စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တပါးသူရဲ့ မျက်လုံး


ကျွန်ုပ်တို့ကို ပျက်စီးစေသည်မှာ တစ်ပါးသူတို့၏ မျက်လုံးများဖြစ်ပေသည်။ကျွန်ုပ် မှတစ်ပါး လူအားလုံး
မျက်စိကန်းနေကြမည်ဆိုလျှင် ကျွန်ုပ်သည် အိမ်လှလှ၊ပရိဘောဂလှလှ တို့ကို အလိုရှိတော့မည်မဟုတ်ချေ။
ဖရန့်ကလင်

ဖရန့်ကလင်ဆိုသူသည်အမေရိကန်စာရေးဆရာကြီးတစ်ယောက် ဖြစ်ပြီးသူ့စကားသည်
(အကန်းမယားသနပ်ခါးမလို)ဟူသော မြန်မာစကားပုံနှင့်ဆင်တူသည်။

ဆိုလိုချက်မှာ..စာရေးဆရာကြီးမစ္စတာဖရန့်ကလင်စကားမှန်ကန်သည်ကို တွေးရင်းတွေး
ရင်သိလာရသည်။.ကျွန်တော်တို့.သည်..တိုက်ကောင်းကောင်းမှာနေချင်မိသည်.ကားသစ်ကြီး
.တွေစီးချင်မိသည်လှတာတွေလိုချင်ဆန်းတာတွေဝယ်ချင်သည့်သဘောဒါသည်အဆန်းမဟုတ်
ပါ.ကျွန်ုပ်တို့သည်ပုထုဇဉ်လူသား ဖြစ်လေသည်ကိုးးး

လိုချင်သည့်အရာကိုရိုးသားစွာကြိုးစားယူလျှင်တော့အကြောင်းမဟုတ်..လိမ်ကြ၊ကောက်ကြ၊
ခိုးကြ၊၀ှက်ကြစာရိတ္တပျက်စီးလာလျင်မကောင်း၊စာရိတ္တပျက်စီးမလာရင်တောင်အသုံးအဆောင်
အသစ်ပေါ်လာလေတိုင်းကိုယ်မသုံးနိုင်လေသောကြောင့်စိတ်မချမ်းသာ ဖြစ်နေလျင်ပင်..ကိုယ်
မှာပျက်စီးသွားပြီဟုဆိုနိင်လေသည်။

ကျွန်တော်တို့စားဝတ်နေရေးအတွက် ငွေကြေးရှာ ဖွေကြရာတွင်သက်သောင့်သက်သာ.
.နေထိုင်စားသောက်ဖို့အရေးထက်လူအထင်ကြီးခံချင်၊လူအထင်သေးမခံရလေအောင်
ရှာဖွေနေရသည်ဟုထင်မိသည်။“စားတာကိုလူမမြင်ဘူး၊၀တ်တာကိုလူမြင်တယ်”ဟူသော
စကားးးအရသူများတကာတို့၏မျက်လုံးကိုအလေးမူကြောက်ရွံကြောင်းသိသာလေသည်၊

ကျွန်တော်တို့ ယောကျာင်္းသားများထက်မိန်းကလေးများသည်(မျက်လုံး၏ဒဏ်ကိုပိုခံရသည်)
အကြောင်းမှာယခုခေတ်ကုန်တိုက်ကြီးတွေ၊ပစ္စည်းမျိုးစုံလေသောပလာဇာကြီးများ၊ဖက်
ရှင်ရှိုးပြပွဲများပေါ်လာသောအခါ..မိန်းကလေးများအဖို့သူတစ်ပါးမျက်စိ၏ဒဏ်ကိုမဟုတ်၊
ကိုယ်မျက်စိ၏ဒဏ်ကိုပါခံကြရလေသည်.ကိုယ်တိုင်ကလှတာတွေဝတ်ချင်၊ကောင်းတာတွေ
စားချင်..လူအထင်ကြီးးစေချင်ဒီကြားထဲ ချောမောလှသောသရုပ်ဆောင်များဝတ်ဆင် ပြ
လိုက်သောအခါ..လှပချင်စိတ်ထိန်းရဖို့မှာခက်ခဲခြင်းအဖြစ်ရောက်ရှိနိုင်သည်၊

သည်တော့ ဆရာကြီး ဖရန့်ကလင် ပြောသလို့ ပျက်စီးခြင်းသို့ တိုင်ရောက်တတ်လေသည်။

Credit : zaylinthawtar
http://www.searchmyanmar.com/link/comment/cid/53971

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...