စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပီကေ သုံးမိနစ် ၀ါးရင် စိတ်ဖိစီးမှု လျော့စေနိုင်



ပီကေ ၀ါးခြင်းဟာ ဖိအားတွေကို လျော့ပါးစေပြီး ပြင်းပြင်း ၀ါးရင် ယုံကြည်မှု တိုးပွားစေတယ်လို့ ဂျပန်နိုင်ငံ တိုကူရှီးမား တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေက ဖော်ပြထားပါတယ်။ တိုကူရှီမား တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေက အမျိုးသား အမျိုးသမီး ၂၀ ဦးကို အရသာ မပါတဲ့ ပီကေ သုံးမိနစ်ကြာ ၀ါးစေပြီးတဲ့နောက် သူတို့ရဲ့ တံထွေးထဲက ကာတီချိုလမင်း ဟော်မုန်း ပါဝင်မှုကို တိုင်းတာခဲ့ကြပါတယ်။

စိတ်ဖိစီးမှု ခံစားရတဲ့ အခါ တံထွေးထဲမှာ ကာတီချိုလမင်း ဟော်မုန်း ပိုမို ပါဝင်လေ့ရှိလို့ အခုလို စမ်းသပ်ခဲ့တာပါ။ သုံးမိနစ်ကြာ ပီကေ ၀ါးပြီးချိန်မှာ တံထွေးထဲက ကာတီချိုလမင်း ဟော်မုန်း ပါဝင်မှု လျော့ကျသွားတယ်လို့ သိရပါတယ်။

ပီကေ၀ါးရင် ဘာကြောင့် စိတ်ဖိစီးမှု လျော့ကျတယ် ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် သုတေသီတွေကတော့ ပီကေ၀ါးရင် ဦးနှောက် အတွင်း သွေးလည်ပတ်မှု ပိုများစေပြီး ပီကေ ၀ါးနေချိန်မှာ ဦးနှောက်ရဲ့ လုပ်ဆောင်မှု ပြောင်းလဲသွားလို့ စိတ်ဖိစီးမှု လျော့တာပါလို့ သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် ပီကေ ၀ါးနေရင် နှလုံးခုန်နှုန်း ပိုမြန်လို့ ဦးနှောက် အတွင်း အောက်ဆီဂျင်နဲ့ အာဟာရဓာတ် ပိုမို ပို့ဆောင်ပေးနိုင်တယ် ဆိုတဲ့ ထင်မြင် ယူဆချက်လည်း ထွက်ပေါ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

https://www.facebook.com/YoYarLay/photos/a.625738190802770.1073741829.171

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...