စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူ့ခန္ဓာကိုယ်ရဲ့ အံ့ဖွယ်အချက်တွေ


ကိုယ်တွင်းအင်္ဂါနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ အသက် ရှင်နေသမျှကာလပတ်လုံး သူ့အ လုပ်သူလုပ်နေတာမို့ အမှုမဲ့အ မှတ်မဲ့နေမိလေ့ရှိကြပါတယ်။ သူ တို့တွေမှာရှိနေတဲ့ အံ့သြစရာအ ချက်တွေကို အချိန်ခဏလောက် ပေးပြီး သတိထားကြည့်လို့ရ အောင် ဖော်ပြပေးလိုက်ပါတယ်။

လူ့နှလုံးဟာ ပုံမှန်နှုန်းအ တိုင်းခုန်နေရာကနေ သီချင်းနား ထောင်လိုက်ရင် သီချင်းရဲ့ စည်း ချက်အတိုင်း လိုက်ပြီး ခုန်တတ် ပါတယ်။ လူ့နှလုံးဟာ ဘယ်ဘက်ခြမ်းမှာရှိတယ်လို့ ထင်ကြပေမယ့် တကယ်တမ်းက အလယ်မှာ ရှိ တာပါ။ နှလုံးဟာ ထရပ်ကားတစ် စီး မိုင် ၂၀ လောက်မောင်းနှင်နိုင် တဲ့ စွမ်းအင်မျိုးနေ့စဉ်ထုတ်ပေးပါ တယ်။ လူ့နှလုံးမှာ လျှပ်စစ်ခုန် နှုန်းစွမ်းအင်ပါရှိတာကြောင့် ခန္ဓာ ကိုယ်ကနေ ထုတ်လိုက်ပေမယ့် နှလုံးခုန်နိုင်စွမ်းရှိပါတယ်။

လူတွေရဲ့ မျက်စိဟာ ဒစ်ဂျစ်တယ်ကင်မရာတစ်ခုလို့ တင်စား ရမယ်ဆိုရင် ကင်မရာပစ်ဇယ် ၅၇၆ ရှိပါတယ်။ လူ့လက်ချောင်း တွေဟာ ၁၃ နာနိုမီတာလောက်ထိသေးငယ်တဲ့အရာတွေကို ထိတွေ့ အာရုံခံနိုင်စွမ်းရှိပါတယ်။ လက် ချောင်းတစ်ချောင်းကို ကမ္ဘာအနေနဲ့ မြင်မယ်ဆိုရင် အိမ်တွေ၊ ကား တွေကို ခွဲခြားသိမြင်အာရုံခံနိုင်သ လိုပါပဲ။

လူ့ခန္ဓာကိုယ်ထဲက သံဓာတ် တွေစုစုပေါင်းလိုက်ရင် သုံးလက်မ အရှည်သံတစ်ချောင်းလုပ်ဖို့ လုံ လောက်ပါတယ်။ မျက်တောင် တွေမှာဆိုရင် အလွန့်အလွန်ကို သေးငယ်လွန်းတဲ့ ခြကောင်လေး တွေ ရှင်သန်နေထိုင်ပါတယ်။

လက်ဗွေရာတွေတစ်ယောက်နဲ့ တစ်ယောက်မတူညီသလို လူ တစ်ယောက်ချင်းမှာ လျှာဗွေရာ တစ်ခုစီနဲ့ပါ။ ခြေတစ်လှမ်းလှမ်းဖို့ အတွက်ဆိုရင် ကြွက်သားပေါင်း ၂၀၀ ကျော်လောက်ကို သုံးစွဲပါ တယ်။ ချွေးဟာ အနံ့အသက်မရှိ ပေမယ့် အရေပြားမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပေါင်းမိတဲ့အခါ အနံ့ဆိုးထွက်စေတာပါ။

ပါးစပ်ကနေ စအိုဝအထိ အူ လမ်းကြောင်းဟာ ပေ ၃၀၀ အရှည်ရှိပါတယ်။ လူ့နှာခေါင်းဟာ အနံ့ ပေါင်း ၅၀,၀၀၀ လောက်ကို မှတ်မိနိုင်စွမ်းရှိပါတယ်။ မွေ့ရာအောက်က ဖုန်မှုန့်အများစုဟာ တကယ် တော့ အရေပြားဆဲလ်သေတွေပဲ ဖြစ်ပါတယ်။

လူ့ဦးနှောက်ဟာ အဏုမြူ အက်တမ်ပေါင်း ၇,၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀ နဲ့ ဖွဲ့စည်းထားတာပါ။  ကလေးငယ်လေးတွေမှာ လူကြီး တစ်ယောက်ထက် အရိုး ၆၀ ကျော်အပိုပါရှိပါတယ်။
ပါးစပ်ထဲမှာရှိနေတဲ့ ဘက် တီးရီးယားတွေဟာ တစ်ကမ္ဘာလုံး မှာရှိတဲ့ လူဦးရေထက်တောင် များပါသေးတယ်။ ကိုယ်တွင်းဆဲလ် တွေထဲက ဒီအင်န်အေကို ဆန့် ထုတ်လိုက်မယ်ဆိုရင် ကမ္ဘာကနေ ပလူတိုဂြိုဟ်၊ ပလူတိုကနေ ကမ္ဘာအထိကို ဆန့်ထုတ်နိုင်စွမ်းရှိပါ တယ်။

         Ref: healthmeup
http://www.7daydaily.com/story/45114

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...