
ဗြိတိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ် စီးပွားရေး တက္ကသိုလ် ကျောင်းသား William Jewell ဟာ ဗြိတိန်ရဲ့ အရပ် အရှည်ဆုံး လူငယ်လို့ ဆိုနိုင်ပါတယ်။ ဗြိတိန်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် အရပ် အရှည်ဆုံးက ၇ပေနဲ့ ၉လက်မ ရှိခဲ့တာကြောင့် William ရဲ့ အရပ်ဟာလည်း သူနိုင်ငံထဲမှာ ထိပ်တန်း ဝင်တဲ့ အရပ် ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ တစ်လလောက်မှာ ကျောင်း အတူတူ တက်ပြီး သူ့ထပ် ၂နှစ်ငယ်တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးနဲ့ ချစ်ကြိုက် ပါတယ်။ William အရပ်ရှည်ရတဲ့ အကြောင်းအရင်း အနေနဲ့ ငယ်စဉ်ကတည်းက နွားနို့ကို အလွန်သောက်လို့ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့မျိုးရိုးထဲမှာလည်း ထူးထူးခြားခြားကြီး အရပ်ရှည်သူများ မပါပါဘူး။ အဖေကတော့ ၆ပေ ၃လက်မ ရှိပြီး မိခင်နဲ့ အစ်မတို့က ၅ပေ ၁၀ လက်မ ရှိပါတယ်။ လက်ရှိ သူ့ရဲ့ ကောင်မလေး ကတော့ ၅ပေ ၉လက်မ ရှိပါတယ်။
William အနေနဲ့ အပြင်သွားရင် ဝိုင်းကြည့်ကြပြီး ဓာတ်ပုံ တွဲရိုက်ဖို့လည်း အမြဲ ကမ်းလှမ်းခံရသတဲ့။ အသက် ၁၃ နှစ်အရွယ်မှာကတည်းက ၆ပေကျော်တဲ့ အရပ်ကို ရရှိပြီး သူ့ သူငယ်ချင်းတွေထပ် ပျမ်းမျှအားဖြင့် ၈လက်မလောက် ပိုရှည်နေသူ ဖြစ်ပါတယ်။ ဗြိတိန်မှာ သာမန် အမျိုးသမီး တစ်ဦးရဲ့ အရပ်က ၅ပေ ၄လက်မ ဖြစ်ပါတယ်။ လက်ရှိ သူ့ရည်းစားရဲ့ အရပ်က ၅ပေ ၉လက်မ ဆိုတော့ အရပ်ရှည်တဲ့ အထဲမှာ ပါဝင်ပေမယ့် သူနဲ့ယှဉ်ရင် ၁ပေနဲ့ ၄လက်မလောက် ပိုနေ ပါသေးတယ်။
သူ့အတွက် အဝတ်အစား၊ ဖိနပ်များကအစ ဝယ်ဝတ်စရာမရှိပဲ ဆိုင်ကို အော်ဒါမှာ ချုပ်စေပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/926616100714976








https://www.facebook.com/yoyarlaydotcom/posts/926616100714976
No comments:
Post a Comment