စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သား အတွက် မိုး အစိုခံပြီး မိုးပေးတဲ့ ဖခင်ကောင်း



ကနေဒါ နိုင်ငံ ဗန်ကူးဗားမြို့ရဲ့ လမ်းမပေါ် တစ်နေရာမှာ ဖြစ်ပါတယ်။ သားအဖ နှစ်ယောက် အတူ လမ်းလျှောက်နေပြီး မိုးတွေ ရွာတော့ ဖခင်ဖြစ်သူက သား အတွက် ထီးကို ယခုလို ဆောင်းပေးခဲ့ ပါတယ်။

သူ ထီးဆောင်းပေးတဲ့ ပုံစံက သူကိုယ်တိုင် အစိုခံပြီးတော့ ဆောင်းပေးခြင်း ဖြစ်ပါတယ်။ အလုပ်သွား ရှပ်နဲ့ Style Pant ဝတ်ထားတဲ့ ဖခင်မှာ အိတ် တစ်လုံး ပါလာ ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အပါအဝင် အိတ်ကိုပါ မိုးရေထဲမှာ ကိုင်ပြီး မူကြို အရွယ် သားငယ်လေးကို မိုးလုံးဝ မဆိုအောင် ဆောင်းပေးထားပါတယ်။

ဖြတ်သွားဖြတ်လာ သူများက သတိမထားမိပေမယ့် အနောက်ကနေ လျှောက်တဲ့ လူတစ်ယောက်ကနေ ဖခင် မေတ္တာ ထင်ဟက်တဲ့ အနေအထား တစ်ခုကို ဓာတ်ပုံ အမိအရ ရိုက်ယူပြီး Reddit အမည်ရ Social Media ပေါ်မှာ တင်လိုက် ပါတယ်။ နောက်တော့ Twitter နဲ့ ဆိုရှယ် မီဒိယာတွေ အထိပေါ်ပါ ပြန့်နှံ့သွားပြီး ပုံပါ အမျိုးသားရဲ့ သူ့သားလေး အပေါ် ချစ်တတ်တဲ့ စိတ်မြတ်နိုး တဲ့ စိတ်ကို ထင်ဟက်သွားစေ ခဲ့ပါတယ်။

ပုံပါ အမျိုးသားဟာ ကနေဒါမှ နေထိုင်တဲ့ အာရှ အမျိုးသား တစ်ယောက် ဆိုတာကလွဲလို့ ကျန်တဲ့ အချက်အလက်များကို ဘယ်သူမှ မသိပါဘူး။ ယင်းဓာတ်ပုံဟာ ကြည့်ရှုသူပေါင်း ၁ သန်းကျော်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...