စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေ့ခင်းနေ့လည် တစ်ရေးမှေးစက်တဲ့အချိန်ကို တရားထိုင်ခြင်းနဲ့ အစား ထိုးတဲ့ မူလတန်းကျောင်း



တရုတ်နိုင်ငံက မူလတန်းကျောင်းတစ်ကျောင်းဖြစ်တဲ့ Shishan Shuben မှာ နေ့ခင်း တရေးမှေးတဲ့အချိန်အစား တရားထိုင်ခြင်းကို အစားထိုး လိုက်ပါတယ်။ ဒီအစီအစဉ်ကို ပြုလုပ်ဖို့အတွက် မိဘတွေဆီ အကြောင်း ကြားစာပို့ခဲ့ပေမယ့် ဒါဟာမကောင်းဘူးဆိုတဲ့ ဝေဖန်သံများသာ တုန့်ပြန် ခံခဲ့ရပါတယ်။

ကျောင်းအုပ်ကြီး Mr.Wu ကတော့ ဒါကို အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ထည့်သွင်းလိုက်ပြီး ကျောင်းတက်တဲ့အခါ တရားထိုင်ဖို့ ကလေးတိုင်းကို သတင်းစာတစ်စောင်စီ ယူလာစေပါတယ်။ ထိုင်ရမယ့်ပုံစံကို ဗီဒီယိုနဲ့ပြ
သပြီး ထိုင်စေပါတယ်။ ဒါပေမယ့် တရားထိုင်ပြီး သိပ်မကြာခင်မှာပဲ ကလေးအများစုဟာ အိပ်ပျော်ကုန်ကြပါတယ်။

" ကလေးတွေအတွက် အစပိုင်းခက်ခဲပေမယ့် နောက်ပိုင်းအဆင်ပြေလာ
မှာပါ။ ဒီလိုလုပ်ခြင်းဟာ ကိုယ်ခန္ဓာအပြင် စိတ်ကိုပါကြည်လင် လန်းဆန်း
စေတဲ့အတွက် အလွန်ကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်။ ကျွန်တော် ဒီအကျင့်ကို လုပ်လာတာ နှစ် ၂၀ ရှိပါပြီ။ ကလေးတွေကိုလဲ ဒီကောင်း မွန်တဲ့အလေ့အကျင့်ကို ရစေချင်တာကြောင့် လုပ်ခိုင်းတာပါ " လို့ ကျောင်းအုပ်ကြီး Mr.Wu က ဆိုပါတယ်။ ဒီနည်းလမ်းသစ်ကို ကောင်းမွန်တယ်လို့ တချို့ကမှတ်ချက်ပြုပြီး တစ်ချို့ကတော့ဒါဟာ အဆင်မပြေနိုင်ဘူးလို့ ဆိုကြပါတယ်။

 

 https://www.facebook.com/ayesaycommm/posts/451860428319401

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...