စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူငယ်နဲ့ စာရိတ္တ


ဒီနေ့ခေတ်မှာ လူငယ်တွေ စာရိတ္တအလျင်အမြန်ပျက်ယွင်း ကြပါတယ်။ ဒီတော့မိဘတွေက လည်း စိတ်ပူတယ်။ ဂိမ်းဆော့ တယ်။ ဖေ့စ်ဘွတ်ခ်သုံးတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်စားထား တယ်။ အရက်၊ ဘီယာ၊ လောင်းကစား၊ ကွမ်းစားတာကအစ အဲဒါတွေအားလုံး စာရိတ္တနဲ့ဆိုင်တယ်။

အားလုံးအလွန်အကျွံ ဖြစ်နေတယ်ဆိုရင်ပေါ့။ ဂိမ်းဆော့လွန်ပြီး စိတ်တွေဖောက်ပြန်ပြောင်းလဲသွားတာ၊ ဖေ့စ်ဘွတ်ခ် သုံးရင်း အလိမ်အညာခံရ၊ အရှက်တကွဲဖြစ်ကြရတာမျိုးရှိတယ်။ ရည်းစားထားတာ မဆန်းဘူး။ ဒ ပေမဲ့တွဲတာ၊ ကဲတာ လွန်သွားရင်တော့ လူမှုရေးပြဿနာတွေ ရှိလာမှာပေါ့။ အဲဒီလိုပဲ အရက်၊ ဘီယာ၊ ဘောလုံး၊ လောင်းကစားတာမျိုးနဲ့ အချိန် ကုန်နေတဲ့ လူငယ်တွေ ရန်ကုန်မှာရော၊ နယ်မှာရော အများကြီးရှိတယ်။ ကွမ်းဆိုလည်း ခေတ်တွေသာ ပြောင်းသွားတယ် မြန်မာ နိုင်ငံမှာ ကွမ်းစားတဲ့နှုန်းက ပို တောင်များလာတယ်ဆိုပဲ။

ဒီနိုင်ငံမှာ အတော်များများဟာ အဆင့်အတန်းရှိရှိ ဖြစ်ပျက်ပြောင်းလဲနေတာမျိုး မဟုတ်ဘူး။ ဆိုလိုတာ ဂိမ်းတို့၊ ဖေ့စ်ဘွတ်ခ်သုံးတာတို့ဆိုလည်း အကြမ်းဖက်တာတွေ၊ အတင်းအဖျင်းတွေများတယ်။ ဒီတော့ သုံးတဲ့လူတွေအထူးသဖြင့် လူငယ်တွေရဲ့ စိတ်တွေဟာ ကြမ်းတမ်းလာတယ်။ စိတ်ဓာတ်တွေ အပေါစား ဆန်လာတယ်။ သတိရှိတဲ့သူက ခွာတယ်။ အလွန်အကျွံမသုံးမိ အောင် ထိန်းတယ်။ သို့သော် ငယ်ရွယ်စဉ်မှာ သတိရှိဖို့ဆိုတာ ခဲယဉ်းတယ်။ ဆိုရရင် ဒီကဂိမ်းတို့၊ဖေ့စ်ဘွတ်ခ်တို့ဆိုတာ အဆင့်သိပ်မရှိဘူး။

အဲဒီလိုပဲ မိန်းကလေးအ တော်များများဝတ်စားဆင်ယင် တာ သိပ်အချိုးမပြေဘူး။ သူတို့ ကိုယ်သူတို့ တန်ဖိုးမထားတတ် ဘူး။ ယောက်ျားဆိုတာ ရရင် ကြည့်မှာပဲ။ ကျွေးရင်စားမှာပဲ။ ပေးရင် ယူမှာပဲ။ ယေဘုယျအခြေ အနေကို ပြောတာပါ။ ဒီတော့ ဖော်ချွတ်ပြတဲ့ ဖေ့စ်ဘွတ်ခ်မိန်း ကလေးဆို ကွန်မန့်အများကြီးရ မှာပေါ့။ အပြင်မှာလည်း ၀တ်ချင် သလို ၀တ်ကြတယ်။ ဘယ်သူက လေးစားမလဲ။ ယောက်ျားဆိုတာ ဒါမျိုးကို တပ်မက်လည်း ခဏပဲ။ သူတို့ တကယ်ဘ၀အတွက် စဉ်း စားရင် ဣနြေ္ဒသိက္ခာရှိတဲ့ မိန်းက လေးပဲ လိုချင်တာပေါ့။ ဒီမှာက အားလုံးရောနေတယ်။ ဆိုလိုတာ ခေတ်မီတာနဲ့ အပေါစားဆန်တာ မျိုး ရောနေတတ်တယ်။ သူများ ၀တ်လို့ တင့်တယ်ပေမယ့် ကိုယ်နဲ့လိုက်ဖက်ချင်မှ လိုက်ဖက်မှာပေါ့။အနောက်နိုင်ငံတွေမှာ ဖော်ချွတ် တယ်ဆိုတာ ဖော်ချွတ်သင့်တဲ့ နေရာမှာ ဖော်တယ်၊ ချွတ်တယ်။ ဆိုလိုတာ ကမ်းခြေမှာ နေပူစာလှုံတာ၊ ရုပ်ရှင်ရိုက်ကွင်းမှာ လိုအပ် ရင် သဘာဝအတိုင်း နေတယ်။ လူရှေ့ သူရှေ့မှာဆို များသော အားဖြင့် လုံလုံခြုံခြုံပဲနေကြ၊ ၀တ် ကြတယ်။

