စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မှော်ဖျော်ရည် (သို့) ဆားရေနွေး



ဆားရေနွေးတစ်ခွက်ဟာ သင့်ကိုယ်န္ဓာမှာရှိနေတဲ့အဆိပ်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဆားရေနွေးတစ်ခွက်ဟာ လူခန္ဓာကိုယ် အတွက်အကျိုးများစွာဖြစ်စေနိုင်တာကို သိပ္ပံပညာရှင်တွေ ကိုယ် တိုင်စမ်းသပ်သဘောတူပြီးဖြစ်ပါတယ်။ ဒီအရာဟာစစ်မှန်တဲ့ အဆိပ်ဖြေဆေးတစ်မျိုးဖြစ်သလို လူ့ခန္ဓာကိုယ်ကိုအမြဲလန်း ဆန်း
နေစေရန်ကူညီပေးပါတယ်။ အိန္ဒိယမှာတော့ ဒီနည်းကိုသုံးခဲ့ တာ
ကြာပြီဖြစ်ပေမယ့်အနောက်နိုင်ငံတွေကတော့ဆားဟာကိုယ်န္ဓာကိ
လေးလံ စေတယ်လို့ယူဆတာကြောင့်မသုံးကြပါဘူး။ တကယ်တော့ ဒီဆားရေနွေးတစ်ဖန်ခွက်သောက်ခြင်းဟာ ကျန်းမာရေး အကျိုး
ကျေးဇူးများစွာကိုရရှိစေနိုင်ပါတယ်။

ဒီဆားရေနွေးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

- ကိုယ်တွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း

- အရိုးတွေကိုသန်မာစေခြင်း

- ကိုယ်တွင်းဓာတ်ပြောင်းလဲခြင်းများကိုစနစ်ကျစေခြင်း

- ကိုယ်ခံအားကိုကောင်းမွန်စေခြင်း

- သွေးပြန်ကြောတွေကိုကျစ်လစ်စေခြင်း တို့အပြင်အခြား အကျိုးတွေလည်းများစွာရှိနေပါသေးတယ်။

ဒီနည်းဟာလွယ်ကူသက်သာတဲ့နည်းတစ်နည်းပါ။ ကြည်လင်နေတဲ့
ရေနွေးတစ်ဖန်ခွက်ထဲကို ဆားသန့်သန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်လိုက်ရုံပါပဲ။ ဆားရေနွေးသောက်ရုံနဲ့သက်သာစေတဲ့ရောဂါတွေ
ကတော့

- ရေဓာတ်လွန်ကဲခြင်း

- အစာခြေမှုအားနည်းခြင်း

- အိပ်မပျော်ခြင်း

- ကိုယ်တွင်းတွင်အနည်၊ အဆိပ်၊ ဘက်တီးရီးယားဖြစ်ပေါ်နေခြင်

- အရိုးအားနည်းခြင်း

- အရေးပြားပြဿနာများခြင်းတို့ပဲဖြစ်ပါတယ်။

ဆားရေနွေးဟာ အထက်ပါရောဂါတွေကိုသက်သာစေတဲ့ အပြင် အဟာရဓာတ်များစွာပါဝင်တာကြောင့်လူတိုင်းနေ့စဉ် သောက်ပေးသင့်
ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ဆားရေနွေးကို
တစ်နေ့တစ်ခွက်ထက် ပိုမသောက်ဖို့တော့ သတိပြုသင့်ပါတယ်။



https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...