စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်အောင်မြင်မှုတွေကို ရိုက်ချိုးပစ်မယ့် အတွေးငါးခု

အောင်မြင်နေကြတဲ့ စွန့်ထွင်လုပ်ငန်းရှင်တွေဟာ အများနဲ့မတူတဲ့ အတွေးအခေါ်တွေရှိတယ်။ ပိုပြီးစွမ်းဆောင်ရည်မြင့်ကြတယ်လို့ ယေဘုယျအားဖြင့် လက်ခံထားကြပါတယ်။ သို့သော် သူတို့သည်လည်းပဲ သာမာန်လူတွေလို အပျက်သဘောဆောင်တဲ့ အဆိုးမြင်အတွေးတွေ၊ ကိုယ့်ကိုယ်ကိုကန့်သတ်မိတဲ့ အတွေးတွေ တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီ အတွေးတွေအပေါ် သူတို့ရဲ့ တုန့်ပြန်မှုတွေကသာ အများနဲ့မတူ ကွားခြားကြတာဖြစ်ပါတယ်။ သူတို့ ဘယ်လိုမျိုး တုန့်ပြန်လေ့ရှိကြပါသလဲ။

crash

၁) ငါ ဒီနေရာမှာ မကျွမ်းကျင်ပါဘူး။
တခါတရံ မိမိကိုယ်ကို “ငါမကျွမ်းကျင်ပါဘူး၊ မတတ်ပါဘူး” ပြောမိလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ အစကတည်းက ကျွမ်းကျင်လာကြတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ ကျွမ်းကျင်လာအောင် တည်ဆောက် ပြုပြင်ယူရတာပါ။ ဒါကြောင့် စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ်၊ ပညာရပ်ဆိုင်ရာ ဘာသာရပ်တစ်ခုခုမှာဖြစ်ဖြစ် ကိုယ့်ကိုကိုယ် မကျွမ်းကျင်ပါဘူးဆိုတဲ့ မေးခွန်းမျိုး မမေးမိပါစေနဲ့။ အများအားဖြင့် စီးပွားရေးပညာတစ်ခုမှာ အချိန်နှစ်နှစ်လောက် လေ့လာလိုက်ရင် အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်လာကြပါတယ်။ ဒါကြောင့် Life long learning ဆိုတာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေရဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။

၂) ဒါက တခြားသူတွေ လုပ်ထားပြီးသားကြီးပါ။
ကိုယ်က အတွေးအကြံသစ်တစ်ခုရလာတယ်ဆိုပါစို့။ အဲဒါနဲ့ ပါတ်သတ်လို့ ပတ်ဝန်းကျင်မှာ လေ့လာမှုလုပ်ကြည့်တဲ့အခါ အခြားသူတစ်ယောက်ယောက်က အစပြုလုပ်နေနှင့်ပြီး ဖြစ်နေတာကို သင်တွေ့လိုက်ရတယ်ဆိုရင် “ဒါက တခြားသူတွေလုပ်ထားပြီးသားကြီးပါ” ဆိုတဲ့ အတွေးမျိုး တွေးမိသွားမှာပါ။ ဒါပေမဲ့ ယှဉ်ပြိုင်မှု အမြဲပြင်းထန်နေတဲ့ ဈေးကွက်မှာ လူတွေရဲ့ လိုအပ်ချက်တွေဆိုတာ အများကြီးပါ။ ဒါကြောင့် တခြားသူ အစပြုလုပ်ထားတာ တွေ့သွားယုံနဲ့ သင့်ရဲ့မူရင်း အတွေးအကြံသစ်ကို မပစ်ပယ်ပါနဲ့။ ကိုယ်က ပထမဆုံးဖြစ်ရတာကောင်းတယ်လို့ ဆိုရိုးစကားရှိနေပေမဲ့လဲ PayPal တည်ထောင်သူ Peter Thiel ကတော့ နောက်ဆုံးဖြစ်ရတာကောင်းတယ်လို့ ဆိုပါတယ်။ အတွေးအကြံချင်းတူပေမဲ့ ချဉ်းကပ်ပုံခြင်း ကွာခြားနိုင်တာမို့ ငါဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို စိန်ခေါ်မှုတွေ လုပ်သင့်ပါတယ်။

