စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒုက္ခရောက်နေတဲ့သူငယ်ချင်းကို တစ်ပတ်ကြာစောင့်ရှောက်ခဲ့တဲ့ ခွေးကလေး



စက်တင်ဘာလ အစပိုင်းလောက်တုန်းက Tillie ဆိုတဲ့ ရွှေရောင် Retriever ခွေးလေး နဲ့ အမဲလိုက်ခွေးလေး Phoebe တို့ဟာ Vashon ကျွန်းမှာ လမ်းလျှောက်ထွက်ရင်း ပျောက်ဆုံးသွားပါတယ်။ ငါးရက်လောက် ရှာပြီး မတွေ့တဲ့နောက် သူတို့ပိုင်ရှင်ဟာ Vashon ကျွန်း တိရစ္တာန်ကာကွယ်ရေးအဖွဲ့ရဲ့ ဖေ့ဘုတ်ကို ပုံနှင့်တကွ အကြောင်းကြားတဲ့ပိုစ့်တင်ခဲ့ပါတယ်။

တင်ပြီး မကြာခင်မှာပဲ လူစိမ်းတစ်ယောက်ဟာ သူ့ရဲ့အိမ်နားမှာ Tillie နဲ့တူတဲ့ခွေးတစ်ကောင်ကို တွေ့မိကြောင်းအသိပေးတာကြောင့် VIPP ( Vashon Island Pet Protectors) စေတနာ့ဝန်ထမ်းတွေဟာ ခွေးလေးတွေ
ကို လိုက်လံရှာဖွေကြတော့ Tillie ကို တွေ့ပါတယ်။

" Tillie ဟာ ကျွန်တော်တို့ကိုမြင်ပေမယ့် ပြေးမလာပါဘူး။ ရေလှောင်ကန်
ဟောင်း အစပ်မှာပဲ နေမြဲနေနေပါတယ်။ သူမဟာ ကန်ထဲပဲ စိုက်ကြည့်နေ ပါတယ်။ ကန်ထဲကို ကြည့်လိုက်တော့မှပဲ အဖြေကိုသွားတွေ့ပါတယ်။ သူမ
ရဲ့ သူငယ်ချင်း Phoebe ဟာ ကန်ထဲကို ရောက်နေတာကြောင့်ပါ " လို့ စေတနာ့ဝန်ထမ်းတစ်ယောက်က ဆိုပါတယ်။ တစ်ပတ်လုံးလုံး အစာမစားရပေမယ့် မိုးရေကိုသောက်ခဲ့ရဲတဲ့အတွက် နှစ်ကောင်စလုံး ကျန်းမာနေပါတယ် လို့ သိရပါတယ်။

Tillie ဟာ သူ့ဘာသာ ပြန်လို့ရပါလျက်နဲ့ သူငယ်ချင်းအနားမှာ တစ်ပတ် လုံးလုံး စောင့်ရှောက်ပေးခဲ့တာပါ။ လူတွေဟာ ကိုယ့်ရဲ့သူငယ်ချင်းကို ချစ်ခင်စောင့်ရှောက်တတ်သလို တိရစ္ဆာန်လေးတွေဟာလည်း သူငယ်ချင်း
ကို ချစ်တတ်ကြောင်းကို ဒီခွေးလေး နှစ်ကောင်ရဲ့ ဖြစ်ရပ်က သက်သေပြနေပါတော့တယ်။

https://www.facebook.com/ayesaycommm/posts/454129238092520

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...