
ဝိုင်ဖိုင်တွေက ဘယ်လိုအသွင်အပြင်မျိုး ဖြစ်နိုင်မလဲ လို့တွေးကြည့်ဖူးပါသလား။ တကယ်တော့ ဝိုင်ဖိုင်တွေဟာ မမြင်ရတဲ့ ရေဒီယို ကြိမ်နှုန်းနည်းပညာသုံး လှိုင်းတန်းတစ်မျိုးဖြစ်ပါတယ်။ ဒီလှိုင်းတွေဟာ အိမ်တွေ၊ ရုံးတွေ မှာဖြတ်ပြီး စီးဆင်းနေကြတာဖြစ်ပါတယ်။
ဝိုင်ဖိုင် လှိုင်းတွေဟာ လှိုင်းရှည်တွေဖြစ်တဲ့ အတွက် လူ့ကိုယ်ကိုတော့ ဖြတ်သန်း မထိုးဖောက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလှိုင်းတွေဟာ ကလေးငယ်တွေရဲ့ နုနယ်တဲ့ ဦးနှောက် တစ်ရှုးတွေကိုတော့ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ များသောအားဖြင့် ဝိုင်ဖိုင်လှိုင်းတွေက စက်လုံးပုံစံဖြစ်ပြီး ၆၅ ပေကနေ ပေ ၁၀၀ ကျော်အထိ ကျယ်ပါတယ်။
ဝိုင်ဖိုင်လှိုင်းတွေကို မြင်ရမဲ့နည်းလမ်းကတော့ အခုထိတော့မရှိသေးပါဘူး။ ဒါပေမဲ့ Nicolay Lamm ကဝိုင်ဖိုင်လှိုင်းတွေရဲ့ ဖြစ်နိုင်မဲ့ ပုံရိပ်တွေကိုရေးဆွဲခဲ့ပါတယ်။ ပြထားတဲ့ ပုံတွေကတော့ ရူပနက္ခတ္ထဗေဒ ပညာရှင် M. Browning Vogel ရဲ့ အကူအညီနဲ့ Nickolay Lamm ရေးဆွဲထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။
https://www.facebook.com/ayesaycommm/posts/449191381919639



https://www.facebook.com/ayesaycommm/posts/449191381919639
No comments:
Post a Comment