စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပူစပ်သောအစားအစာများ ပုံမှန်စားသုံးခြင်းဖြင့် သေဆုံးနိုင်မှုအန္တရာယ် ၁၄ ရာခိုင်နှုန်း လျော့ကျနိုင်

 http://wonderopolis.org/wp-content/uploads/2010/11/Wonder-50-Chili-Pepper-Static-Image.jpg

ငရုတ်သီးကဲ့သို့ ပူစပ်သောအစားအစာများကို နေ့စဉ်စားသုံးလေ့ရှိသူများသည် မစားသောသူများထက် သေဆုံးနိုင်မှုအန္တရာယ် ၁၄ ရာခိုင်နှုန်း လျော့နည်းကြောင်း BMJ ဂျာနယ်တွင် ဖော်ပြထား သော လေ့လာမှုတစ်ခုအရ သိရသည်။

ပူစပ်သော အစားအစာများကို သီတင်းတစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်မျှ စားပေးလျှင်ပင် သေဆုံးနိုင်မှုအန္တရာယ် ၁၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရသည်။
ပူစပ်သောအစားအစာများတွင် အဝလွန်ခြင်းကို တိုက်ဖျက်နိုင်သော အစွမ်းသတ္တိများ၊ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ကာကွယ်နိုင်သော ဓာတ်ပစ္စည်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကင်ဆာရောဂါ တိုက်ဖျက်နိုင်သော အစွမ်းသတ္တိများပါဝင်သဖြင့် ကျန်းမာရေးအတွက် စားသုံးပေးသင့်သည်ဟု တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ပက်ကင်းဆေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဂျန်အယ်လ် ဗီကပြောသည်။

ငရုတ်သီးကဲ့သို့ ပူစပ်သော အစားအစာများတွင် ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို တိုက်ဖျက်နိုင်သော ဒြပ်ပေါင်းများ ပါဝင်ခြင်းကြောင့် အူထဲရှိ ဘက်တီးရီးယားများကို ကျန်းမာရေးနှင့်ညီညွတ်စေသော ပုံစံမျိုးများအဖြစ်သို့ ရောက်ရှိသွားစေနိုင်ကြောင်း သုတေသီများကပြောသည်။

BMJ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုက တရုတ်နိုင်ငံ တစ်ဝန်း အရွယ်ရောက်ပြီးသူ ငါးသိန်းခန့်၏ နေ့စဉ်အစားအသောက် ဆိုင်ရာ အချက်အလက်များနှင့် ကျန်းမာရေးအခြေအနေတို့ကို လေ့လာထားခြင်းဖြစ်သည်။ ငရုတ်သီးအပြင် ငရုတ်ကောင်းအမည်းကဲ့သို့ အခြားပူစပ်သောအစားအစာများကို ဟင်းထဲထည့်ချက်ကာ စားသောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု သုတေသီများက ပြောသည်။ ပူစပ်သောအစားအစာများ၏ ကျန်းမာရေးအကျိုးကျေးဇူးများပုံကို ယခင်လေ့လာမှုများကလည်း ဖော်ပြထားပြီးဖြစ်ကာ ယင်းအစားအစာများ စားသုံးပေးခြင်းဖြင့် အစာစားလိုမှုကို ထိန်းချုပ်နိုင်ပြီး ဇီဝဖြစ်ပျက်မှု အားကောင်းစေနိုင်သည်ဟု သုတေသီများကပြောသည်။ လတ်ဆတ် သော ငရုတ်သီးများတွင် ငရုတ်ဆီ၊ ငရုတ်သီးအချဉ်နှင့် ငရုတ်သီး အခြောက်တို့ထက် ရောဂါကာကွယ်နိုင်သော ဓာတ်ပစ္စည်းများ ပိုမို ပါဝင်ကြောင်း သိရသည်။
—Ref: Prevention

 http://www.7daydaily.com/story/47216

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...