
Rafael Del Col ဆိုသူဟာ ကွယ်လွန်သွားတဲ့ သူ့ဇနီးဖြစ်သူအတွက် ၃ နှစ်အရွယ် သမီးဖြစ်သူ Raisa နဲ့ဓာတ်ပုံတွဲရိုက်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ သူရိုက်ချင်တဲ့ပုံတွေကတော့ သူ့ဇနီးနဲ့ လက်မထပ်ခင် တစ်ပတ်အလိုက ရိုက်ခဲ့တဲ့ပုံတွေအတိုင်း ရိုက်ချင်ခဲ့တာပါ။
ဇနီးဖြစ်သူ Tatiane ဟာ ၂၀၁၁ နှစ်တုန်းက ကားမတော်တဆ မှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပါတယ်။ ပိုပြီးကံဆိုးခဲ့တာကတော့ သူ့ရဲ့
ဇနီးဟာ ဒီအချိန်မှာ နောက်ထပ်ကိုယ်ဝန်လွယ်ထားခဲ့တာကြောင့်ဖြစ်
ပါတယ်။ ဒီအချိန်မှာ Raisa ဟာ အသက် ၁ နှစ်ပဲရှိပါသေးတယ်။
အခုတော့ Rafael ဟာ သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်လိုက်နိုင်
ပါပြီ။ သူ့ရဲ့သမီးဖြစ်သူ Raisa ကို ဇနီးဖြစ်သူဝင်ဆင်ခဲ့တဲ့ အင်္ကျီ၊ ဖိနပ်၊ လည်ဆွဲ တွေအတိုင်းတစ်ပုံစံတည်း ၀တ်ဆင်စေခဲ့ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်နိုင်ခဲ့ပါတယ်။
https://www.facebook.com/ayesaycommm/posts/451606755011435











https://www.facebook.com/ayesaycommm/posts/451606755011435
No comments:
Post a Comment