၃) ဒါလုပ်ဖို့ ငါ့မှာ အဆက်အသွယ်မရှိဘူး။
အဆက်အသွယ်ကောင်းတွေရှိဖို့ အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အများစုမှတ်ယူထားတာကတော့ သူတို့ရဲ့ ရှိရင်းစွဲ အပေါင်းအသင်း၊ မိတ်ဆွေ နဲ့ပဲ အလုပ်လုပ်ရမယ်၊ ဒါဟာ အကန့်အသတ်ဖြစ်နေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငါ့မှာ အပေါင်းအသင်း၊ အဆက်အသွယ် ကောင်းကောင်းမရှိလို့ မလုပ်နိုင်ပါဘူးကွာလို့ တွေးပြီး အားလျှော့လိုက်ကြတာပါ။ ဒါကြောင့် ရှိရင်းစွဲ အဆက်အသွယ်တွေကို သုံးပြီးတော့ သင့်အတွက် အမှန်တကယ်လိုအပ်တဲ့ သူတွေဆီရောက်နိုင်ဖို့ လမ်းကြောင်းတွေကို ရှာပါ။ မရှိဘူးဆိုတဲ့အတွေးကို “ငါဘယ်လို ရောက်အောင်သွားမလဲ” ဆိုတဲ့ အတွေးနဲ့ အစားထိုးပါ။

၎) ငွေရှာဖို့ ငွေလိုတယ်။
အောင်မြင်ကြွယ်ဝချမ်းသာတဲ့သူတွေဟာ သူတို့မှာ ငွေကြေးနဲ့ နောက်ခံအရင်းအမြစ်တွေရှိတာကြောင့် အောင်မြင်ကြတယ်လို့ လူအများစုကတွေးမိကြပါတယ်။ ဒါကြောင့် ငွေမရှိလို့ ငါမလုပ်နိုင်တာ ဆိုတဲ့ ဆင်ခြေတွေဟာ လူအများ အောင်မြင်ဖို့ကို ကန့်သတ်လိုက်ကြတော့တာပါပဲ။ ငွေကြေးနဲ့ အရင်းအမြစ် အားနည်းနေတယ်ဆိုရင် သင့်လုပ်ငန်းဟာ ပါးလွှာပြီး တစ်နေရာတည်းကိုသာ စူးစိုက်လုပ်နေရမှာပါ။ အဲဒီအခါကျရင် သင့်ရဲ့ ငွေကြေးသုံးစွဲပုံတွေ၊ business planning တွေမှာ သတိကြီးစွာထားပြီး ရေးဆွဲရလို့ ကျွမ်းကျင်လာမှာပါ။ ငွေရှာဖို့ ငွေမလိုအပ်ပါဘူး။ သင့်ရဲ့ ပထမဆုံးထုတ်ကုန် (အခမဲ့လည်းဖြစ်နိုင်သလို့ ငွေကြေးအနည်းငယ်လည်း ကုန်ကြနိုင်ပါတယ်) အတွက်လိုအပ်တဲ့ အရင်းအမြစ်ရှိယုံနဲ့တင် စတင်လို့ ရပါပြီ။ ငွေရှာဖို့ ငွေလိုတယ်လို့ တွေးပြီး စိတ်ပျက်နေမယ့်အစား ငါ့ရဲ့လုပ်ငန်းသေးသေးလေးကိုပဲ ရှိတာနဲ့ ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ တွေးတောသင့်ပါတယ်။

၅) ငါဟာ အမြဲတမ်း ……..
သင်ရဲ့ အသက်မွေးဝမ်းကျောင်းပညာရှင်ဘ၀ နဲ့ ပုဂ္ဂလိကဘ၀နှစ်ခုကြားမှာ သင်ဟာ ဝေေ၀၀ါးဝါး ဖြစ်နေမှာပါ။ လုပ်ငန်းရှင်ဖြစ်နေတဲ့သင့်အတွက် သင်ကိုယ်တိုင်တွေးခေါ်လိုက်တာတွေက အရမ်းအရေးကြီးနေပါတယ်။ သင့်ရဲ့ ပုဂ္ဂလိကဘ၀မှာ တွေးမိမှာက “ငါ လူတွေနဲ့ စကားပြောရဖို့ အမြဲတမ်း စိုးရိမ်နေတယ်” လို့တွေးမိနေရင် အဲဒီအတွေးဟာ သင့်ရဲ့ လုပ်ငန်းရှင်ဘ၀ကို ထိခိုက်လာပါတော့တယ်။ ဒါကြောင့် ငါဟာ အမြဲတမ်း… ဆိုတဲ့ အတွေးနေရာမှာ အလျင်းသင့်သလို့ ပြောင်းလဲနိုင်စွမ်းရှိရပါမယ်။ အရင်တုန်းကငါ မဟုတ်တော့ဘူး ဆိုတဲ့ အတွေးမျိုး အစားထိုးပြီးတွေးတောဖို့လိုပါတယ်။

http://www.entrepreneurs-mm.com/blog/%E1%80%9E%E1%80%84%E1%80%B9%E1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...