စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခေါင်းကိုက်ဝေသနာကို ကုစားပေးမယ့် အိမ်တွင်းဆေးစွမ်းကောင်းများ



ခေါင်းကိုက်ခြင်းက လူတော်တော်များများကို ဒုက္ခပေးနေတဲ့ ဝေဒနာပဲဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် သော်လည်းကောင်း၊ အတွေးလွန်သွားခြင်းကြောင့် သော်လည်းကောင်း မနားမနေ အလုပ်လုပ်ခြင်းတွေကြောင့် လည်းဖြစ်နိုင်ပါတယ်။ အချို့ကျလည်း ဒေါသအရမ်းကြီးပြီး ရုတ်တရက်ခေါင်းတွေ ကိုက်ခဲသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီ ခေါင်းကိုက်ဝေဒနာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းဖို့ အောက်ဖက်မှာ လွယ်ကူတဲ့ နည်းလမ်းလေးတွေကို တင်ပြထားပါတယ်။
၁။ ရေများများ သောက်ပေးခြင်း။

ခေါင်းအရမ်းကိုက်လာပြီဆို ရေများများ သောက်ပေးပါ။ ရေဓါတ်က ခန္ဓာကိုယ်မှာရှိတဲ့ နာကျင်မှုဝေဒနာ တွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေရဲ့ တင်းမာမှုကိုလည်း ပြေလျော့စေတာကြောင့် ခေါင်းကိုက်ခြင်းကို အလျှင်မြန်သက်သာစေမှာ ဖြစ်ပါတယ်။

၂။ ရေနွေးပူလေး နဲ့ ကုသခြင်း။

အရမ်းကြီးမပူတဲ့ ရေနွေးထဲမှာ အဝတ်သန့်သန့်လေးတစ်ခုစိမ်ပြီး လည်ပင်းပေါ်မှာ ခဏတာ အပူကပ်ပေးပါ။ ကြွက်သားတွေတင်းမာခြင်းကို လျှော့ချပေးပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေတာကြောင့် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် ခုန ရေနွေးပူပူလေးထဲမှာ လက်ကလေးနှစ်ဖက်ကို (၁၀-၁၅)မိနစ်လောက် စိမ်ထားလိုက်ပါ။ သွေးလည်ပတ်မှုအားကောင်းလာပြီး ခေါင်းကိုက်ဝေဒနာကို သက်သာစေမှာ ဖြစ်ပါတယ်။

၃။ လက်ဖက်ရည် (သို့) ကော်ဖီသောက်ပေးခြင်း။

လေ့လာတွေ့ရှိချက်တွေအရ ကော်ဖီနဲ့ လက်ဖက်ရည် တို့မှာပါဝင်တဲ့ ကဖိန်းဓါတ်ဟာ နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန်မဟုတ်တဲ့ ခေါင်းကိုက်ဝေဒနာမျိုးဆို လက်ဖက်ရည် (သို့) ကော်ဖီ သောက်သုံးလိုက်ခြင်းက ချက်ချင်းသက်သာ သွားစေနိုင်ပါတယ်။

၎။ ခေါင်းကြောလေးတွေကို ဖွဖွလေး နှိပ်နယ်ပေးခြင်း။

ခေါင်းကိုက်နေစဉ်မှာ တင်းနေတဲ့ ခေါင်းကြောလေးတွေ ခပ်ဖွဖွ ဆွဲပေးခြင်းကလည်း နာကျင်မှုတွေကို သက်သာစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် ရေ (သို့) အုန်းဆီလေးနဲ့ ပွတ်သပ် နှိပ်နယ်ပေးပါ။

၅။ လီမွန်ရည်နဲ့ ရေနွေးအနည်းငယ် ရောသောက်ပေးခြင်း။

ဒါကတော့ အမြန်ဆန်ဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းလေးပါပဲ။ ရေနွေးပူပူလေးထဲကို လီမွန်အရည်လေး အနည်းငယ်ထည့်ပြီး သောက်ကြည့်လိုက်ပါ။ ခေါင်းကိုက်ဝေဒနာကို နှုတ်ယူလိုက်သလို သက်သာသွားမှာ သေချာပါတယ်။

ဂန္တ၀င်မဂ္ဂဇင်းမှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...