မြန်မာနိုင်ငံမှာ အလုပ်လုပ် နေတဲ့ အနောက်က နိုင်ငံခြားသူ တွေဆို ၀တ်စားဆင်ယင်တာ သတိထားတယ်။ ရင်သားဟိုက် တာကအစ မ၀တ်ကြဘူး။ ပါတီပွဲ မျိုးက လွဲရင်ပေါ့။ ကိုယ့်နိုင်ငံ မဟုတ်တော့ အကြမ်းဖက်ခံရမှာ စိုးတာလည်း ပါတာပေါ့လေ။ သို့ သော်သူတို့နိုင်ငံမှာလည်း လူရှေ့ သူရှေ့ဝတ်စားဆင်ယင်တာ စည်း စနစ်ရှိပါတယ်။ အာရှနိုင်ငံသူ အများစုကတော့ တိုရင်လည်း သူ များထက်တိုတယ်။ ဆက်စီဖြစ် ရင်လည်း သူများထက်ပိုတယ်။ ဒါပေမဲ့ဂျပန်တို့၊ ကိုရီးယားတို့၊ ထိုင်းတို့ဆိုတာ သူတို့ယဉ်ကျေးမှု နဲ့က အဆင်ပြေတယ်လေ။ သူတို့ ၀န်းကျင်ကလည်း လန်းတာများ တယ်။ ဘတ်စ်ကားစီးလည်း လူ မကျပ်ဘူး။ သန့်ရှင်းတယ်။ အဆင့်ရှိတယ်ဗျာ။ ဒီမှာက မိန်းကလေး တွေ အချို့က အိုဗာဖြစ်နေသလို ပဲ။

ဒီလိုပဲ။ လူငယ်အတော်များ များ အရက်ဆိုင်၊ ဘီယာဆိုင်မှာ ထိုင်တယ်။ အတော်များများပိုက် ဆံမရှိကြဘူး။ ဒီတော့ သူတို့ သောက်တဲ့ အရက်ဆိုတာလည်း အရည်အသွေးအဆင့်မမီတာများ တယ်။ ဒီတော့ဘာဖြစ်လဲ။ ငယ် ငယ်ရွယ်ရွယ်နဲ့ ရောဂါရတာပေါ့ ဗျာ။ အသက်တိုတာပေါ့။ တိုင်း ပြည်လူ့စွမ်းအားအရင်းအမြစ် ထိခိုက်တာပေါ့။ အဆင့်ရှိတဲ့ အရက်၊ ဘီယာကျတော့လည်း ဈေးကြီးတော့ လူအများစုက လက်လှမ်းမမီကြဘူးလေ။ ကွမ်း ဆိုလည်း ရေးပြဖို့တောင် မလိုပါ ဘူးနော်။ လူလည်း ညစ်ပတ် တယ်။ ခံတွင်းလည်း ညစ်ပတ် တယ်။ ပတ်ဝန်းကျင်လည်း ညစ် ပတ်တယ်။ ဒါပေမဲ့ စားနေကြ တာပါပဲဗျာ။

