စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ၂၀ ဝန်းကျင်အရွယ်တွေ ဖြစ်လေ့ရှိတဲ့ အမှားများ


ဒါမျိုးက တစ်ယောက် တစ်လေ ပဲမှားလေ့ရှိတာမဟုတ်ပါဘူး။ အတော်များများ မှားလေ့ရှိပါတယ်။ ဒီအထဲမှာ သင်လည်းပါနေမလား ဖတ်ကြည့်ပါ။

၁။ ကျန်းမာရေးကို သိပ်အလေးမထားကြဘူး။ အသက်ကြီးမှ သိမဲ့ ဆိုးကျိုးပေါ့။
၂။ ငွေစုဖို့ လည်းမေ့နေကြတယ်။ တချို့ဆိုရင် ဒီအသက်အရွယ်ထိ ငွေတစ်ခါမှ မစုဖူးကြပါဘူး။
၃။ ပျော်ရွှင်မှုကို ငွေနဲ့တိုင်းတာကြတယ်။ ငွေဟာ ပျော်ရွှင်မှုပဲလို့ထင်ကြတယ်။
၎။ နည်းနည်းလေးခက်ခဲတာနဲ့ အရှုံးပေးလိုက်ကြတယ်။ ရည်းစားနဲ့ကတောက်ကဆ ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုခန့်မဲ့ အလုပ်ရှာ မတွေ့တာပဲ ဖြစ်ဖြစ် အရင်ဆုံး စိတ်ပျက်၊ စိတ်ဓာတ်ကျလာလေ့ရှိကြတယ်။
၅။ စိတ်မရှည်တတ်ကြဘူး။ ခဏလောက်တောင် မစောင့်ဘဲ အလောတကြီး လုပ်လိုက်တော့ အခြေအနေတွေက ပိုဆိုးလာတတ်တယ်။


၆။ ခင်မင်ရင်းနှီးမှုတွေ၊ ချစ်ခင်ကြင်နာမှုတွေ အားလုံး ဟာ တစ်သက်စာပဲလို့ ထင်ကြတယ်။ မထင်မှတ်ထားတာတွေ ဖြစ်လာတော့ စိတ်ဓာတ်ကျလာကြတော့တယ်။
၇။ ကိုယ်ဘာလုပ်မလဲ အရင်မတွေးပဲ သူများလုပ်ရင် လိုက်လုပ်လေ့ရှိကြတယ်။ ဥပမာ - သူငယ်ချင်းက LCCI ဆို ကိုယ်လည်း LCCI ဆိုတာမျိုး။
၈။ ရည်မှန်းချက် ပျောက်နေလေ့ရှိကြတယ်။
၉။ တခါတလေဆို ကိုယ်က လောကကြီးမှာ ကံအဆိုးဆုံး လို့လည်း တွေးကြလေ့ရှိတယ်။



https://www.facebook.com/ayesaycommm/photos/a.414172545421523.107374182

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...