(ယမန်နေ့မှ အဆက်)
အများစု တူညီတဲ့ တစ်ချက် ကတော့ ကိုယ့်ခရီးစဉ် အပိုင်းအ ခြားတွေကို
ကျွမ်းကျွမ်းကျင်ကျင် စီမံကိုင်တွယ်နိုင်သူတွေရဲ့ အကူ အညီနဲ့
စုစည်းလာကြတာပါပဲ။
Red Savannah ရဲ့ ဂရန်း ဗီးလ်ဟာ အောက်စဖို့ဒ်က ဘွဲ့ရပြီးတဲ့
နောက်ပိုင်း ဈေးနှုန်းကြီးမြင့်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေမှာ
ကျင်လည်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် Abercrom-bie & Kent ခရီးသွား
အေဂျင်စီမှာ အလုပ်လုပ်ရင်းနဲ့ပါ။ သူဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အ
လေးအနက်ရှိသူ တစ်ယောက်ပါ။ ဒါကလည်း ဗြိတိသျှအင်ပါယာခေတ် မြန်မာနိုင်ငံရဲ့
အတိတ်ကို စူးစမ်းချင်တဲ့ သူ့ရဲ့ စိတ်ဝင်စားမှု ကြောင့်ပါ။ ဒါပေမဲ့ တကယ်တမ်း
အဓိကကျတာကတော့ ရက်ရက် စက်စက် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အစိုး ရ အဆက်ဆက်ရဲ့
ချောက်ချား စရာအတိတ်ကို ချန်ထားပြီး ပြုံး ပြုံးရွှင်ရွှင်
ရှေ့ဆက်နိုင်စွမ်းရှိတဲ့ မြန်မာနိုင်ငံသားတွေကြောင့် ဖြစ် ပါတယ်။
‘‘ဟန်ဆောင်မှုမရှိဘဲ ပက တိ အရိုးသားဆုံး လူတွေနဲ့ မင်း လည်း တွေ့ချင်မှာပဲ’’ လို့ သူက ကျွန်မကို ပြောပါတယ်။
သူ့ရဲ့ နားလည် သဘော ပေါက်နိုင်စွမ်း မြင့်မားမှုဟာ ဒီ နိုင်ငံရဲ့
အကောင်းတကာ့ အ ကောင်းဆုံးဆိုတဲ့ ဧည့်လမ်းညွှန် တွေနဲ့ အဆက်အသွယ်ရှိနေတာ
ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကျွန်မနဲ့ တွေ့ဆုံစကားပြောခဲ့ သမျှ
ဧည့်လမ်းညွှန်တိုင်းဟာ ဒီ နယ်ပယ်မှာ အနည်းဆုံး ဆယ်စု နှစ် တစ်ခုစာလောက်
အတွေ့အ ကြုံ ရှိပြီးပါပြီ။ ပြီးတော့ သူတို့ အလုပ်လုပ်တဲ့ ဒေသမှာ မွေးဖွား
သူတွေ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် နှစ်ရှည်လများ အခြေချ နေထိုင် ထားသူတွေချည်း
ဖြစ်ပါတယ်။
သူတို့ရဲ့ ဗဟုသုတ၊ သူတို့ရဲ့ ပါးရည်နပ်ရည် ရှိမှုတွေဟာ ကျွန်မရဲ့
ခရီးစဉ်ကို ပိုပြီးတော့ အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် မန္တလေးက
ရန်နိုင် ထွန်းပါ။ ပြီးတော့ ကျွန်မရဲ့ ဧည့် လမ်းညွှန်တွေ မိတ်ဆက်ပေးတဲ့
ဒေသခံ ရွာသားတွေ၊ သူတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေက လည်း မှတ်မှတ်ထင်ထင်
ရှိစေ ပါတယ်။
