စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြေးထိန်းတော့ ဦးနှောက်ကြည်





ဘိုးဘိုး ဘွားဘွားတွေ မနည်းလွန်း မများလွန်းသော အချိန် အတိုင်းအတာ အတွင်း မြေးထိန်းခြင်းသည် စိတ်ကြည်လင် လန်းဆန်းစေသလို၊ ဦးနှောက်ကိုလည်း ထက်မြက်စေသဖြင့် မှတ်ဥာဏ်အား လျော့နည်းသည့် ရောဂါမျိုး ဖြစ်လာနိုင်ခြေ နည်းသွားကြောင်း သြစတြေးလျမှ ဘိုးဘိုး ဘွားဘွား (၁၈၆) ဦးကို စောင့်ကြည့် လေ့လာထားချက် အရ သိရသည်။

ကျန်းမာစွာ အိုမင်းခြင်း အစီအစဉ်ဖြင့် စောင့်ကြည့် လေ့လာခဲ့ခြင်း ဖြစ်သည်။ မြေးများနှင့် တစ်ပတ် တစ်ရက် အချိန်ကုန်လေ့ ရှိသော ဘိုးဘိုး ဘွားဘွားများသည် ဦးနှောက် ထက်မြက်မှုရလဒ် အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရသည်။ မြေးများနဲ့ တစ်ပတ် လေးငါးရက်လောက်ထိ အချိန်ကုန်လေ့ ရှိသော ဘိုးဘိုး ဘွားဘွားများမူကား ရမှတ် အနိမ့်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။

ထိုသို့ဖြစ်ရခြင်းမှာ တန်ဆေး လွန်ဘေး သဘောတရား အတိုင်း တစ်ပတ် တစ်ရက်ခန့် မြေးများနဲ့ ပျော်ပျော် ရွှင်ရွှင်နေပါက စိတ်ကြည်လင် လန်းဆန်းပြီး ဦးနှောက်စွမ်းရည် တက်သော်လည်း တစ်ပတ်လေး ငါးရက် ဆိုလျှင်ကား မြေးများ၏ ဒဏ်ကို ခံရသဖြင့် ဦးနှောက်စွမ်းရည်ပါ ကျသွားရခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

Messenger News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...