စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အများ ရှုံ့ချ ခံရတဲ့ သားမိုက်တစ်ဦး



တရုတ်ပြည် Jiangxi ပြည်နယ်မှ Hubei ပြည်နယ်သို့ ခရီးသွားတဲ့ကားများကို ရဲများဟာ ထုံးစံအတိုင်း စစ်ဆေးတော့ မမျော်လင့်ပဲ အမေအို တစ်ယောက် ကားနောက်ဖုံးမှာ လိုက်ပါလာတာကို မြင်တွေ့ ရပါတယ်။

သူမရဲ့ သား ဖြစ်သူနဲ့ သားရဲ့ အမျိုးသမီးတို့ဟာ ကား အရှေ့ခန်းမှာ ထိုင်ပါတယ်။ သားငယ်လေး တစ်ဦးပါဝင်ပြီး သူ့သားငယ်လေးတစ်ယောက်တည်းကို ကား နောက်ခန်းမှာ လွတ်လွတ်လပ်လပ် အိပ်ပြီးတော့ လိုက်နိုင်စေဖို့ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းဖြစ်ရပ်ကို ကြည့်ရ မသက်သာတဲ့ ရဲများက စစ်ဆေးတော့ အသက် ၆၀ အရွယ် အဖွားအိုကလည်း သူ့စိတ်သဘောထားအရ ရွေးချယ်ပြီး အနောက်မှာ ထိုင်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ သူ့သား အမှုပတ်မှာ စိုးလို့ ဖြစ်ပါတယ်။ ကား အနောက်ဖုံးမှာ လိုက်ပါ စီးနင်းခြင်းဟာ အသက်အန္တရာယ် များပါတယ်။ ခုံ မပါပဲ ခြေဆံ့ပြီး ထိုင်လိုက်တာကြောင့် အသက်ရွယ် ကြီးသူ တစ်ယောက် အနေနဲ့ ခါးကိုလည်း ထိခိုက်နိုင်ပါတယ်။ အနောက်ဖုံးဟာ ပစ္စည်းထည့်ဖို့ ထားတာ ဖြစ်တာကြောင့် ထိုင်ဖို့ ဘယ်လိုမှ မသင့်တော် ပါဘူး။ 

ဒါကို ရဲတစ်ဦးက ဆိုရှယ်မီဒီယာပေါ် တင်တဲ့အခါ ယင်း ကားမောင်းတဲ့ အမျိုးသားတို့ မိသားစုကို ကဲ့ရဲ့ ပြစ်တင်ရှုံ့ချခဲ့ကြ ပါတယ်။ ပိုပြီး ဆိုးတဲ့ အချက် တစ်ခု ကတော့ ယင်းကားဟာ အသက် ၆၀ အရွယ် မိခင်အနေနဲ့ သူရရှိတဲ့ ပင်စင်လစာထဲကနေ သားအတွက် ဝယ်ပေးထားတဲ့ ကား ဖြစ်ပါတယ်။ သား တစ်ယောက် အနေနဲ့ တစ်နေ့ ဖခင်ဖြစ်လာတဲ့အခါ သူ့ကို ကားနောက်ဖုံးထဲ ထည့်ခံထားရမယ့် အဖြစ်ကို မသိလေသလားဆိုပြီးတော့ comment များ ပေးခဲ့ကြ ပါတယ်။
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/YoYarLay/posts/960447380665181

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...