ကျွန်မတို့ရဲ့ ခရီးစဉ်ဟာ အ ပိုင်းအခြား လေးခုနဲ့ သတ်မှတ် ထားပါတယ်။
အစပြုတာကတော့ ရန်ကုန်မှာပါ။ ဒီမြို့ရဲ့ ကိုလိုနီ ခေတ် အဆောက်အအုံတွေနဲ့
ခေတ်သစ် ဗိသုကာ လက်ရာတွေ ရောယှက်နေတာတွေ ပြီးတော့ ပျားပန်းခပ် စည်ကားနေတဲ့
ဈေးနေရာတွေ (အဲဒီမှာ ကြက်အရှင် တွေ ရောင်းနေတာ တွေ့ခဲ့တယ်)၊
ကိုယ်တော်အလျား ၂၁၆ ပေရှိ တဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွား တော်ကြီး၊
ရွှေတန်ချိန် ၄၀ လောက်ကို သင်္ကန်းကပ်လှူပူ ဇော်ထားတဲ့ ရွှေတိဂုံစေတီတော်
တို့ကို ခရီးစဉ် ရေးဆွဲထားပါ တယ်။
မြန်မာနိုင်ငံမှာတော့ ရန် ကုန်ဟာ တကယ့် အနောက် တိုင်းဆန်ဆန်
ဇိမ်ခံဟိုတယ်ရှိ တဲ့ တစ်ခုတည်းသောမြို့လည်း ဖြစ်ပါလိမ့်မယ်။ Belmond
Governor’s Resident ဟာ နှစ်လိုစရာ နေရာတစ်ခုပါ။ သစ်ရိပ် ဝါးရိပ်
စိမ်းစိမ်းနဲ့ သံတမန်ရပ် ကွက် တစ်ခုမှာ တည်ရှိပါတယ်။ အဲဒီကနေ တစ်ဆင့်
ပုဂံကို ခရီး ဆက်ရပါတယ်။ အဲဒီမှာက ယူ နက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ်
သတ်မှတ်ထားရာ မိုင် ၂၀ လောက် အရှည်ရှိတဲ့ ဧရိယာထဲမှာ ၁၁ ရာစုကနေ ၁၃
ရာစုအတွင်း တည်ထားတဲ့ စေတီပုထိုး ၂,၃၀၀ ကျော် ရှိပါ တယ်။
ကျွန်မ သဘောအကျဆုံး မြို့ကတော့ မန္တလေးပါပဲ။ ထီးငွေ့ နန်းငွေ့
အကြွင်းအကျန်တွေ ယှက်သန်းနေဆဲ နေရာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်းရာနဲ့ချီ
သက်တမ်းရှိတဲ့ ဘုန်းတော်ကြီး ကျောင်းတွေ၊ ရွှေဆိုင်းလုပ်ငန်း ကနေ စကျင်ဗုဒ္ဓ
ရုပ်ပွားတော်တွေ ထုလုပ်တဲ့၊ အမျိုးအစား စုံလင်လှ တဲ့ လက်မှုလုပ်ငန်းတွေ၊
ဘုရား ဖူးတွေ မပြတ်စည်ကားနေတဲ့ စေတီပုထိုးတွေ တည်ရှိရာ နေရာတစ်ခုပါ။
အထူးသဖြင့် မဟာမြတ်မုနိ ဘုရားကြီးပေါ့။ အဲ ဒီမှာတော့ ဘာသာတရား ကြည်
ညိုကိုင်းရှိုင်းလှတဲ့ ဘုရားဖူးတွေ ဟာ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ရွှေ
ဆိုင်းတွေ ကပ်လှူပူဇော်နေကြ ပါတယ်။ အဲဒါဟာ နှစ်ပေါင်းများ စွာ
ကြာမြင့်ခဲ့တဲ့ ထုံးတမ်းစဉ် လာတစ်ခုအဖြစ် ရှိခဲ့ပြီး ရုပ် ပွားတော်ကြီးဟာ
ရွှေသားခြုံ စောင်ကြီးနဲ့ လွှမ်းအုပ်ထားသလို ဖြစ်နေပါတယ်။
ပိုကျေနပ်စရာ ကိစ္စတစ်ခု ဟာ Red Savannah ဟာ ကျွန်မ ကို
မူလသတ်မှတ်ထားတဲ့ ခရီးစဉ် ကနေ ခွဲထွက်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းက
