စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၁၄ နှစ်ကြာ လုပ်ကိုင်နေကြတဲ့ အိမ်တိုင်ရာရောက် နွားနို့ ပို့တဲ့ လုပ်ငန်းလေး





မိသားစု လုပ်ငန်းဆိုတာ ခေတ်ကာလ ကြာမြင့်လာတာနဲ့အမျှ တိုးတက် ပြောင်းလဲလာမှုတွေ ကြီးကျယ် ခမ်းနားမှုတွေ ရှိသလို၊ အချို့တွေကလည်း ရှေး အစဉ်အဆက် လုပ်ကိုင်လာခဲ့တဲ့ မိသားစု လုပ်ငန်းတွေကို ဆက်လက် မထိန်းသိန်းနိုင်ခြင်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ Bond Bros ဆိုတဲ့ အိမ်တိုင်ရာရောက် နွားနို့ ပို့ဆောင်ရေး မိသားစု လုပ်ငန်းလေးဟာ ရာစုနှစ် တစ်ခု မက တည်တံ့နေတာတော့ အံ့သြစရာ ကောင်းလှပါတယ်။

သူတို့ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ခံစားကြရတဲ့ ဒုက္ခတွေကြားမှ အိမ်တိုင်ရာရောက် နွားနို့ ပို့ဆောင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြတာ ယနေ့တိုင်ပါပဲ။ ယနေ့ခေတ် Bond မိသားစုရဲ့ အဘိုးအဘွားတွေက ဒီလုပ်ငန်းလေးကို တစ်ပိုင်တစ်နိုင် လုပ်ငန်း အနေနဲ့ လုပ်ကိုင်လာခဲ့ကြတာဖြစ်ပြီး စတင် လုပ်ကိုင်တုန်းက ကိုယ်ပိုင် နွားနို့ညှစ်ပြီး မြင်းလှည်းလေးနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင် ရောင်းချခဲ့ကြတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်လာကာ စက်ဘီး ၊ ယာဉ်ငယ် စတဲ့ အရာတွေနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင် ရောင်းချခဲ့ပါတယ်။ သူတို့ရဲ့ အိမ်တိုင်ရာရောက် နွားနို့ ပို့ဆောင် ရောင်းချခြင်း လုပ်ငန်းလေးက မိမိတို့ နေထိုင်ရာ မြို့တင်မကတော့ပဲ အိမ်နီးခြင်း မြို့တွေ အထိပါ ရောင်းလာနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လုပ်ကိုင်လာခဲ့ကြတာ ယနေ့ထိပါပဲ။

ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ မြို့ပြတွေမှာ ဖြစ်ထွန်းလာသည့် များပြားလှတဲ့ Supermarket တွေကြောင့် Bond Bros ဆိုတဲ့ မိသားစု လုပ်ငန်းလေးဟာ လုပ်ငန်းရှင်တို့ရဲ့ ဈေးကွက် ပြိုင်ဆိုင်မှုကြားမှာ ရပ်တည်နေရပါတယ်။ အရင်က လူတိုင်းရဲ့ အိမ်ရှေ့မှာ နွားနို့ ပုလင်းလေးတွေ ထားပြီး အိမ်တိုင်ရာရောက် ရောင်းချရတဲ့ ပျော်ရွှင်စရာ အချိန်လေးတွေဟာ စီးပွားရေး လုပ်ငန်းရှင်တို့ရဲ့ Supermarket တွေကြောင့် ဖောက်သည်တွေကို နှုတ်ဆက်ရမဲ့ကိန်း ဆိုက်နေပါပြီ။

Ref : Daily Mail
အောင်ကိုထက် (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...