စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့် ဦးနှောက် စွမ်းအားကို မြှင့်တင် ပေးမည့် အစားအစာ ၆ မျိုး




ဦးနှောက်က ကိုယ်ထဲမှာ ရှိတဲ့ လုပ်ဆောင်မှု တွေအားလုံးကို ထိန်းချုပ်ရပါတယ်။ မှတ်ရသားရတဲ့ ကိစ္စတွေမှာလည်း ဦးနှောက်က ပါရပြန်ပါတယ်။ ဒါပေမဲ့ ဦးနှောက်ကို အရေးစိုက်ရမှာ ကို လူတွေကမေ့နေတတ်ပါတယ်။

၁။ ဟင်းနုနွယ်
ဟင်းနုနွယ် က အာရုံကြော ဆဲလ်တွေကို အားပေးပြီး ဦးနှောက် ရဲ့ နှစ်ဖက်စလုံးကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံကြော အားနည်းသူတွေ ဟင်းနုနွယ် စားသင့်ပါတယ်။

၂။ ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ proanthocyanidins လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒီဓာတ်က ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ချို့ကို စွမ်းအင်ပေးပါတယ်။ ဒီဓာတ်ဟာ ဗိုက်တာမင် စီ နဲ့ အီးထက် ကိုယ်ခံစွမ်းအား ပိုမို တိုးမြင့်စေနိုင်ပါတယ်။ ဘလူးဘယ်ရီဟာ အသက်အရွယ်ရပြီး ဖြစ်လာတတ်တဲ့ မှတ်ဥာဏ်ချို့ယွင်းမှု ကို တောင်ကာကွယ်တားဆီးနိုင်ပါတယ်။

၃။ စပျစ်သီး
စပျစ်သီးမှာ လည်းဦးနှောက်အတွက် အာဟာရဓာတ်တွေ လုံလုံလောက်လောက်ပါဝင်ပြီး အယ်လ်ဇိုင်းမားရောဂါကို တောင်ကာကွယ်နိုင်ပါတယ်။

၎။ အိုမီဂါသရီး ငါးကြီးဆီ
ဦးနှောက်ကို အဆီ ၆၀ % နဲ့ဖွဲ့စည်းထားပြီး ဦးနှောက်အတွင်း ပိုင်းရောင်ရမ်းမှုတွေကို လျှော့ချဖို့အတွက်လည်း အဆီ တွေလိုအပ်ပါတယ်။ အိုမီဂါသရီး ငါးကြီးဆီက ဦးနှောက်အတွင်းမှာ သွေးလည်ပတ်မှုကို တိုးမြှင့်ကောင်းမွန်စေပါတယ်။

၅။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ မှတ်ဥာဏ်စွမ်းအားမြင့်မား စေမဲ့ lycopene ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ခရမ်းချဉ်သီးကို နေ့တိုင်းစားသုံးတဲ့ သူတွေဟာ မှတ်ဥာဏ်စွမ်းအား ပိုကောင်းလေ့ရှိပါတယ်။ ဖရဲသီးမှာလည်း lycopene အများကြီး ပါပါတယ်။

၆။ လက်ဖက်ရည်ကြမ်း
နေ့တိုင်း လက်ဖက်ရည်ကြမ်း ၂ ခွက်လောက်သောက် တဲ့ သူတွေက ပါကင်ဆန်ရောဂါ ဖြစ်ပွားတာ ကနေတားဆီးပေးနိုင်ပါတယ်။ အစိမ်းရောင် လက်ဖက်ရည်ကြမ်း နေ့တိုင်းသောက် ရင် လေဖြတ်တာ ကိုတောင် တားဆီးနိုင်ပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...