စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စင်္ကာပူမှာ ရှိတဲ့ Marina Bay Sands



အဆောက်အဦး အမြင့်ပေါ်မှာ သင်္ဘောပုံ ဖန်တီးပြီး လူအများကို စိတ်ဝင်စားအောင် ပြုလုပ်ထားတဲ့ Marina Bay Sands ကတော့ စင်္ကာပူ၏ အထင်ကရ နေရာများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ Marina Bay Sands ကနေပြီးတော့ စင်္ကာပူမှာ ရှိတဲ့ အလွန်လှပတဲ့ နေရာတွေကို မြင်နိုင်တဲ့ အပြင် ရေကစားလို့လည်း ရတဲ့ နေရာဖြစ်ပါတယ်။

Marina Bay Sands ပေါ်သို့ တက်မယ်ဆိုရင် စင်္ကာပူ ဒေါ်လာ ၂၅ ဝန်းကျင် ပေးရမှာဖြစ်ပြီး ရေကူး ရေကစားလို့ မရပါဘူး။ ရေကူး ရေကစားချင်တယ်ဆိုရင် Marina Bay Sands Hotel မှာ တည်ခိုးမှ ရပါတယ်။ ညဘက် ဆိုရင်လည်း မီးရောင်စုံ တောက်ပနေပြီး အဝေးက ကြည့်ကြည့် အနီးက ကြည့်ကြည့် အလွန် လှပနေကာ ဓာတ်ပုံ နောက်ခံထား ရိုက်ရင်လည်း တကယ်ကို ခန့်ညား ထည်ဝါ လှပါတယ်။

စင်္ကာပူနိုင်ငံကို ဝင့်ထည်အောင် ဖော်ဆောင်ပေးတဲ့ အဆောက်အဦး ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒါကြောင့် စင်္ကာပူကို အလည်သွားမယ် ဆိုရင်တော့ ထိုနေရာကိုသွားပြီး ဓာတ်ပုံ ရိုက်ဖို့လည်း မမေ့ပါနဲ့။
Photo - 3dfirstaid
ကျော်လင်းနိုင် (ရိုးရာလေး)

 https://www.facebook.com/YoYarLay/posts/951908991519020


 https://www.facebook.com/YoYarLay/posts/951908991519020

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...