
ကမ္ဘာမြေကြီးကို အာကသထဲက ကြည့်ရင် တမူဆန်းတဲ့ အသွင်အပြင်တွေနဲ့ လှပနေပါတယ်။ ဒီပုံရိပ်တွေကို အမေရိကန် အာကာသယဉ်မှုး Scott Kelly ကမိမိရရ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရောင်စုံ မြေအသွင်အပြင် တွေနဲ့ ယှက်ဖြာနေတဲ့ မြစ်လက်တက်တွေဟာ ထူးခြားလှပနေပါတယ်။
Scott Kelly ဟာ နိုင်ငံတကာ အာကာသ စခန်း (International Space Station )အတွက် ၁ နှစ်ကြာမြင့်မဲ့ အထူးမစ်ရှင်တစ်ခုအတွက် ရွေးချယ်ခံရတာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူ့အတွက် ၃ ကြိမ်မြောက် အာကာသ ခရီးစဉ် တစ်ခုလည်းဖြစ်ပါတယ်။ ဒီပုံတွေကို အာကသထဲ ရောက်နေစဉ် ၆ လတာ အတွင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
နေ့တိုင်းလိုလို အာကသထဲကနေ သူရိုက်ကူးထားတဲ့ ပုံတွေကို twitter ပေါ် တင်လေ့ရှိပါတယ်။ သူ့ရဲ့Twitter အကောင့် https://twitter.com/StationCDRKelly ဖြစ်ပါတယ်။ သူ့ဓာတ်ပုံ ပရိတ်သတ်တွေရဲ့ မေးခွန်းတွေကို လည်း ဖြေကြားလေ့ရှိပါတယ်။ ဒီအထဲမှာ သမ္မတ Barack Obama တောင်ပါ ပါတယ်။
ဒီပုံတွေကတော့ သူရိုက်ကူးထားတဲ့ ပုံတွေထဲက အကောင်းဆုံး ပုံအချို့ဖြစ်ပါတယ်။
https://www.facebook.com/ayesaycommm/posts/452759934896117
















https://www.facebook.com/ayesaycommm/posts/452759934896117
No comments:
Post a Comment