စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ် အင်တာဗျူးမသွားခင် ဒါတွေ မမေ့ပါနဲ့



အလုပ်လျှောက်ထားတဲ့ အလုပ်ရှင် / ကုမ္ပဏီရဲ့ ဖုန်းနံပါတ်
- ဘယ်လောက်ပဲ စောနေပါစေ လမ်းမှာ ကားပိတ်တာမျိုး၊ မမျှော်လင့်ထားတဲ့ ဟာ တစ်ခုခုဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကုမ္ပဏီရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီးတော့ အချိန် ပြန်ညှိနိုင်ပါတယ်။

မေးခွန်း
- အင်တာဗျူးခန်းထဲမှာ မေးခွန်းတွေ မေးနိုင်အောင် ကြိုပြီး စဉ်းစားထားပါ။ မေ့တတ်တယ်ဆိုရင် စာအုပ်လေးနဲ့ပဲ ဖြစ်ဖြစ် ရေးမှတ်ထားပါ။ မေးခွန်းမေးတတ်တဲ့ အလုပ်လျှောက်သူကို အလုပ်ရှင်တွေ စိတ်ဝင်စားကြပါတယ်။

စာရွက်စာတမ်း
- ထောက်ခံချက်၊ ဘွဲ့လက်မှတ်၊ မှတ်ပုံတင် စတဲ့ အလုပ်လျှောက်ရာမှာ လိုအပ်တဲ့ စာရွက်တွေကို ဖြစ်နိုင်ရင် ယူသွားလိုက်ပါ။ အင်တာဗျူးမေးတဲ့သူက ထောက်ခံချက်တွေပြခိုင်းတဲ့ အချိန် အဆင်သင့် ပြနိုင်ရင် အကောင်းဆုံးပါပဲ။ CV ကိုလည်း သေချာ ပရင့်ထုတ်ပြီး ယူသွားပါ။

ဘောပင် နဲ့ မှတ်စုစာအုပ်
- ဘောပင် ကတော့ အရေးမကြီးသလိုလို နဲ့ အရေးကြီးတဲ့ ပစ္စည်းတစ်ခုပါ။ အင်တာဗျုးလုပ်နေတဲ့ အချိန်မှာ မှတ်စရာတွေ ရှိမယ်ဆိုရင် တစ်လက်စတည်း ရေးမှတ်နိုင်မှာ ဖြစ်ပါတယ်။



https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.38

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...