စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆောင်မငှားချင်တဲ့အတွက် ကိုယ်တိုင်အိမ်ဆောက်ကာ နေတဲ့ကျောင်းသား



သူကတော့ အမေရိကန်က ၂၁ နှစ် အရွယ်ကျောင်းသား Christopher
Cerk ပဲ ဖြစ်ပါတယ်။ သူဟာ မီချီကန် တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူနေသူဖြစ်ပြီး တစ်လကို ဒေါ်လာ ၈၀၀ နဲ့ အဆောင်ငှားနေခဲ့သူပါ။ အခုတော့ အဆောင်မှာမနေချင်တော့တဲ့
အတွက် ကိုယ်တိုင်အိမ်ဆောက်ပြီး နေထိုင်နေပါတယ်။


သူဟာ ကျောင်းဆက်တက်ဖို့ အချိန် ၂ နှစ်ကျန်ဦးမှာဖြစ်တဲ့အတွက် အဆောင်စရိတ်သက်သာအောင် ဒီလိုကြံစည်ခဲ့တာလို့ ဆိုပါတယ်။ သူကိုယ်တိုင်ဆောက်လုပ်ခဲ့တဲ့အိမ်ကတော့ ၁၇၀ ft-sq ပဲရှိတဲ့
ရွှေ့ပြောင်းနိုင်တဲ့ အိမ်အသေးစားလေးပါ။

 ဒီအိမ်လေးမှာ ဆိုလာပြား
တွေတပ်ဆင်ထားတာကြောင် လျှပ်စစ်သုံးနိုင်ပြီး အိမ်သာနဲ့ အပူပေး စက်တွေပါဝင်တာကြောင့် အလွန်အဆင်ပြေတယ်လို့ဆိုပါတယ်။ သူ့အတွက် ရေနဲ့ အခြားလိုအပ်ချက်အချို့ကို ကူညီပေးတဲ့ မြေရှင်တစ်
ယောက်ရဲ့ မြေပေါ်မှာ ဒီအိမ်ကို ဆောက်ခဲ့တာဖြစ်ပါတယ်။

 ဒီအိမ် အတွက် ဒေါ်လာ ၁၃၀၀၀ လောက်ကုန်ကျခဲ့ပြီး အဆောင်နေတာ
ထက် ဒေါ်လာ ၆၀၀၀ ခန့်သက်သာ တယ်လို့ ဆိုပါတယ်။
Cerk ဟာ ဒီအိမ်ကို သူ့ရဲ့အားလပ်ရက်မှာပဲ တည်ဆောက်တာကြောင့်
အချိန် ၁ နှစ်ကျော်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သူဟာ ဒီအိမ်လေးမှာ ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။

 
 
 

 https://www.facebook.com/ayesaycommm/posts/449093381929439

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...