သီပေါမြို့လေးကို သွားလည်နိုင်အောင် စီစဉ်ပေးခဲ့ တာပဲ ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဟာ မြန်မာနိုင်ငံရဲ့
ရောင်စုံပန်းချီကား ကို လှလှပပ ပုံဖော်ရာမှာ အရေး ပါတဲ့ စုတ်ချက်တစ်ခု
ဖြစ်ပါလိမ့် မယ်။ သီပေါခရီးစဉ်မှာ တစ်ရက် လောက် ကားတစ်တန်၊ ရထား တစ်တန်နဲ့
သွားရပါတယ်။
အဲဒီမှာ ၁၉ ရာစုက ဖောက် လုပ်ထားတဲ့ ခနော်နီခနော်နဲ့ ရထားလမ်းအတိုင်း
ဂုတ်ထိပ် တံတားကို ဖြတ်သန်းသွားရပါ တယ်။ ကမ္ဘာပေါ်မှာတော့ အရှည် ဆုံး
တောင်ကြားဖြတ် မီးရထား လမ်း တစ်ခုဖြစ်ပြီး ရထားခုတ် မောင်းချိန်မှာ
စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ယိမ်းခါ နေပါတယ်။
တကယ်ဆိုရင် ခရီးစဉ်ဟာ ဒီနေရာမှာ အဆုံးသတ်သင့်ပေ မယ့် ကျွန်မကတော့
သီပေါထိ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သီပေါဟာ ပုံမှန်အားဖြင့်တော့
သိပ်ပြီး ငွေကုန်ကြေးကျမများဘဲ လည်ပတ်စရာနေရာတွေ လိုက် ရှာနေတဲ့၊
ကျောပိုးအိတ်တစ်လုံးနဲ့ လျှောက်လည်တတ်သူတွေ စိတ် ဝင်စားတဲ့
မြို့တစ်မြို့ပါ။
ကျွန်မ ဖြတ်သန်းခဲ့တဲ့ တခြား နေရာတွေနဲ့တော့ နည်းနည်းကွဲ ပြားတဲ့
လူနေမှု ပုံစံမျိုး ရှိနေပါ တယ်။ သီပေါမှာ နောက်ဆုံးသော
ရှမ်းစော်ဘွားမျိုးဆက်တွေ စိုးစံ ခဲ့တဲ့ ဟော်နန်း ရှိပါတယ်။ ရှမ်း
စော်ဘွားတွေ အုပ်ချုပ်မှုစနစ် ဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်း ယူမှုမှာ
အဆုံးသတ်သွားခဲ့တယ်။
အဲဒီ ကြေကွဲစရာ ဇာတ် ကြောင်းကို ရှမ်းစော်ဘွားရဲ့ ဥရောပနွယ်ဖွား
ဇနီးသည်က Twilight Over Burma ဆိုတဲ့ နာမည်နဲ့ စာအုပ်တစ်အုပ် ရေး သားပြီး
အသေးစိတ် ရှင်းရှင်း လင်းလင်း ဖော်ပြထားပါတယ်။ Red Savannah က
အဲဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့် ဖို့ ကျွန်မကို စိတ်ထက်ထက်သန် သန်၊
စေတနာ ကောင်းကောင်းနဲ့ တိုက်တွန်းခဲ့ပါတယ်။ စော်ဘွားရဲ့ အနွယ်တော်
နှစ်ယောက်ဟာ အခုအချိန်ထိ ဟော်နန်းမှာ ဆက် ရှိနေပြီး နေ့စဉ်လာရောက်လည်
ပတ်တဲ့ ဧည့်သည်တွေကို သူတို့ရဲ့ ဩဇာထက်သန်ခဲ့တဲ့ သမိုင်း ကြောင်းကို
မျှဝေပြောပြနေကြ တုန်းပါပဲ။
သတ်မှတ် ခရီးစဉ်ကနေ လမ်းလွှဲပြီး သီပေါကို သွားခဲ့တဲ့ နောက်
အဲဒီကနေတစ်ဆင့် မန္တ လေးကို ပြန်လာရာမှာတော့ လှပသာယာတဲ့ တောင်ပေါ်မြို့လေး
