စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိုဘယ်ဆုအတွက် ၃၅ ကြိမ်စာရင်းသွင်းခံခဲ့ရသော်လည်း တစ်ကြိမ်မှမရခဲ့သူ



Gilbert Newton Lewis ဟာ အမေရိကန် ရုပ ဓာတု ပညာရှင်တစ်
ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ နိုဘယ်ဆုပေးပွဲတစ်လျောက်မှာ အကြိမ်ပေါင်း ၃၅ကြိမ် တင်သွင်းခံခဲ့ရသော်လည်း တစ်ကြိမ်မှ ဆုမရခဲ့တာကတော့ အလွန်အံသြဖို့ကောင်းလှပါတယ်

G.N.Lewis ကို ၁၈၇၅ မန်ဆာချူးဆက်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ဟားဗတ်တက္ကသိုလ်ကနေ ဓာတုဗေဒ ဒေါက်တာဘွဲ့ကိုရရှိခဲ့ပါတယ်။ ထို့အပြင် ဂျာမနီ နဲ့ ဖိလစ်ပိုင်တို့မှာလည်း သွားရောက်သင်ယူခဲ့ ပါသေး တယ်။ နောက်ဆုံး ကယ်လီဖိုးနီးယားကိုပြန်လာပြီး ဓာတုဗေဒပညာရပ်
ထဲ မှာပဲ သူ့ဘ၀ကို မြုပ်နှံထားလိုက်ပါတယ်။ သူဟာ ဓာတုဗေဒရဲ့ အရေးပါတဲ့ အက်တမ်ဖွဲ့စည်းမှုပုံစံတစ်မျိုးဖြစ်တဲ့ covalent bond ကို ရှာဖွေတွေ့ရှိခဲ့သူလည်း ဖြစ်ပါတယ်။

G.N.Lewis ဟာ ၁၉၄၆ ခုနှစ် မှာ သူ့ရဲ့ ဓာတ်ခွဲခန်းအတွင်းမှာပဲ
သေဆုံးသွားခဲ့ပါတယ်။ လူအများစုကတော့ G.N.Lewis ဟာ သူ့ကိုယ်
သူ သတ်သေခဲ့တယ်လို့ ယူဆကြပါတယ်။


https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...