
ဒိန်းမတ်နိုင်ငံ နဲ့ ဆွီဒင်နိုင်ငံတို့အကြားမှာ အလွန်ထူးဆန်းတဲ့ တံတားတစ်စင်းရှိပါတယ်။ ဒီတံတားကတော့ ဒိန်းမတ်မြို့တော် ကိုဗင်ဟေဂမ်( Copenhagen ) နဲ့ ဆွီဒင် မယ်လ်မို(Malmo) မြို့တို့ကိုဆက်သွယ်ထားတဲ့ Øresund တံတားပဲဖြစ်ပါတယ်။
ထူးဆန်းမှုကတော့ တံတားရဲ့တစ်ဝက်ဟာ ပုံမှန်တံတားတွေလို
ရေပြင်ရဲ့အထက်မှာရှိပြီး ကျန်အပိုင်းကတော့ ရေပြင်အောက်က
နေ မြောင်းအဖြစ်ဆက်သွားတာပဲ ဖြစ်ပါတယ်။
ဒီတံတားကို ဒိန်းမတ်ဗိသုကာပညာရှင် George K.S. Rotne က ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၅ နှစ်ခန့်အချိန်ယူပြီး ဆောက်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြောင်းကို မရောက်ခင်အထိ တံတားရဲ့ အရှည်ဟာ ၈ ကီလိုမီတာ ရှိပြီး မြောင်းထဲကနေဆက်ပြီး ၄ ကီလိုမီတာ ရှိပါတယ်။
ဒီတံတားဟာ ကား၊ ရထား တွေရဲ့ လမ်းကြောင်းသာမက အင်တာ နက်ဖိုက်ဘာကြိုးများသွားရာ လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ဖန်တီးထားတဲ့ ဒီတံတားကို စိတ်အပန်းဖြေဖို့
လူအများ မကြာခဏ လာရောက်လေ့ရှိပါတယ်။
https://www.facebook.com/ayesaycommm/posts/451144091724368







https://www.facebook.com/ayesaycommm/posts/451144091724368
No comments:
Post a Comment