တစ်ခုဖြစ်တဲ့ မေမြို့ကို ဦးတည်ခဲ့တာပါ။
ကိုလိုနီခေတ်တုန်းက ထိပ် တန်း ရေပေါ်ဆီ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေဟာ
နွေရာသီမှာ ရန် ကုန်မြို့ရဲ့ အပူဒဏ်ကနေရှောင် တိမ်းဖို့အတွက် ဒီမြို့လေးကို
တည်ထားခဲ့တာဖြစ်ပါတယ်။ အခု တော့ ဒေသတွင်း ခရီးသွားတွေပါ
သွားရောက်လည်ပတ်တဲ့ နေရာ လေး ဖြစ်လာပါပြီ။ မေမြို့မှာ ရုက္ခဗေဒ
ဥယျာဉ်တစ်ခုကိုလည်း တိုးချဲ့ ဆောက်လုပ်ထားပါတယ်။ လေတိုက်တာကတော့ စိမ့်နေ
အောင် အေးတာ အမှန်ပါပဲ။
Red Savannah က ခရီးစဉ် ရဲ့ နောက်ဆုံး စုရပ်မှာ တခြား တောင်ပေါ်မြို့လေး
တစ်မြို့ကို ကျွန်မလည်ပတ်ခွင့်ရဖို့ ကူညီခဲ့ ပြန်ပါတယ်။ ကလောဟာ သွား
လည်ဖို့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး မြို့လေးတစ်မြို့ တော့
ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ The Art of Hearing Heartbeats ဆိုတဲ့
အချစ်ဝတ္ထု ဇာတ်လမ်းလေးကို ဖတ်ဖူးတဲ့ စာပေဝါသနာအိုး ကမ္ဘာလှည့် ခရီး
သွားတွေကတော့ နှစ်သက်ကြပါ တယ်။ အဲဒီစာအုပ်လေးကို ကလောမှာ ရေးခဲ့တာဖြစ်ပြီး
စာအုပ်ပါ ဖြစ်ရပ်တွေကလည်း ကလောမြို့လေးကို အခြေတည် ခဲ့ပါတယ်။
အဲဒီမှာ ကျွန်မသဘောကျ တာကတော့ ကျူဒိုစတိုင် ဆောက် လုပ်ထားပြီး
ချစ်စရာကောင်းတဲ့ Amara Mountain Resort အ ပန်းဖြေ စခန်းလေးပါပဲ။ တစ်ချိန်
လုံးဖွင့်ထားတဲ့ အဲကွန်းတွေ မေ့ ထားပြီး အဲဒီ အပန်းဖြေစခန်း လေးမှာ
ပြတင်းပေါက်တွေကိုဖွင့် ရင်း အေးအေးချမ်းချမ်းအိပ်စက် လို့ ရတယ်။ ၁၀
ရက်လောက် ချွေးတလုံးလုံးလျှောက်သွားထား ပြီးချိန်မှာ လေပြည်အေးလေးက
တကယ့်ကို ထူးကဲတဲ့ စည်းစိမ်မျိုး ဖြစ်လာပါတော့တယ်။
ခရီးစဉ်ဟာ ရှမ်းပြည်နယ် က အင်းလေးကန်မှာ အဆုံးသတ် ပါတယ်။ ယူနက်စကိုရဲ့
ဇီဝမျိုး စိတ် ထိန်းသိမ်းမှုဇုန် တစ်ခုအ ဖြစ် သတ်မှတ်ထားတဲ့ အဲဒီနေရာ ဟာ
သဘာဝအလှအပနဲ့ စိတ်ဝင် စားစရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေ
ပေါင်းစုံနေတဲ့ရပ်ဝန်းတစ်ခု ပါပဲ။ ရွာတွေကြားမှာ ဈေးတစ်ခု က
ရွေ့လျားသွားလာနေတယ်။ ဈေးဆိုတာက ပဲ့ပိုင်းရှည်ရှည်နဲ့ လှေကြီးတွေ
စုထားတာပါပဲ။ အဲ ဒီမှာ တိုင်းရင်းသားမျိုးနွယ် လေးခု လောက်ရဲ့ ဈေးသည်တွေ၊
ဈေး ဝယ်တွေ စုံညီနေကြတယ်။ အား လုံးလိုလို ရိုးရာဝတ်စုံတွေ ဝတ် လာတတ်ကြတယ်။
