
အခုတလော နာမည်ကြီးနေတဲ့သတင်း တစ်ပုဒ်ပါ။
texas က ahmed ဆိုတဲ့ ၁၄ နှစ်အရွယ် ၉ တန်း ကျောင်းသားလေးဟာ သူဖန်တီးထားတဲနာရီကို ကျောင်းသို့ယူလာခဲ့ပါတယ်။ ဒီနာရီကို မြင်ရင် ဆရာ နဲ့ သူငယ်ချင်းတွေ အထင်ကြီးကြမှာလို့ထင်တဲ့အတွက် ယူလာခြင်းဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်း ဒီနာရီကို ကျောင်းသို့ယူလာချိန်မှာတော့ သူဟာအမှတ်မထင် အဖမ်းခံခဲ့ရပါတယ်။ ဆရာဖြစ်သူက သူ့နာရီကို ဗုံးလို့ထင်ပြီး ရဲကိုခေါ်လိုက်တဲ့အတွက်ပါ။ ဒီအရာဟာ ရိုးရိုးနာရီတစ်လုံးဖြစ်ကြောင်း ရဲအရာရှိက စစ်ဆေးပြီးချိန်မှာတော့ Ahmed ကို ပြန်လွှတ်လိုက်ပါတယ်။
ဒီဖြစ်ရပ်အတွက် ရာပေါင်းများစွာသော twitter အသုံးပြုသူတွေဟာ #IStandWithAhmed ဆိုတဲ့ status တွေနဲ့အတူ Ahmed ကိုထောက်ခံခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား ကလည်း အခုဖြစ်ရပ်ကို မဖြစ်သင့်ကြောင်း နဲ့ အရမ်းကောင်းမယ့် နာရီတစ်လုံးပါပဲ။ Ahmed ရေ ဒီနာရီကို အိမ်ဖြူတော်ဆီ ယူမလာချင်ဘူးလား။ ငါတို့နိုင်ငံဟာ မင်းလိုသိပ္ပံပညာကို စိတ်ဝင်စားတဲ့ကလေးတွေ အများကြီးလိုနေပါတယ် လို့ Ahmed ကို ချီးကျူးပြောဆိုသွားပါတယ်။
ဖေ့ဘုတ်ပိုင်ရှင် Mark Zuckerberg ကလည်း Ahmed ကို သူ့ရုံးချုပ်ဆီ လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။


https://www.facebook.com/ayesaycommm/posts/453415638163880
No comments:
Post a Comment