စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်နိုင်ငံ ရေပိုင်နက်ထဲမှာ ဖမ်းမိခဲ့တဲ့ ပင်လယ် မြေခွေးငါးကြီး



Wolffish လို့ခေါ်တဲ့ ပင်လယ် မြေခွေးငါးကြီးတွေဟာ သာမန်အားဖြင့် ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ နေထိုင်ကြပါတယ်။ သူတို့ဟာ ပင်လယ် ကြမ်းပြင်မှာ ရှိနေတဲ့ သက်ရှိ သတ္တဝါလေးတွေကို စားသုံးကြပါတယ်။ အခုတော့ ပင်လယ် မြေခွေးငါးကြီးကို ဂျပန် ငါးဖမ်းသမား တစ်ယောက်က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အမြင်ပိုင်းမှာတော့ အလျားဟာ ၁.၂ မီတာနီးပါး ရှိပေမဲ့ သေသေချာချာ တိုင်းတာကြည့်တဲ့ အခါမှာတော့ ၂ မီတာ နီးပါး ရှိပါတယ်။ အဆိုပါ ငါးကြီး ပါးစပ် ဟလိုက်တဲ့ အခါမှာတော့ ကလေးငယ် တစ်ယောက်ကို အသာလေး မြိုနိုင်ပါတယ်။

ပင်လယ် မြေခွေးငါးကြီးဟာ ကမ္ဘာ့ တစ်မျိုးတည်းသော သတ္တဝါ မျိုးစိတ် ဖြစ်တဲ့အပြင် သူ့ရဲ့ သွင်ပြင် လက္ခဏာ၊ အရွယ်အစား တို့ကြောင့်လည်း နာမည်ကြီးပြီး Animal Planet တီဗီ အစီအစဉ်မှ ထုတ်လွှင့် ပြသတဲ့ ကြောက်မတ်ဖွယ်ရာ ရေနေသတ္တဝါ တို့အကြောင်းမှာ ဖော်ပြခြင်း ခံထားရတဲ့ ငါးအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီ မြေခွေးငါးကြီးကိုတော့ ရုရှား ရေပိုင်နက် ကမ်းရိုးတမ်း တစ်လျှောက်ရှိ ဂျပန်ပိုင် ကျွန်းအနီးမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သမုဒ္ဒရာထဲမှာသာ နေထိုင်တဲ့ ဒီငါးကြီးဟာ ဘာကြောင့် ဂျပန်နိုင်ငံ ရေပိုင်နက်ထဲကို ရောက်ရှိနေတာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ ငါးကြီးကို ဖမ်းမိသူ ကာယကံရှင်ကတော့ နျူကလီး စက်ရုံ အရည်ပျော်မှုကြောင့်လို့ ခန့်မှန်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြောင့် နျူကလီးယား စက်ရုံ အရည်ပျော်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ကြောင့် ဂျပန် ရေပိုင်နက်ထဲမှာ ရှိနေတဲ့ ငါးတွေထဲကမှ အချို့ဟာ အခုလို ငါးမျိုးစိတ် အဖြစ် ကူးပြောင်းသွားခဲ့ကြတယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : dailymail
Aung Ko Htet (ရိုးရာလေး)


https://www.facebook.com/YoYarLay/posts/956904067686179 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...