စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်မသိသေးတဲ့ လိမ်ညာတတ်တဲ့သူတွေ အကြောင်း




တစ်ခါလိမ်တတ်တဲ့သူဟာ နောက်တစ်ကြိမ်လိမ်ညာဖို့ ၀န်မလေးကြဘူးဆိုတာ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါကတော့ ပျမ်းမျှအားဖြင့်ပေါ့လေ။ ကိုယ့်ချစ်သူကို တစ်ခါမက အကြိမ်ကြိမ်လိမ်ညာဖူးတဲ့သူကတော့ နောက်ထပ် အကြိမ်ပေါင်းများစွာလည်း လိမ်ညာနေဦးမယ်ဆိုတာ သံသယရှိစရာတောင် မလိုပါဘူး။ ဒါတွေထားပါ။ ခုပြောပြပေးမှာက စစ်တမ်းကောက်ထားတဲ့ အချက်တွေနဲ့ နောက် စိတ်ကျန်းမာရေး ဆိုင်ရာ ဘာသာရပ်တွေ လေ့လာလိုက်စားသူတွေဆီက ထွက်ရှိထားတဲ့ အဖြေတွေကို ပေါင်းစပ်ပြီး ထွက်လာတဲ့အဖြေတွေကို ဖော်ပြပေးလိုက်ခြင်းပါ။ တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး။

၁။လိမ်ညာတတ်သူတွေဟာ များသောအားဖြင့် ရော့ခ်သီချင်းကြိုက်တဲ့သူတွေပါတဲ့။

ဒါဆို ရော့ခ်ကာတွေကပဲ လိမ်တတ်တာလား၊ ရက်ပ်သီချင်းတွေ နားထောင်တဲ့သူတွေကရော မလိမ်တတ်ဘူးလားဆိုပြီး မေးခွန်းထုတ်စရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ စစ်တမ်း ကောက်ထားတဲ့အချက်မှာ အခိုင်လုံဆုံးဖြစ်နတာမို့ ဖော်ပြပေးရခြင်းပါ။ လိမ်ညာတတ်သူတွေ အယောက် ၁၀၀မှာ ၄၁ယောက်က ရော့ခ်သီချင်းကြိုက်သူတွေ ဖြစ်ပြီး အဲ့ဒီအထဲက ၁၆ယောက်က ပေါ့ပ်သီချင်းနှစ်ခြိုက်သူတွေပါတဲ့။ ဒါ့အပြင် လိမ်ညာသူတွေထဲက ၁၁ယောက်ဟာ ကန်းထရီးသီချင်းတွေ ကြိုက်နှစ်သက်ကြပြီး ဂန္တ၀င်သီချင်းနားထောင်သူတွေက ၇ယောက်နဲ့ ဟစ်ဟော့သီချင်းကြိုက်သူတွေကတော့ ၂ယောက်လောက်သာ ဖြစ်နေတတ်ပါတယ်တဲ့။

၂။လိမ်ညာတတ်သူတွေဟာ သူတို့အချစ်ရေးမှာ ပျော်ပျော်ရွှင်ရွှင် ရှိနေတတ်ကြပါတယ်။

လိမ်ညာတတ်တဲ့သူတွေဟာ သူတို့အချစ်ရေးမှာ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းကြလေ့ရှိပါတယ်။ ပြသနာစရှာတာမျိုးတွေ မလုပ်တတ်သလို သူတို့လိမ်ညာတာကို တစ်ဖက်လူက ပြသနာမရှာမချင်း ပြတ်ဖို့ဆိုတာ ဘယ်တော့မှ ပြောလေ့မရှိကြပါဘူး။

၃။ယောင်္ကျားတွေဟာ သူတို့အိမ်ထောင်ရေး ပိုလှုပ်ခတ်လာစေဖို့ လိမ်ညာကြလေ့ရှိတယ်။

ဒီအချက်က ဟာသအဖြစ်ဆုံးလို့ ဆိုရမလား။ ယောင်္ကျားတွေဟာ သူတို့အိမ်ထောင်ရေး အေးစက်လာတယ်လို့ ခံစားရတဲ့အခါ ကိုယ့်အိမ်သူကို လိမ်ညာတတ်လာကြပါတယ်တဲ့။ လိမ်ညာလို့ ကိုယ့်အိမ်သူက သိသွားတဲ့အခါမှာလည်း ပြသနာကြီးကြီးမားမား မဖြစ်နိုင်ဘူး။ အားလုံးပြန်အဆင်ပြေသွားမယ်လို့ ယုံကြည်တတ်ကြပါတယ်။

၎။လိမ်ညာတတ်သူတွေဟာ ကိုယ်အသိတွေကိုပဲ လိမ်ညာတတ်လေ့ရှိပါတယ်။

သူခိုးတွေကိုပဲ ကြည့်။ သူတို့ခိုးတော့မယ်ဆို သူတို့ပတ်ဝန်းကျင်၊ သွားလာနေကျ နေရာတွေ စတာတွေမှာပဲ ပြန်လည်ခိုးတာမျိုးတွေ ရှိတတ်တယ်။ လိမ်ညာတတ်တဲ့သူတွေကျရင်လည်း ဒီလိုပါပဲ။ သူစိမ်းထက်စာရင် ကိုယ့်အသိ၊ သူငယ်ချင်း၊ မိတ်ဆွေ စတဲ့သူတွေကိုသာ ပိုလိမ်ညာတတ်လေ့ရှိပါတယ်။

၅။လိမ်ညာတတ်သူတွေဟာ သူတို့လိမ်ညာတယ်ဆိုတာကို ဖော်ထုတ်ခံလိုစိတ်လည်း ရှိကြပါတယ်။

လိမ်တဲ့သူတွေဟာ သူတို့လိမ်ညာသမျှ ဆက်တိုက်ခံနေရသူတွေအပေါ် တစ်ခါတစ်ရံ ငါတို့လိမ်နေတာ သိလိုက်ပါတော့လား ဆိုတဲ့ အတွေးမျိုးတွေရှိနေတတ်ပါတယ်တဲ့။ အဲ့ဒီလို လိမ်ညာတာကို သိသွားတဲ့အခါ သူတို့လိမ်ညာတာလည်း ရပ်လိုက်နိုင်မယ်ဆိုတဲ့ အတွေးမျိုးရှိနေတတ်ကြပါတယ်။

Ref:yourtango

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...