စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ည အအိပ်နည်းသူများ နေ့ဘက် ပုံမှန်အတိုင်း ဖြစ်ရန်



ညဘက် အကြောင်း အမျိုးမျိုးကြောင့် အိပ်ရာဝင် နောက်ကျသူများ အနေနဲ့ နောက်နေ့ မနက် အလုပ်သွားတဲ့အခါ ပင်ပန်းတာမျိုး၊ ခေါင်းကိုက်၊ ခေါင်းမူးတာမျိုးတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ မဖြစ်အောင် အကောင်းဆုံးကတော့ အိပ်ရေးဝဝ အိပ်ဖို့ပါ။ မတတ်နိုင်လို့ အိပ်တာ နည်းသွားပြီ ဆိုရင်တော့ မတတ်နိုင်ပါဘူး။ အဲ့ကျရင်တော့ နောက်နေ့မှာ ပုံမှန်အတိုင်း ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားယူတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ညဘက် အိပ်ရာဝင် နောက်ကျလို့ ဆိုပြီးတော့ နေ့ဘက်မှာ တရေးလောက် အိပ်မယ်ဆိုပြီးတော့ မလုပ်မိပါစေနဲ့လို့ အကြံပေးထားပါတယ်။
၂။ မနက်စာကို အိပ်ရာထပြီး တစ်နာရီအတွင်း စားရပါမယ်။
၃။ သကြားဓာတ်များတဲ့ အစားအစာကို ရှောင်ပြီး ပရိုတိန်းဓာတ် ကြွယ်တဲ့ အသား၊ ငါး၊ ပဲ၊ ဒိန်ချဉ်ုတို့ကဲ့သို့ အစားအစာကို စားရပါမယ်။
၎။ အပြင်ထွက်တဲ့အခါ နေကာ မျက်မှန် မတပ်ပါနဲ့။
၅။ မနက်အိပ်ရာ ထချိန်မှာ ကော်ဖီ တစ်ခွက်သောက်ပြီး အလုပ်သွားခါနီးမှာ နောက်တစ်ခွက် သောက်ပါ။
၆။ ကော်ဖီကို ညနေ ၃ နာရီ နောက်ပိုင်းမှ လုံးဝ မသောက်ပါနဲ့။
၇။ ကြီးကြီးမားမား ခေါင်းစားရမယ့် အရေးကြီး အလုပ်တွေဆိုရင် မနက်မှာ ကတည်းက ပြီးအောင် လုပ်ပါ။ မွန်းလွဲ ညနေ ၃ နာရီ နောက်ပိုင်းလောက် ရောက်တဲ့အခါ ပုံမှန် လုပ်စရာ တွေပဲ လုပ်ပါ။ ဥပမာ အီးမေးလ် စစ်ခြင်း တို့လိုမျိုး ဖြစ်ပါတယ်။ ခေါင်းသိပ်မစား၊ သိပ်အရေးမကြီးတဲ့ ဟာမျိုးတို့ ဖြစ်ပါတယ်။

အထပ်ပါ နည်းလမ်းကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေဆိုက် ဆေးဝါးနဲ့ ကျန်းမာရေး အဖွဲ့တစ်ခုက သုတေသန ပြုလုပ်ပေးထားတဲ့ အကောင်းဆုံးနဲ့ ကျန်းမာရေးနဲ့ အလျော်ညီဆုံး နည်းလမ်းဖြစ်ကြောင်း ဆိုပါတယ်။

ကျနော် အကြံပေးချင်တာကတော့ အိပ်ရေး တစ်ည ပျက်ထားပြီးရင် နောက်ညမှာ အတတ်နိုင်ဆုံး စောစော အိပ်စေဖို့ ဖြစ်ပါတယ်။ အိပ်ရေး တစ်ည ပျက်ထားပြီး နောက်ထပ် ညတွေ ညတွေမှာ ထပ်ပျက်ရင် ညဘက် အိပ်မပျော်တဲ့ ဝေဒနာပါ ဆက်လက် ခံစားရမှာ ဖြစ်ပြီး လူပါ ပိန်ကျသွားနိုင်တယ်ဆိုတာ ကိုယ်တွေ့ ခံစားဖူးလို့ မျှဝေပေးလိုက် ရပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...