စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတိုင်း ကွန်ဖူးတတ်တဲ့ရွာ



Ganxi Dong ဆိုတာ တရုတ်အလယ်ပိုင်းဒေသ Tianzhu တောင်ရဲ့
အနောက်က ရွာကလေးတစ်ရွာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ အလေ့အကျင့်တစ်ခုကြောင့် ဒီရွာဟာ တကမ္ဘာလုံးရဲ့အာရုံစိုက်ခြင်း
ကို ခံရပါတယ်။ ဒီအလေ့အကျင့်ကတော့ ရွာမှာရှိတဲ့သူတိုင်း ကွန်ဖူးကို
ကောင်းမွန်စွာ တတ်မြောက်နေတာပါပဲ။

Dong ဟာ တရုတ်က လူမျိုးစု ၅၆ စုထဲက တစ်ခုဖြစ်ပြီး သူတို့ ဟာ မာနကြီးသလို သူတို့ရဲ့နေရာမှာပဲ တစ်သီးတစ်ခြား နေထိုင်လေ့ ရှိကြပါတယ်။ သူတို့ရဲ့ရွာဟာ ထူထပ်တဲ့တောအုပ်ထဲမှာတည်ရှိပြီး အိမ်ပုံစံတွေကလည်း ရှေးရိုးရာအတိုင်းတည်ဆောက်ထားပါတယ်။ သူတို့ဟာ ဒီရှေးဟောင်း တရုတ်သိုင်းပညာတွေကို ထိန်းသိမ်းဖို့ ရွာ
မှာရှိတဲ့ လူတိုင်းဟာ အမြဲလေ့ကျင့်နေကြပါတယ်။ သူတို့ရဲ့ သိုင်းပ
ညာမှာ တုတ်ချောင်း၊ ခက်ရင်း နဲ့ လက်သီးတွေ တိုက်ခိုက်နည်းတွေ ပါဝင်ပါတယ်။

ဘာကြောင့်တရွာလုံး ကွန်ဖူးတတ်နေရတာလဲ..
ဒီမေးခွန်းကိုတော့ ဘယ်သူမှအတိအကျမဖြေနိုင်ကြပေမယ့် သူတို့ အမြဲပြောလေ့ရှိတဲ့ ဒဏ္ဍာရီ ဇာတ်လမ်းကတော့ သူတို့ဒီနေရာမှာ စတင်နေထိုင်ကြတုန်းက အနီးက တိရစ္ဆာန်တွေ လူတွေရဲ့ တိုက် ခိုက်နှောက်ယှက်ခြင်းကို ခံရပါတယ်။ ဒါကြောင့်ရဲရင့်သန်မာတဲ့ လူငယ်တစ်ယောက်ဦးဆောင်ပြီး အိမ်ထောင်စုတိုင်းက သင့်တော်
မယ့် လူတွေကိုရွေးချယ်ပြီး ကွန်ဖူးလေ့ကျင့်စေခဲ့ပါတယ်။ ဒီလူငယ်
ဟာ နဂါး၊ မြွေ၊ ကျား နဲ့ ကျားသစ်တို့ရဲ့ လှုပ်ရှားပုံကို အတုယူပြီး သိုင်းကွက်တွေကို ထွင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ကွန်ဖူးအစွမ်းနဲ့ အနှောက်အယှက်တွေရဲ့ရန်ကို တွန်းလှန်နိုင်ခဲ့ပါ
တယ် တဲ့။

ဒီရွာက မိသားစုတစ်စုစီဟာ သိုင်းတစ်မျိုးစီကို အဓိကထားပြီး
လေ့ကျင့်ကြပါတယ်။ အခုအချိန်မှာ ကွန်ဖူးပညာဟာ ရှားပါးလာပြီ ဖြစ်ပေမယ့် ဒီရွာမှာရှိတဲ့ အိမ်ထောင်စု ၁၂၃ စု ကတော့ ယခု ထက်တိုင် လေ့ကျင့်နေကြတုန်းပါ။ ယောကျာ်းတွေမြို့ကို အလုပ်သွား လုပ်ရင်တောင်မှ ကျန်ခဲ့တဲ့ အမျိုးသမီးတွေဟာ ကွန်ဖူးပညာကို အား စိုက်လေ့ကျင့်ရင်း ရိုးရာအမွေကို ထိန်းသိမ်းနေတုန်းပဲ ဖြစ်ပါတယ်။
 

 https://www.facebook.com/ayesaycommm/posts/447934238712020

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...