စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တနင်္ဂနွေနေ့ဟာ မိသားစုတွေ ပျော်ရွှင်ရတဲ့ နေ့လေးပါ



အဖေလည်း အလုပ်သွား၊ အမေလည်း အလုပ်သွား၊ ညီမလေး ကလည်း ကျောင်းသွား ဒီလိုပဲ မိမိအိမ်မှာရှိတဲ့ သူတွေအားလုံး
သက်ဆိုရာ လုပ်ငန်းအသီးသီးကို သွားရပါတယ်။ ဒါကြောင့် ညနေ
မိုးချုပ်မှာ အားလုံးပြန်လာကြတာပေါ့။ စောတဲ့သူကလည်း
စောတယ်၊ နောက်ကျတယ်သူကလည်း နောက်ကျတယ်။

ဒီလိုနဲ့ တစ်ပတ်၏ နောက်ဆုံးနေ့ကို ရောက်လာပါတယ်။
ကျောင်းတွေကတော့ ပိတ်ပေမယ့် တစ်ချို့ ရုံးတွေက တနင်္ဂနွေမှ
ပိတ်တယ်လေ။ ဒါကြောင့် အားလုံး စောင့်မျော်နေတဲ့ တနင်္ဂနွေနေ့ကို
ရောက်လာပါပြီ။ အဲနေ့မှာ အမေကလည်း သူ့လက်ရာကို ပြချင်တဲ့
အနေနဲ့ မိသားစုတွေ စားချင်တာတွေ ချက်ပြုတ်ပြီး ကျွေးပါတယ်။ ထမင်းစားပြီးတဲ့ အခါမှာ အဒေါ်ဖြစ်သူရဲ့ အချိုပွဲတွေ စားရင်နဲ့ အဖေဖြစ်သူ၏ ရှေးဟောင်းနောက်ဖြစ် အကြောင်းတွေ ပြောရင်း၊ နားထောင်းရင်း ပျော်ရွှင်စရာ ဖြတ်ကျော်ကြပါတယ်။

အခြားရက်တွေမှာ ဘယ်လောက်ပျော်ရွှင်စရာ ကောင်းကောင်း တနင်္ဂနွေနေ့ကိုတော့ မှီမယ်မထင်ဘူး။ မိသားစုဝင်တွေ စုံတယ်။
ထမင်းတွေ အတူတူစားတယ်။ စကားတွေ ပြောတယ်။ ရယ်လိုက်ကြ မောလိုက်တယ်။ ဈေးဝယ်ထွက်ကြနဲ့။ ဘယ်လိုကုန်လို့
ကုန်သွားမှန်းတောင် မသိလိုက်ရပါဘူး။ ဒါကြောင့် တနင်္ဂနွေနေ့ ရောက်လို့ ဘယ်လောက် အရေးကြီး အလုပ်တွေ ရှိရှိ မိသားစု အတွက်တော့
အချိန်ပေးဖို့ မမေ့ပါနဲ့။

Photo -cliparts.co
ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...