စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကဖို့မလွယ်တဲ့ ထားဝယ်ရိုးရာရေအိုးရွက်အက



ထားဝယ် ရိုးရာရေအိုးရွက် အကကို ရုပ်သံများတွင် မကြာခဏ မြင်ဖူး
ကြမှာပါ။ ထားဝယ်သူ အချောအလှလေးများရဲ့ အကကို ကြည့်ရင်း
ဒီအကဟာ ပုံမှန်အက တစ်ခုလို့ပဲ မြင်မိကြမှာပါ။ တကယ်တော့ ထား
ဝယ် ရေအိုးရွက် အကဟာ လူတိုင်းကတတ်ရန် မလွယ်ပါချေ။

ရေအိုးရွက်အကကို ထားဝယ်ရိုးရာယဉ်ကျေးမှု တစ်ခုအဖြစ် သတ်မှတ်
ထားကြသော်လည်း သရက်ချောင်းမြို့နယ်တွင်သာ ဒေသရိုးရာ ယဉ်
ကျေးမှု တစ်ရပ်အဖြစ် တန်ဖိုးထားထိန်းသိမ်းထားတာ လို့ သိရပါတယ်။

ကိုယ်တိုင်ကပြနေသူများပြောကြားချက်အရ ဒီအကဟာ အမြင်လွယ်
သလောက် သင်ရခက်တယ်လို့ ဆိုပါတယ်။ ရေအပြည့်ထည့်ထားတဲ့
အိုးကို ခေါင်းပေါ်ရွက်ပြီး က ရ တာကြောင့် ဖြစ်ပါတယ်။ ရေအပြည့်
ရှိကြောင်းကို အများသူငှာသိစေဖို့ အိုးထဲကရေပေါ်တွင် ရေခွက်က
လေး တစ်ခွက် တင်ပေးထားရပါတယ်။ ပြီးတော့ ရွက်ထားတဲ့ ခေါင်း
နဲ့ အိုးကြားမှာ ဘာအခုခံမှမရှိတာကို သေခြာကြည့်ရင် တွေ့ရမှာပါ။
ကဖို့ မဆိုထားနဲ့ ပုံမှန်ရေတစ်အိုးကို အခုအခံမပါပဲ ရပ်ဖို့ဆိုရင်တောင်
အတော်ကြိုးစား ရမှာပါ။

ရွက်ထားတဲ့ အလေးချိန်ကလည်း ပေါ့ပေါ့လေး မဟုတ်။ ဒါကိုတောင်
တစ်အိုး နှစ်အိုး မက သုံးအိုး ရွက်က နိုင်သူများလည်း ရှိပါတယ်။
ရေအိုး တစ်အိုးရဲ့ အလေးချိန်ဟာ ၇ ပိဿာ ရှိပြီး နှစ်အိုးရွက် က တဲ့သူအတွက် ၉ ပိဿာ ၊ သုံးအိုးရွက် က တဲ့သူ အတွက် ၁၁ ပိဿာ
အသီးသီးအလေးချိန် ရှိပါတယ်။ (အောက်ဆုံး တစ်အိုးသာ အကြီးဖြစ်
ပြီး အပေါ်အိုးများမှာ သေးသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ် )

၇ ပိဿာ အလေးချိန်ကို အခုအခံမပါပဲ ရွက်ရတာကြောင့် အချိန်အနည်းငယ်မျှနှင့်ပင် ခေါင်းကျိန်းနိုင်ပါတယ်။ ရေအိုးရဲ့ဖင်မှာလည်း ချိုင့်ခွက် မရှိ
သလို ၊ ကဖို့ အတွက် သီးသန့်ရေအိုး ဆိုတာကလည်း မရှိတာကြောင့်
ပုံမှန်ရေအိုးများနှင့်ပင် က ရတာကြောင့် ပြုတ်ကျဖို့ လွယ်ပါတယ်။ အရေး
အကြီးဆုံး အချက်မှာ ကမည့် အမျိုးသမီးဟာ အပျိုဖြစ်ရပါမည် ဆိုတာပါပဲ။
ခက်ခဲလှတာကြောင့် ဒီထားဝယ် ရိုးရာရေးအိုးရွက် အကကို ကျွမ်းကျင်စွာ
ကနိုင်သည့် လှပျိုဖြူ အနည်းငယ်သာ ရှိတယ် လို့ သိရပါတယ်။

ဒီအက ကိုစိတ်ဝင်စားလို့ ကြည့်ချင်ရင်ဖြင့် အောက်က လင့်က သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
Video Link= https://www.youtube.com/watch?t=48&v=r-RAtWTUPOo
Ref:
လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ - မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

https://www.facebook.com/ayesaycommm/posts/456389031199874

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...