စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသားစားသုံးမှုကို ရှောင်နိုင်သမျှ ရှောင်ခြင်းဖြင့် အဆီပြန်ခြင်းနှင့် အသားကြမ်းခြင်းကို နည်းပါးစေနိုင်


                

အသားအရေ လှပချောမွေ့လိုသူများ အနေဖြင့် နေ့စဉ်စားသုံးသည့် အစားအစာများတွင် အသား စားသုံးမှုကို ရှောင်နိုင်သမျှ ရှောင်ခြင်းဖြင့် အသားအရေ အဆီပြန်ခြင်းနှင့် အသားအရေ ကြမ်းတမ်းခြင်းများကို လျော့နည်း ပပျောက်စေကြောင်း အရေပြား အထူးကု ဆရာဝန်များ ထံမှ သိရသည်။

အသားအရေကို ထိန်းသိမ်းမှု အတွက်လည်း တစ်ကိုယ်ရေ သန့်ရှင်း စင်ကြယ်ရေး အတွက် ကိုယ်လက် သန့်စင်မှုကို ပြုလုပ်ရန် လိုအပ်ပြီး မျက်နှာ အသားအရေကို အပူငွေ့ကြောင့် ခြောက် ကပ်ခြင်း မဖြစ်စေရန် အစိုဓာတ် ဖြည့်တင်းပေးခြင်း အနေဖြင့် မျက်နှာသစ်ခြင်း၊ ရေဖတ် တိုက်ခြင်း၊ အရည်ရွှမ်း သစ်သီးဝလံများကို စားသုံးပေးခြင်း၊ ရေအေး မကြာခဏ သောက်သုံး ပေးခြင်းများ ကို ပြုလုပ်ရမည် ဖြစ်ကြောင်း အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြတ်မင်းကျော်က ပြောသည်။

အသားအရေကို ထိခိုက်စေသော အန္တရာယ်ဖြစ်သည့် နေရောင်ခြည်ပြင်းများ အသားအရေ ပေါ်သို့ တိုက်ရိုက် ကျရောက်မှုဒဏ်မှ ကာကွယ်ရန် အင်္ကျီလက်ရှည် ဝတ်ခြင်း၊ သနပ်ခါးနှင့် မိတ်ကပ်များ လိမ်းခြယ်ခြင်းကြောင့်လည်း အသားအရေ ထိခိုက်မှုကို ကာကွယ်စေနိုင်ပြီး အသားအရေကို စိုပြည်လှပ စေနိုင်မည် ဖြစ်သည်။

ထို့အပြင် ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များ ပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် ခန္ဓာကိုယ်ကို မကြာခဏ သန့်စင်ပေးရန်လည်း လိုအပ်ပြီး နေ့စဉ်စားသုံးသည့် အစားအစာများတွင်လည်း အသားဓာတ် လိုအပ်ပါက ဖြည့်စွက်စာများကို စားသုံးခြင်းဖြင့် ဗီတာမင်ကို ဖြည့်ဆည်းနိုင်ပြီး ပဲအမျိုးမျိုးကို စားသုံးခြင်းဖြင့်လည်း ခန္ဓာကိုယ်အတွက် လိုအပ်နေသည့် အသားဓာတ်ကို ဖြည့်တင်း ပေးနိုင်ကြောင်း သိရသည်။

''နေ့စဉ် စားသုံးမှုတွေမှာ အသားစားသုံးမှုကလည်း လိုအပ် သလောက်တော့ အထိုက် အလျောက် လိုတာပေါ့။ ဒါပေမဲ့ အသားစားသုံးမှုကို တတ်နိုင်သမျှ ရှောင်နိုင်သလောက် ရှောင်ခြင်းဖြင့် အသားအရေ အဆီပြန်ခြင်းနဲ့ အသားကြမ်း တာတွေကို လျော့နည်းစေပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများ စားပေးခြင်းဖြင့် အသားအရေကို ပိုမိုလှပစေ ပါတယ်'' ဟု ၄င်းက သုံးသပ် ပြောသည်။

ထက်နေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...