စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှေးမြန်မာ မိန်းကလေးတွေရဲ့ အလှပြင်ဆင်ပုံ


 

 ရှေးခေတ်က မြန်မာ မိန်းကလေးတွေ ရဲ့ အလှပြင်ဆင်ပုံနဲ့ ပတ်သတ်ရင် ၂ မျိုးရှိပါတယ်။ သာမန် မိန်းမငယ်တွေက သနပ်ခါးလိမ်းပြီး ပန်းပန်လိုက်ရင် အလှပြင်ပြီး သွားတာ ဖြစ်ပေမဲ့ နန်းတွင်းသူ တွေကတော့ သနပ်ခါး၊ နံ့သာ၊ ရေမွှေး စသဖြင့် မျိုးစုံသုံးစွဲကြတဲ့ အပြင် တချို့တွေဆို နံ့သာ သွေးတဲ့ အချိန်မှာ ရွှေအစစ် ထည့်ပြီး လိမ်းခြယ်တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

 ရေမွှေးကို ပြောရမယ် ဆိုရင် လည်း အဲ့ဒီ ခေတ်က နိုင်ငံခြားရေမွှေး တွေမပေါ်သေးပါဘူး။ မြန်မာ့ နည်းနဲ့ ထုတ်လုပ်ထား တဲ့ နှင်းရည်ကို ပဲ ရေမွှေးအဖြစ်သုံးကြရတာဖြစ်ပါတယ်။ နှင်းရည် ဆိုတာက တကယ်တော့ နှင်းဆီပွင့်တွေကို ပေါင်းချောင်နဲ့ အုပ်ပြီး ရရှိလာတဲ့ ပန်းအဆီတွေကို ခေါ်တာဖြစ်ပါတယ်။ 

ဆံပင်မှာ လည်း ပန်းပေါင်းဆီ၊ လေးတရာဆီ စတဲ့ ဆီတွေကို လိမ်းလေ့ရှိပါတယ်။ ပန်းပေါင်းဆီဟာ စံပယ်ပန်း၊ ပိတောက်ပန်း စတဲ့ မွှေးတဲ့ ပန်းတွေနဲ့ နှမ်းဆီ နဲ့ ရောပြီးထုတ်ထားတဲ့ အဆီဖြစ်ပါတယ်။ 

https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...