
အဲလိစဘက် ဘုရင်မဟာ ဗြိတိန်နိုင်ငံသမိုင်းတစ်လျှောက် နန်းသက်အရှည်ဆုံး ဆက်ခံခွင့်ရသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အဲလိစဘတ် ဘုရင်မဟာ ၁၉၅၂ ခုနှစ်မှာ ဖခင်ဖြစ်သူ ဂျော့(၆) ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ဗြိတိန်ထီးနန်းကို လွှဲပြောင်းဆက်ခံခဲ့ပြီး ဘုရင်မဖြစ်ချိန်မှာ သူ့အသက် (၂၅)နှစ်ပဲ ရှိပါသေးတယ်။
အဲဒီအချိန်တုန်းက ဗြိတိန်ဝန်ကြီးချုပ်က ၀င်စတန်ချာချီဖြစ်ပြီး အဲလိစဘက် ဘုရင်မ ထီးနန်းဆက်ခံချိန် ကာလအတွင်း ဗြိတိန်ဝန်ကြီးချုပ် ၁၂ဦး အပြောင်းအလဲ ဖြစ်ခဲ့သလို အမေရိကန်သမ္မတ ၁၂ဦးအထိ ပြောင်းလဲခဲ့ပါတယ်။ အဲလိစဘတ်ဘုရင်မဟာ စက်တင်ဘာလ ၉ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀မှာ ဗြိတိန်ထီးနန်းကို ဆက်ခံခွင့်ရချိန် ၂၃၂၂၆ရက်၊ ၁၆နာရီ၊ ၃၀မိနစ် ရှိခဲ့ပြီး ဗစ်တိုးရီးယားဘုရင်မရဲ့စံချိန်ကို ၇မိနစ် အသာနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲလိစဘတ် ဘုရင်မဟာ Tweetbank ရွာကို သွားရောက်ခဲ့ပြီး ပေါင် ၂၉၄သန်း ကုန်ကျခဲ့တဲ့ စကော့တလန်နယ်စပ်ရထားလမ်းသစ်ကို ဖွင့်လှစ်ပေးခဲ့ပြီး အီဒင်ဘာ့ဂ်မြို့စားကြီးကလည်း အဲလိစဘတ် ဘုရင်မကို လာရောက်ဂါရ၀ါပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲလိစဘတ်ဘုရင်မှာဟာ နွေရာသီ အပန်းဖြေခရီးထွက်နေကြ အဘားဒင်းရှိုင်းယားက ဘယ်လ်မိုရယ်ရဲတိုက်မှာ ခင်ပွန်းဖြစ်သူ မင်းသား ဖိလစ်နဲ့အတူ ပြန်အနားယူခဲ့ကြပါတယ်။
အဲလိစဘတ် ဘုရင်မဟာ နန်းသက်အရှည်ဆုံး ဆက်ခံခွင့်ရသူအဖြစ် အောင်ပွဲခံအခမ်းအနားမှာ ဗစ်တိုးရီးယား ဘုရင်မနဲ့ပတ်သက်ပြီး တစ်စွန်းတစ မပြောခဲ့ပေမယ့် ထီးနန်းအဆက်ဆက် ဆက်ခံခဲ့တဲ့ ဗစ်တိုးရီးယားဘုရင်မရဲ့ စိန်ရင်ထိုးကို ၀တ်ဆင်ထားတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ အဲလိစဘတ်ဘုရင်မထက် ထီးနန်းဆက်ခံချိန်ပိုကြာခဲ့သူ ၄၇ယောက်ပဲ ရှိတယ်လို့ သိရပါတယ်။
Nz (ရိုးရာလေး)



https://www.facebook.com/YoYarLay/posts/952725028104083
No comments:
Post a Comment