ရွာတစ်ရွာစီမှာ အထူးပြု ထုတ်လုပ်တဲ့ ထုတ်ကုန် တစ်မျိုး စီ ရှိကြပါတယ်။
လှေတွေ၊ လှပ တဲ့ ရက်ကန်းထည်တွေ၊ ဒါမှမ ဟုတ် ငွေထည်တွေပေါ့။ ရက်ကန်း
ထည်တွေကိုတော့ ပိုးချည်နဲ့ ကြာ ချည်တွေကနေ ရက်လုပ်တာ ဖြစ်ပါတယ်။
လှေစီးခရီးမှာ သူတို့တွေ ကြားက ဖြတ်သန်းလာပြီးတဲ့ နောက် အင်းလေးကန်ရဲ့
အထင် ကြီးလောက်စရာ လုပ်ငန်းတစ်ခု ဖြစ်တဲ့ ခရမ်းချဉ်သီးစိုက်ခင်းတွေ ကို
မြင်ရပါလိမ့်မယ်။
နုန်းအနှစ်တွေ စုရာကနေ ရေပေါ်သောင်ကျွန်းလေးတွေ ဖြစ် လာတဲ့ နေရာမှာ
ခရမ်းချဉ်သီးတွေ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အဲဒီ ခရမ်းချဉ်သီးတွေက အရသာတ
ကယ်ရှိပါတယ်။ အထူးသဖြင့် ဒေသခံ အစားအစာ တစ်မျိုးဖြစ် တဲ့
ခရမ်းချဉ်သီးသုပ်အနေနဲ့ တည် ခင်းရာမှာပေါ့။ အဲဒီမှာ မြေပဲ လည်း ပါတယ်လေ။
ပိုပြီး အထင်ကြီးစရာ ဖြစ်ခဲ့ တာကတော့ တံငါသည်တွေပါပဲ။ သူတို့
လုပ်ပုံကိုင်ပုံကို ကြည့်ရတာ သိပ်အချိုးမကျတဲ့ ဘဲလေး ကချေ သည်တွေနဲ့
တူပါတယ်။ လှေဝမ်း ထဲမှာ ခြေတစ်ဖက်တည်းထောက် ရပ်ပြီး ဟန်ချက်ကို ထိန်းထား
ကြတယ်။ ငါးဖမ်းပိုက်ကို သူတို့ လက်တွေနဲ့ ကျင်ကျင်လည်လည် ကိုင်တွယ်
ရွှေ့ပြောင်းနေပြီး ကျန် တဲ့ ခြေထောက် တစ်ဖက်က တော့ လှော်တက်ကိုညှပ်ပြီး
လှေကို ပဲ့ထိန်းလှော်ခတ်နေကြတယ်။ သူ တို့ လုပ်ကိုင်နေပုံတွေက ကျွန်မတို့
ကို ညှို့ငင်ဆွဲဆောင်နေပါတယ်။
ကျွန်မ ကြုံတွေ့ခဲ့တဲ့ အရာ တွေက ဒီနိုင်ငံရဲ့ အရည်အသွေး ကြွယ်ဝမှု
တစ်ခုကိုလည်း အတွေး ထဲ ဝင်လာမိစေပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အခြေအနေ အ
ကြောင်းအရာ အမျိုးမျိုးကို ကြုံ တွေ့ ဖြတ်သန်းခဲ့ရတဲ့တိုင် ဒီနိုင်ငံ က
လူတွေဟာ ကိစ္စတိုင်းကို အ ဆင်ပြေအောင်၊ အလုပ်ဖြစ် အောင်
နည်းလမ်းရှာဖွေနိုင်ခဲ့ကြ တယ်။ ဒီအချက်ဟာ တကယ့်ကို အလေးအနက် အသိအမှတ် ပြုရ
မယ့် အနေအထား တစ်ခုပါပဲ။
ပြီးတော့ မြန်မာနိုင်ငံကို သွားလည်သင့်တဲ့ တခြား အ ကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင် ပါတယ်။
(Forbes မဂ္ဂဇင်းမှ အန်းအေ ဘယ်လ်၏ ကိုယ်တွေ့ခရီးသွား ဆောင်းပါး Why
Myanmar Belongs On Your Travel Wish List Now ကို ဇွဲရဲဝင့် ဘာသာပြန်
ဆိုသည်။)
http://7daydaily.com/story/42104