စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာပေါ်တွင် ပထမဆုံး ဖြစ်လာမည့် ဦးခေါင်းအစားထိုးခြင်း



အသည်း၊ နှလုံး၊ အဆုတ် စတာတွေကို အစားထိုးတဲ့ အကြောင်းကို တော့ ကြားဖူးချင် ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ဦးခေါင်းအစားထိုးတဲ့ အကြောင်းကို ရော တွေးကြည့်ဖူးကြပါသလား။
အီတလီလူမျိုး အာရုံကြော သိပ္ပံပညာရှင် Sergio Canavero ကဦးစီးပြီး တရုတ်နိုင်ငံမှာ ဦးခေါင်းအစားထိုးခွဲ စိတ်မှုတစ်ခု ကို ၂၀၁၇ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီ သိပ္ပံပညာရှင်ဟာ ကြွက်အကောင်ရေ ၁၀၀၀ လောက်ကို အစားထိုး ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ လူဦးခေါင်းကို အစားထိုး ခွဲစိတ်မှုပြုလုပ်မှာပါ။ ခွဲစိတ်ခံမဲ့သူကတော့ အသက် ၃၀ အရွယ် ရုရှားလူမျိုး Valery Spiridonov ဖြစ်ပြီး ကြွက်သား ကျုံ့တဲ့ ရောဂါ တစ်မျိုး ( Werdnig-Hoffman's ) ကိုခံစားနေရသူဖြစ်ပါတယ်။

 ဒီခွဲစိတ်မှုဟာ ခန့်မှန်း ၃၆ နာရီကြာမြင့်မှာ ဖြစ်ပြီး Valery ရဲ့ ဦးခေါင်းကို အလှူရှင်ရဲ့ ကိုယ်မှာအစားထိုး တပ်ဆင်ပေးမှာဖြစ်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုပေါင်း ၁၅၀ လိုအပ်မှာဖြစ်ပြီး ဖြတ်ထားတဲ့ ဦးခေါင်းကို အသက်ရှင် အလုပ်လုပ်နေအောင်ထားရှိ ရမှာလည်းဖြစ်ပါတယ်။ ခွဲစိတ်မှု ပြုလုပ်နေစဉ်အချိန်ကနေ တစ်လလောက်အထိ Valery ဟာ သတိလစ်မေ့မြောနေမှာ ဖြစ်ပါတယ်။ ဆေးပညာနဲ့ ပတ်သတ်ပြီး အသေးစိတ်ဖတ်ချင်ရင် http://www.sciencealert.com/human-head-transplants-could-be… မှာဖတ်နိုင်ပါတယ်။

တကယ်လို့သာ ဒီခွဲစိတ်မှု အောင်မြင်ခဲ့ ရင် Valery Spiridonov ဟာ သူ့အသံအတိုင်းစကားပြော နိုင်မှာ ဖြစ်ပြီး၊ ၁ နှစ်အတွင်းလမ်းလျှောက်နိုင်လာမှာ ဖြစ်ပါတယ်။ ဒီလူဦးခေါင်းအစားထိုးမှု မှာလည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အတွက် ဓာတု တုံ့ပြန်မှုတွေရှိလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ဒါကြောင့် အလှုရှင်ရဲ့ ကိုယ်နဲ့ Valery ရဲ့ ဦးခေါင်းကို ဆက်လို့မရဘူးဆိုရင်တော့ သေဆုံးရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း Valery အတွက် သွက်သွက်ခါအောင် ရူးသွားတာလိုမျိုး သေတာထက်ပိုဆိုးသွားနိုင်တဲ့ အခြေအနေတွေကြုံတွေ့ရပါလိမ့်မယ်လို့ဆိုပါတယ်။

ဒီခွဲစိတ်မှုကို ဘယ်သူကမှ မလုပ်ဖူးသေးတဲ့ အတွက်ကြောင့် မို့လို့ ဘာဖြစ်လာမယ်ဆို တာကိုတော့ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။
၁၉၇၀ ခုနှစ်က ဒေါက်တာ Robert White ကလည်း အလားတူ ခွဲစိတ်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ မျောက် ရဲ့ ခေါင်းမှာ အစားထိုးခွဲစိတ်တာ ဖြစ်ပြီးတော့ ကျောရိုးမကြီးနဲ့ ကိုယ် ကို သေချာ မတွဲဆက်နိုင်ခဲ့တဲ့ အတွက်ကြောင့် မျောက်ဟာ ၈ ရက်အကြာမှာ သေဆုံးခဲ့ရပါတယ်။

ဒီခွဲစိတ်မှုဟာ ရည်ရွယ်ထားတဲ့ အတိုင်း ဖြစ်မြောက်အောင်မြင်လာခဲ့ရင်တော့ အနာဂတ်မှာ အခြားမသန်စွမ်းတဲ့ သူတွေအတွက်ပါ အကူအညီဖြစ်လာ ပါလိမ့်မယ်။ ဒီခွဲစိတ်မှုနဲ့ပတ်သတ်ပြီး ဗီဒီယိုဖိုင် ကြည့်ချင်တယ်ဆိုရင် https://www.youtube.com/watch?v=FmGm_VVklvo မှာကြည့်နိုင်ပါတယ်။

 ////




 

 https://www.facebook.com/ayesaycommm/posts/453020001536777

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...