ဒီဆောင်းပါးမှာ အဓိကရေး ချင်တာ စာရိတ္တပိုင်းဆိုင်ရာဗျာ။ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ ဆို ချင်တာ မဟုတ်ဘူး။ ဒါက တစ် ဦးချင်းလွတ်လပ်ပိုင်ခွင့်။ သို့ပေမဲ့ ကိုယ့်ဘ၀ရှေ့လျှောက်တိုးတက် ချင်တယ်ဆိုရင် ဘာလုပ်လုပ် အဆင့်ရှိဖို့လိုတယ်။ လူငယ်တစ် ယောက်မှာ သူ့ဘ၀မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ ပြောလို့မရ ဘူး။ ဒီတော့အရာရာအတွက် ပြင်ဆင်ထားဖို့လိုတယ်။ ရည်မှန်းချက်ရှိတယ်ဆိုရင်ပေါ့။ အဲဒီအတွက် ငယ်ရွယ်စဉ်မှာ ပေးဆပ်သင့်တာ ပေးဆပ်ရမယ်။ ဆိုလိုတာ ဂိမ်း ဆော့တာလျှော့မယ်၊ ဖေ့စ်ဘွတ်ခ်သုံးတာလျှော့မယ်။ အရက်၊ ဆေး လိပ်၊ ကွမ်းစားတာ ဆင်ခြင်မယ်။ အပျော်အပါးတွေပေါ့ဗျာ။ မလုပ် နဲ့ မပြောဘူး။ တဖြည်းဖြည်းလျှော့ ပေါ့ဗျာ။ တစ်ဖက်မှာ စာပိုဖတ် မယ်၊ ဗဟုသုတပိုလေ့လာမယ်။ ဘာသာစကား ကောင်းအောင် လုပ်မယ်။ တစ်ချိန်လုံး ဖတ်ပါ၊ မှတ်ပါ မပြောဘူး။ နည်းနည်းတိုး လုပ်ပေါ့ဗျာ။

အထူးသဖြင့် လူငယ်တွေက ဒီနေ့ခေတ်မှာ လမ်းကြောင်းလွဲ တာမြန်တယ်။ ဆိုလိုတာ စာဖတ် အားနည်းကြတယ်။ ၀န်းကျင်ရဲ့ လှုံ့ဆော်မှုနောက်လိုက်ကြတာ များတယ်။ ဒီတော့ ဗဟုသုတ အတွေ့အကြုံနည်းတယ်။ ဒီနေ့ ခေတ်က ပညာခေတ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဖြည့်ဆည်းတည် ဆောက်ဖို့က အရေးကြီးတယ်။ နိုင်ငံရေးစိတ်မ၀င်စားနဲ့လို့ မဆို လိုဘူး။ မတရားမှုကို ဥပေက္ခာပြု လို့မဆိုလိုဘူး။ သို့သော်လုပ် နည်း၊ ကိုင်နည်း၊ အခြေအနေ အချိန်အခါဆိုတာကိုတော့ ထည့် တွက်ရလိမ့်မယ်။ တချို့လူငယ် တွေ ထစ်ခနဲဆို လမ်းပေါ်ထွက် တယ်။ ဆန္ဒပြတောင်းဆိုတယ်။ မတရားမှုကို အာခံဆန့်ကျင်တတ် တဲ့ ညီလေးတို့၊ ညီမလေးတို့ စိတ်ဓာတ်ကိုတော့ ချီးကျူးပါ တယ်။

ဒီနေ့ကာလ မြန်မာနိုင်ငံ အရေးအပြောင်းအလဲက အပေါ် ကလာတာ။ အောက်ကလာတာ မဟုတ်ဘူး။ သူတို့အင်အားကြီးလို့ ပြောင်းလဲလိုက်တာ။ သူတို့အင် အားသေးလို့ ပြောင်းလဲလိုက်တာ မဟုတ်ဘူး။ နိုင်ငံရေးမှာ သမိုင်း ဆိုတာ တစ်ပတ်ပြန်လည်တတ် တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မဟုတ်သေးဘူး။ အချိန်ကာလ တစ်ခုကိုတော့ဖြင့် စောင့်ကြရ လိမ့်မယ်။ ဘယ်အချိန်လည်း တော့ ဘယ်သူမှ မသိဘူး။ သို့ သော် အချိန်အခါကျတဲ့အခါ အဆင့်ရှိရှိ လှုပ်ရှားလှုပ်ကိုင်နိုင်ဖို့ ပညာဆိုတာလိုတယ်။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာ လိုအပ်နေတာ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ လူငယ်နိုင်ငံရေး သမားတွေဖြစ်တယ်။ တစ်ဖက်ကသူတို့ရဲ့ အတွေးအခေါ်၊ ပညာ ဉာဏ်၊ လုပ်ရည်ကိုင်ရည်၊ ရဲစွမ်း သတ္တိကြောင့် လေးစားကြောက် ရွံ့ရမယ့်သူမျိုးဖြစ်တယ်။ အဲဒီ အရည်အသွေးတွေက တစ်ခုနဲ့ တစ်ခုဆက်စပ်နေတယ်။ ကွမ်း စားပြီး သွားနီနီနဲ့ ပြည်သူ့နီတိတွေ မပြောနဲ့။ မျက်စိနီကြောင် ကြောင်၊ သွားနီကြောင်ကြောင်၊ စိတ်နီကြောင်ကြောင်နဲ့ မတန်တ ဆစကားတွေ မပြောနဲ့။ သူများကို မဝေဖန်ခင် ကိုယ့်ကိုယ်ကိုယ်အရင်သုံးသပ်ဝေဖန်။ မဟုတ်ရင် ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ကိုတင်မဟုတ်ဘူး။ ကိုယ်ကိုယ်စား ပြုတဲ့ နိုင်ငံရေးပါတီကိုပါ အမြင် မကြည်လင်ဖြစ်မယ်။

