲ့ ကြက်သွန်မြိတ်ပမာဏ၊ ဝက်သား၊ ခရမ်းချဉ်သီးတို့ကထွက်လာတဲ့ ရေပမာဏကိုလည်း ထည့်ထွက်ရပါလိမ့်မယ်။ကောင်းတာကတော့ ပထမဆုံး အထုပ်သေးတစ်ထုပ်လုပ်ကြည့်ပြီး
ပေါင်းကြည့်။ အဲဒီမှာ မုန့်သားနဲ့ ရေအနည်း၊ အများကိုကြည့်ပြီး
နောက်အထုပ်တွေအတွက် လိုတိုးပိုလျှော့လုပ်ပါ။
ပါဝင်ပစ္စည်းများ (၈ထုပ်)
……………………..……..
• ကြက်သွန်မြိတ် – ၂၆၄ ဂရမ် (၁၅ ကျပ်သား ကျော်ကျော်ခန့်)
• ဝက်သား – ၂ဝဝ ဂရမ် ( အသားနှင့် အဆီအနည်းငယ်)
• ခရမ်းချဉ်သီးမှည့် – ၁ လုံး
• ဆား – သင့်ရုံ
• ဆန်မှုန့် – ၉ဝ ဂရမ် (၅ကျပ်သား ကျော်ကျော်)
• ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆီ – စားပွဲဇွန်း ၁ ဇွန်း
• ရေ – ခွက်တစ်ဝက် ( ၁၂ဝ မီလီလီတာ)
• ကြက်ဥ – ၁ လုံး
• ငှက်ပျောရွက် – ၈ ထုပ်စာ (8” x 8”)
• ကြက်သွန်ဖြူကြော် – စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်သီးအကြမ်းဖတ်ကြော် – စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်ပုံ
……………
၁။ ငှက်ပျောရွက်ကို 8” x 8” အရွယ် ၈ ထုပ်စာဖြတ်ထား၊
ကွဲမထွက်အောင် ရေနွေးပူဖျော်ထား၊ အဝတ် သန့်နှင့် မျက်နှာပြင်
၂ ဖက်လုံးကို ခြောက်သွေ့သန့်စင်အောင် သုတ်ထားပါ၊
၂။ ကြက်သွန်မြိတ်ကို သန့်စင်ဆေးကြော၊ ရေစစ်ပြီး ၁ လက္မ အရွယ်ဖြတ်ထားပါ။
၃။ ဝက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ဇလုံတစ်ခုထဲထည့် ဆား၊
အချိုမှုန့်ထည့်နယ်၊ ကြက် ဥဖောက်ထည့်နယ်ပြီး ရေခဲသေတ္တာမခဲတဲ့အထပ်မှာ ၁ နာရီလောက် နှပ်ထားပါ။
၎။ ဇလုံတစ်ခုထဲမှာ ဆန်မှုန့်၊ ကော်မှုန့်ထည့်၊ ဆားနဲ့ ကြက်သားမှုန့်ထည့်၊ ဆီနဲ့ ရေထည့်ပြီး
သမအောင် မွှေပေးထား၊ နောက်ဆုံးမှာ ကြက်သွန်မြိတ်နဲ့ ဝက်သားထည့်ပြီးနယ်ပါ။
၅။ ငှက်ပျောရွက်အလယ်မှာ အဆာထည့်ပြီး ထုတ်၊ ပြေမထွက်စေရန် သွားကြားထိုးတံဖြင့်ထိုးပါ။
၆။ ပေါင်းအိုးဆန်ခါတွင် ဟင်းထုပ်များထည့်ပြီး ၃ဝ-၄ဝ မိနစ်ပေါင်းပါ၊ ပူပူနွေးနွေးစားပါမှ
အရသာ ပိုကောင်းပါတယ်။ ဂျူးမြစ်၊ ဝက်ခေါက်ကြော်၊ ဆန်လုံးစီကြော်၊ ငရုတ်သီးခြောက်ကြော်တို့နဲ့
တွဲဘက်စားသုံးနိုင်ပါတယ်။
……………………..………………….
Credit: Meemeetofu
http://www.searchmyanmar.com/link/comment/cid/53663
No comments:
Post a Comment