
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးကြတဲ့ Jungle Book လို့ အမည်ရတဲ့ ဇာတ်ကားကို မှတ်မိသူများလည်း မှတ်မိပါလိမ့်မယ်။ Disney မှ ရိုက်ကူးတင်ဆက်ခဲ့တဲ့ Jungle Book အမည်ရ ရုပ်ရှင်ဟာ Classic Tale တစ်ခု အဖြစ် ပြောစမှတ်ပြုခဲ့ ပါတယ်။ ယင်း ဇာတ်ကားကို အက်ရှင်ဇာတ်ကား အဖြစ် အသက်သွင်းလိမ့်မယ်လို့ ထင်မထားပေမယ့် တကယ် လုပ်ချက်လိုက်ပါပြီ။
ကလေးသရုပ်ဆောင် Neel Sethi မှ Mowgli အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးမှာ လူဆိုလို့ သူပဲ ပါဝင်ပါမယ်။ ကျန်တာတွေက ကွန်ပြူတာနဲ့ တီထွင်ဖန်တီးထားတဲ့ Animation များသာ ဖြစ်ပြီး စကားလတ်ဂျိုဟန်ဆန်က မြွှေမ ရဲ့ နောက်ခံအသံမှာ ပါဝင်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်များက တိရစ္ဆာန်များရဲ့ နောက်ခံအသံနေရာကို ပါဝင်ပေးထား ပါတယ်။
ရုပ်ရှင်ကို ကာတွန်းထဲက အတိုင်း အတတ်နိုင်ဆုံး တူအောင် ဇာတ်ကွက်တွေ ဖန်တီးပေးထားပါတယ်။ ဒါပေမယ့် ရယ်စရာ၊ စိတ်ကြည်နူးစရာဖြစ်အောင် ဖန်တီးထားချက်တော့ မဟုတ်ပါဘူး။ သည်းထိတ် ရင်ဖိုရလောက်အောင် စွန့်စားခန်းများ ပါဝင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Disney ကပဲ ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်ပြီး ယခု ရက်ပိုင်းတင်ပဲ YouTube ပေါ်မှာ Trailer တင်ခဲ့တာ ဖြစ်ပါတယ်။
ကျား၊ ခြေင်္သေ့၊ မြွှေ၊ ဝက်ဝံနဲ့ တိုက်ခိုက်မှု အက်ရှင်ခန်းပေါင်းမြောက်များစွာကို မြင်တွေ့ရမယ့် ဇာတ်ကား Jungle Book ဟာ ၂၀၁၆ မှာ စောင့်ကြည့်ရန် အကောင်းဆုံး ရုပ်ရှင်စာရင်းထဲ ပါဝင်လာပါတယ်။
ရုပ်ရှင် အမြည်း ကြည့်ရှုရန် - https://youtu.be/HcgJRQWxKnw
////
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/YoYarLay/posts/956412797735306



















https://www.facebook.com/YoYarLay/posts/956412797735306
No comments:
Post a Comment