ဒီမှာ ရေးချင်တာ ကွမ်းစား၊ အရက်သောက်၊ အလုပ်အကိုင် မရှိလို့ဆိုပြီး တက်ကြွလှုပ်ရှားသူ တွေ၊ နိုင်ငံရေးသမားတွေကို ဝေ ဖန်နေတာ မဟုတ်ဘူးနော်။ တစ် ခါတလေစားတာ၊ သောက်တာ ဒါတွေက မပြောလိုဘူး။ တချို့က ပါးစပ်နဲ့ ကွမ်းမပြတ်ဘူး။ ညနေ ဆိုလည်း အရက်ဆိုင်မှာ ပုံမှန်ရှိ တတ်တယ်။ ပြီးရင် သူတို့က လူ ငယ်ခေါင်းဆောင်လိုလို၊ ဘာလို လိုနဲ့။ သူတို့အဆင့်၊ သူတို့ရပ်ကွက်ထဲမှာတော့ လူရာဝင်ချင် ၀င် မယ်။ နေရာရချင်ရမယ်။ ပညာ တတ်အသိုင်းအ၀ိုင်းမှာတော့ သူ တို့ကို အသိအမှတ်ပြုမှာ မဟုတ် ဘူး။ နိုင်ငံရေးဆိုတာ လူတန်းစား ပေါင်းစုံနဲ့ ဆက်ဆံရတာမျိုးလေ။

ဒါကြောင့် နိုင်ငံရေးသမား ဆိုတာ လူတန်းစားပေါင်းစုံက အသိအမှတ်ပြု လက်ခံနိုင်ဖို့ အ ရေးကြီးတယ်။ အထူးသဖြင့် လူ ငယ်နိုင်ငံရေးသမားတွေဆိုတာ အနာဂတ်ရှိတယ်။ ဒါကြောင့်သူ တို့ဟာ အကျင့်စာရိတ္တကောင်း မွန်ဖို့၊ လူရည်လူသွေးပြည့်ဝဖို့ဆို တာ အရေးကြီးတယ်။ အဲဒီအ တွက် အမြဲမပြတ်လေ့လာနေ မယ်။ ဒီလိုဆိုရင် ပညာအရည်အ ချင်းမကောင်းတောင်မှ စာရိတ္တ ကောင်းတယ်။ ဗဟုသုတပြည့်စုံ တယ်။ အများအကျိုးသယ်ပိုး တယ်၊ သမိုင်းရှိတယ်။ သမိုင်း ကောင်းတယ်ဆိုရင် လူတွေက သူတို့ကို အသိအမှတ်ပြုကြလိမ့် မယ်။

အချုပ်ဆိုရရင် လူငယ်ဆိုတာ ဘာလုပ်လုပ်အနာဂတ်ရှိ တယ်။ အဲဒီအနာဂတ်ဟာ သူ့ရဲ့စာရိတ္တနဲ့လည်း ဆက်စပ်နေ တယ်။ စာရိတ္တဆိုတာ နေထိုင်၊ပြုမူ၊ ကျင့်ကြံ၊ တွေးခေါ်ပုံကိုပြောတာဖြစ်တယ်။ နေထိုင်၊ ပြုမူ၊ ကျင့်ကြံ၊ တွေးခေါ်ပုံမှန်တဲ့သူဟာ သမိုင်းကြောင်းကောင်းမယ်။ သမိုင်းကြောင်းကောင်းရင် သူ့ရဲ့ အနာ ဂတ်လည်း ကောင်းမယ်။ ဒါ ကြောင့် အားလုံးရဲ့ အနာဂတ် တွေ ကောင်းကြစေဖို့ ဒီနေ့ကစလို့ ပြုပြင်ပြောင်းလဲတွေးခေါ်ပြီး မိမိ ကိုယ်ကိုယ်ဖြည့်ဆည်းတည် ဆောက်ကြပါလို့ ဒီဆောင်းပါးက တစ်ဆင့်နှိုးဆော်ပါရစေ။

အောင်အောင်(IR)

http://www.searchmyanmar.com/link/comment/cid/47348

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...