
ဘဲလေးအက ကသူများဟာ သာမန် လူများထပ် ပိုလို့ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ ဓာတ်ပုံဆရာ David Perkins အနေနဲ့ သာမန် ဓာတ်ပုံများ ရိုက်နေတာထက် ဘဲလေးအက ပညာရှင်များ၊ သင်ကြားပေးနေတဲ့ ဆရာဆရာမများ၊ ဝါသနာရှင်များကို စုစည်းလို့ သူတို့ရဲ့ ဓာတ်ပုံများကို ရိုက်ကူးခဲ့ပါတယ်။
ယင်းရိုက်ကူးမှုအတွက်လည်း လူများက တမင်တကာ ကြိုးစားဖန်တီးမှု မဟုတ်ပါဘူး။ သူတို့ရဲ့ နေ့စဉ်ဘဝမှာလည်း ကိုယ်ခန္ဓာ ပျော့ပြောင်းနေအောင် တမင် ကြိုးစား လုပ်ယူနေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ နေထိုင်မှုဟာ သာမန်လူနဲ့ မတူပဲ ထူးခြားနေတတ်ပါတယ်။
ဥပမာ ထမင်းချက်ရင်တောင် ခြေထောက်တစ်ချောင်း၊ ခြေဖျားထောက်လို့လည်း ချက်နေတတ်ပါတယ်။ စာရေးရင်လည်း ခြေထောက်ကို ကွေးလိုက်၊ ဆန့်လိုက်တဲ့ အလုပ်ရှုပ်ပါတယ်။
အလေ့အကျင့်တစ်ခုဆိုတာ လွယ်တကူမဟုတ်ပဲ ယခုလို နေ့စဉ်ဘဝမှာ ကျင့်ယူလာရခြင်း ဖြစ်ကြောင်းကို ဓာတ်ပုံဆရာ David က ဖော်ဆောင်ပြသခြင်း ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/928119810564605











https://www.facebook.com/yoyarlaydotcom/posts/928119810564605
No comments:
Post a Comment